
ဒီနေ့ညအတွက်တော့ ကိုပါအီတာလီယာဖလားပွဲစဉ်ထဲက ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ လာဇီယိုနဲ့ နာပိုလီပွဲစဉ် အတွက် ပွဲကြိုသုံးသပ်ချက်လေးကို တင်ပြပေးပါမယ်။ ဒီနေရာမှာ ထူးခြားချက်အနေနဲ့ နိုင်ငံတကာစတော့ စျေးကွက်ကစားသလိုမျိုး ဒီပွဲအတွက် စတော့စျေးကွက်မှာ ဖွင့်လှစ်ထားတဲ့စျေးအနေအထားကိုပါ တစ်ပါးတည်း ထည့်သွင်းပြီး ဘယ်အကွက်ကို ကစားရင် ပျော်ရွှင်ရမလဲဆိုတာကိုပါ လေ့လာသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။ လာဇီယို vs နာပိုလီ ပြိုင်ပွဲ - ကိုပါအီတာလီယာဖလား ကစားမည့်ရက် - ၅/၁၂/၂၀၂၄ ကစားမည့်အချိန် - ၂နာရီ၃၀မိနစ် (ဒေသစံတော်ချိန်) ကစားမည့်ကွင်း - စတေဒီယို အိုလံပီကို (ရောမ) ဒါဘီပွဲစဉ်လည်းဖြစ်ပြီး ၁၆သင်းရှုံးထွက်အဆင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပြိုင်ပွဲရဖလားကိုစုပေါင်း ၁၃လုံးစီယူ ထားတဲ့နှစ်သင်းတွေ့ဆုံတဲ့ပွဲ၊ နှစ်သင်းစလုံးက စီးရီးအေရဲ့ထိပ်သီးအသင်းတွေ။ နာပိုလီကတော့ လက်ရှိအမှတ် ပေးဇယားကို ဦးဆောင်ထားတဲ့အသင်းပါ။ ဒီဖလားပြိုင်ပွဲရဲ့ကနဦးကစားခဲ့ရတဲ့အဆင့်သုံးဆင့်ကို လာဇီယိုက မဖြတ်ကျော်ခဲ့ရဘဲ အခုဒီအဆင့်မှာ စတင်က စားရတာဖြစ်ပါတယ်။လိဂ်ငါးပွဲဆက်တိုက်နိုင်ပြီးတဲ့နောက် လာဇီယိုဟာ ပါးမားကို ၃-၁နဲ့ မထင်မှတ်ဘဲရှုံးခဲ့တယ်။ အဲဒီပွဲမှာ ပွဲချိန်အများစုကို လာဇီယိုက အသာစီးယူထားပြီး ပွဲအရှိန်ကို တင်ကစားနိုင်ခဲ့ပေမယ့် ပြိုင်ဘက်အသင်း ဧရိယာထဲ အဆုံးသတ်ဂိုးသွင်းမှုပိုင်းတွေ အားနည်းခဲ့တယ်။ နောက်ဆုံးတော့ လာဇီယိုတို့ ဒီရာသီရဲ့လေးပွဲမြောက် အရှုံးကို လက်ခံလိုက်ရပြီး အမှတ်ပေးဇယားမှာ အဆင့်ငါးကျသွားပါတယ်။ တစ်ဖက်မှာ နာပိုလီအသင်းကတော့ ဒီရာသီကို ဆက်လက်လွှမ်းမိုးထားဆဲပါ။ သိပ်မကြာသေးခင်က သူတို့ရဲ့ဓား စာခံအသင်းက တိုရီနိုဖြစ်ခဲ့ပြီး ၁-၀နဲ့ နိုင်ခဲ့တယ်။ ဒီပွဲနိုင်လိုက်လို့ နာပိုလီဟာ စီးရီးအေရဲ့ထိပ်ဆုံးကို ရောက်သွား ခဲ့တယ်။ လာဇီယိုနဲ့ မတူတာက နာပိုလီဟာ ဒီပွဲမတိုင်ခင် ပြိုင်ပွဲရဲ့အဆင့်နှစ်ဆင့်ကို ဖြတ်ကျော်ခဲ့ရတာပါပဲ။ စစ ချင်းတော့ ရုန်းကန်ခဲ့ရပေမယ့် နောက်ဆုံးမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ စီးရီးဘီကလပ် မိုဒီနာကို အနိုင်ယူခဲ့ပြီး နောက်ဆုံးအဆင့်မှာတော့ အိမ်ကွင်းမှာပဲ ပါးမားကို ၅-၀နဲ့ နာပိုလီတို့ ဖြတ်ကျော်နိုင်ခဲ့တာပါ။ လာဇီယို vs နာပိုလီ ရွေးချယ်မှု - ဂိုးအောက် ဒီရာသီမှာ နှစ်သင်းစလုံးခံစစ်က ထိပ်တန်းအဆင့်ပါပဲ။ နာပိုလီခံစစ်က ပိုမာပါတယ်။ ရာသီတစ်လျှောက်ကစားခဲ့ တဲ့ ၁၆ပွဲမှာ ၉ဂိုးပဲပေးထားရတဲ့ခံစစ်ပါ။ နောက်ဆုံးကစားခဲ့တဲ့သုံးပွဲမှာလည်း စီးရီးအေချန်ပီယံအင်တာအသင်းသာ နာပိုလီကို တစ်ဂိုးသွင်းထားနိုင်ခဲ့တဲ့အထိ နာပိုလီခံစစ်အလုပ်ဖြစ်နေပါတယ်။ တစ်ဖက်မှာ လာဇီယိုကလည်း ခံစစ် ပိုင်းအလွန်ကျစ်လျစ်ပြီး အထူးသဖြင့် ယူရိုပါလိဂ်မှာကစားတုန်းက သိပ်ကောင်းတယ်။ ပါးမားကို ရှုံးတဲ့ပွဲကို ခြွင်း ချက်ထားလိုက်လို့ရတယ်။ ကိုပါအီတာလီယာဖလားပွဲဆိုတာ လျှော်ကန်လို့မရတဲ့ပွဲမျိုး၊ အခုလို ဖလားရေပန်းစားနှစ်သင်းရဲ့၁၆သင်းအဆင့် မှာဆို ပိုတောင်ဆိုးပါသေးတယ်။ လူစုံတက်စုံကစားရတာ။ ဒီနှစ်သင်းကြားအစဉ်အလာတွေ့ဆုံပွဲတွေမှာ ပြိုင်ဆိုင် မှုပြင်းထန်ပြီး တစ်ဖက်နဲ့တစ်ဖက်ထိုးဖောက်ရခက်ခဲခဲ့တာချည်းပဲ။ ဒီတစ်ကြိမ်လည်း အဲဒီလိုပုံစံမျိုး ပြန်မြင်တွေ့ ရဖို့များပါတယ်။ စျေးကွက်အရသုံးသပ်ချက် ဒီပွဲအတွက် ဘယ်အသင်းနိုင်မလဲဆိုတာကို ခန့်မှန်းရခက်ခဲတယ်။ ပျော်စေဖို့ အားပေးတဲ့အနေနဲ့ စတော့ကစား ချင်ရင်တော့ဂိုးအောက်ကို ရွေးချယ်လိုက်ပါတယ်။ ဂိုးအောက်အတွက် စတော့စျေးကွက်မှာ ၂-၅၀ လို့ဖွင့်ထားပြီး အပေါ်ဘက်က ၁.၉၅အဆ၊ အောက်ဘက်က ၁.၉၂၅အဆလို့ တင်ထားတယ်။ ၁.၉၅ဘက်ကစားရင် အောင်နိုင်ခြေ ၅၁.၃ ရာခိုင်နှုန်း၊ အမြတ်က ၀.၀၄ရှိတယ်၊ အောက်ဘက် ၁.၉၂၅ ကစားရင် အောင်နိုင်ခြေ ၅၁.၉ ရာခိုင်နှုန်း၊ အ မြတ်က ၀.၁၇ ရှိတယ်။ ဒီတော့ ဘာရွေးမလဲ . . .။ လာဇီယို vs နာပိုလီ ထိပ်တိုက်တွေ့ဆုံမှုခြောက်ကြိမ် လာဇီယို ၀-၀ နာပိုလီ နာပိုလီ ၁-၂ လာဇီယို နာပိုလီ ၀-၁ လာဇီယို လာဇီယို ၁-၂ နာပိုလီ လာဇီယို ၁-၂ နာပိုလီ နာပိုလီ ၄-၀ လာဇီယို
© COPYRIGHTS 2024 by illuminati