
လက်ချီအသင်းခံစစ်တောင်ပံကစားသမား Patrick Dorgu ကို ပေါင်သန်း ၂၀ နဲ့ မန်ယူအသင်းက ဒုတိယအကြိမ် ကမ်းလှမ်းလိုက်ပါတယ်။ မန်ယူဟာ နည်းပြသစ် Rubin Amorim လက်ထက် အသင်းကို ပြန်တည်ဆောက်နေပါ တယ်။ Amorim ဟာ မနှစ်က Erick ten Hag ဆီကနေ ရာထူးကို ဆက်ခံတာဝန်ယူခဲ့တာပါ။ တာဝန်ယူပြီး နောက်ပိုင်း ပေါ်တူဂီလူမျိုး Amorim ဟာ ခံစစ်သုံးဦးစနစ်ကို အကောင်အထည်ဖော်နေပါတယ်။ ဒီစနစ်မှာ ခံစစ် တောင်ပံကစားသမားတွေရဲ့တိုက်စစ်အထိလိုက်ပါကစားဟန်ကို အဓိကအသားပေးထားပေမယ့် လက်ရှိမှာ ဒီလို နေရာမျိုးကစားခိုင်းဖို့ လူရွေးချယ်စရာသိပ်မရှိဖြစ်နေပါတယ်။ Luke Shaw ဒဏ်ရာထပ်ရသွားပြီး Tyrell Malacia ကလည်း ကာလရှည်ဒဏ်ရာရနေရာကနေ ပြန်လာနေပါပြီ။ ဘယ်ခြမ်းမှာ Diego Dalot ကို အားဖြည့်ကစားခိုင်းတတ်ပေမယ့် သူက ညာခြမ်းမှာ ပိုကောင်းတဲ့သူပါ။ Mazzraoui ကတော့ ဘယ်ခြမ်းနေရာမှာလည်း ကစားနိုင်သူပါ။ ဒါပေမဲ့ ခံစစ်သုံးဦးထဲကတစ်နေရာနဲ့ပဲ သူက ပို သင့်တော်သူဖြစ်နေတယ်။ နောက်ခံစစ်တောင်ပံမှာကစားနိုင်သူကတော့ Amad Diallo ပါပဲ။ ဒါပေမဲ့ Diallo က တိုက်စစ်ပိုင်းကစားရတာပိုအားသန်သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆောက်သမ်တန်နဲ့ပွဲတုန်းက ဟက်ထရစ်ဂိုး ရသွားတာပဲ။ ဒါကြောင့် မန်ယူဟာ ခံစစ်ညာတောင်ပံနေရာမှာ ပင်ကိုအထိုင်ချကစားနိုင်တဲ့ကစားသမားသစ်တစ်ဦးကို စာချုပ် ချင်နေတာဖြစ်ပြီး အသက် ၂၈ နှစ် Dorgu ဟာ မန်ယူလိုချင်တဲ့စာရင်းထဲ ထိပ်ဆုံးမှာဝင်နေတယ်။ ဒိန်းမတ်လက် ရွေးစင်ဖြစ်တဲ့ Dorgu ကို မန်ယူက ကနဦး ပေါင် ၂၃သန်းအပြင်အပိုကြေးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါ တယ်။ အခုတော့ မန်ယူဘောလုံးဒါရိုက်တာ Hargreaves ဟာ မီလန်မှာ လက်ချီအသင်းဥက္ကဋ္ဌနဲ့ဆွေးနွေးဖို့ ပြု လုပ်ခဲ့ပြီး ဒုတိယကမ်းလှမ်းချက်ကို စတင်လိုက်ပါတယ်။ အရင်တုန်းက မန်ယူဟာ ပီအက်စ်ဂျီအသင်းက Nuno Mendes ကို ပစ်မှတ်ထားခဲ့ပေမယ့် ကုန်ကျစရိတ်များ လို့ စာချုပ်ဖြစ်ဖို့ ခက်ခဲခဲ့ပါတယ်။ Dorgu ရဲ့စီးရီးအေကလပ်နဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၉ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ် ပါတယ်။ ၂၀၂၂မှာ Dorgu ဟာ လက်ချီနဲ့စာချုပ်ခဲ့ပြီး နောက်တစ်နှစ်အကြာမှာ စီနီယာအသင်းထိ ကစားခဲ့ရပြီး ၂၀၂၃ ဩဂုတ်လ ကိုပါအီတာလီယာဖလားပွဲမှာ ပွဲဦးထွက်ကစားခဲ့တယ်။ အဲဒီချိန်ကစလို့ Dorgu ဟာ လက်ချီရဲ့ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်လာပြီး ဒီရာသီလက်ချီရဲ့လိဂ်ပွဲအားလုံးကို ကစားခွင့်ရခဲ့ကာ အနီကတ်ထိလို့ တစ်ပွဲသာလွဲခဲ့ဖူးပါတယ်။ စက်တင်ဘာမှာ Dorgu ဟာ ဆွစ်ဇာလန်နဲ့ကစားခဲ့တဲ့ ဒိန်းမတ်အတွက် ပထမဆုံးပွဲဦးထွက်ကစားခဲ့ပြီး ဘောလုံး ကို ၄၂ စက္ကန့်ရောက်မှ တစ်ချက်သာထိပြီး သူ့ရဲ့ပထမဆုံးနိုင်ငံတကာဂိုးကို သွင်းယူခဲ့ပါတယ်။ မန်ယူနဲ့ဇာတ်လမ်း ထွက်ခဲ့ပြီးနောက် လက်ချီကလည်း Dorgu နေရာအစားထိုးဖို့ရာ လက်စတာအသင်းတောင်ပံကစားသမား အသက် ၁၇နှစ်အရွယ် Laolu Omobolaji ကို စုံစမ်းနေတယ်လို့ သိရပါတယ်။ မန်ယူတောင်ပံလူ Antony ကတော့ ဘက်တစ်ဆီကို အငှားစာချုပ်နဲ့အပြီးသတ်ပြောင်းနိုင်ဖို့ မနေ့က စပိန်ကို ထွက်ခွာသွားခဲ့ပါပြီ။ ဘက်တစ် ဟာ Antony ရဲ့လစာ ၈၄ရာခိုင်နှုန်းအပြင် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး အပိုဆုကြေးများကိုလည်း ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ချီခံစစ်တောင်ပံလူ Patrick Dorgu ကို မန်ယူအသင်း ဒုတိယအကြိမ်ကမ်းလှမ်းလိုက်ပြီ လက်ချီအသင်းခံစစ်တောင်ပံကစားသမား Patrick Dorgu ကို ပေါင်သန်း ၂၀ နဲ့ မန်ယူအသင်းက ဒုတိယအကြိမ် ကမ်းလှမ်းလိုက်ပါတယ်။ မန်ယူဟာ နည်းပြသစ် Rubin Amorim လက်ထက် အသင်းကို ပြန်တည်ဆောက်နေပါ တယ်။ Amorim ဟာ မနှစ်က Erick ten Hag ဆီကနေ ရာထူးကို ဆက်ခံတာဝန်ယူခဲ့တာပါ။ တာဝန်ယူပြီး နောက်ပိုင်း ပေါ်တူဂီလူမျိုး Amorim ဟာ ခံစစ်သုံးဦးစနစ်ကို အကောင်အထည်ဖော်နေပါတယ်။ ဒီစနစ်မှာ ခံစစ် တောင်ပံကစားသမားတွေရဲ့တိုက်စစ်အထိလိုက်ပါကစားဟန်ကို အဓိကအသားပေးထားပေမယ့် လက်ရှိမှာ ဒီလို နေရာမျိုးကစားခိုင်းဖို့ လူရွေးချယ်စရာသိပ်မရှိဖြစ်နေပါတယ်။ Luke Shaw ဒဏ်ရာထပ်ရသွားပြီး Tyrell Malacia ကလည်း ကာလရှည်ဒဏ်ရာရနေရာကနေ ပြန်လာနေပါပြီ။ ဘယ်ခြမ်းမှာ Diego Dalot ကို အားဖြည့်ကစားခိုင်းတတ်ပေမယ့် သူက ညာခြမ်းမှာ ပိုကောင်းတဲ့သူပါ။ Mazzraoui ကတော့ ဘယ်ခြမ်းနေရာမှာလည်း ကစားနိုင်သူပါ။ ဒါပေမဲ့ ခံစစ်သုံးဦးထဲကတစ်နေရာနဲ့ပဲ သူက ပို သင့်တော်သူဖြစ်နေတယ်။ နောက်ခံစစ်တောင်ပံမှာကစားနိုင်သူကတော့ Amad Diallo ပါပဲ။ ဒါပေမဲ့ Diallo က တိုက်စစ်ပိုင်းကစားရတာပိုအားသန်သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆောက်သမ်တန်နဲ့ပွဲတုန်းက ဟက်ထရစ်ဂိုး ရသွားတာပဲ။ ဒါကြောင့် မန်ယူဟာ ခံစစ်ညာတောင်ပံနေရာမှာ ပင်ကိုအထိုင်ချကစားနိုင်တဲ့ကစားသမားသစ်တစ်ဦးကို စာချုပ် ချင်နေတာဖြစ်ပြီး အသက် ၂၈ နှစ် Dorgu ဟာ မန်ယူလိုချင်တဲ့စာရင်းထဲ ထိပ်ဆုံးမှာဝင်နေတယ်။ ဒိန်းမတ်လက် ရွေးစင်ဖြစ်တဲ့ Dorgu ကို မန်ယူက ကနဦး ပေါင် ၂၃သန်းအပြင်အပိုကြေးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါ တယ်။ အခုတော့ မန်ယူဘောလုံးဒါရိုက်တာ Hargreaves ဟာ မီလန်မှာ လက်ချီအသင်းဥက္ကဋ္ဌနဲ့ဆွေးနွေးဖို့ ပြု လုပ်ခဲ့ပြီး ဒုတိယကမ်းလှမ်းချက်ကို စတင်လိုက်ပါတယ်။ အရင်တုန်းက မန်ယူဟာ ပီအက်စ်ဂျီအသင်းက Nuno Mendes ကို ပစ်မှတ်ထားခဲ့ပေမယ့် ကုန်ကျစရိတ်များ လို့ စာချုပ်ဖြစ်ဖို့ ခက်ခဲခဲ့ပါတယ်။ Dorgu ရဲ့စီးရီးအေကလပ်နဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၉ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ် ပါတယ်။ ၂၀၂၂မှာ Dorgu ဟာ လက်ချီနဲ့စာချုပ်ခဲ့ပြီး နောက်တစ်နှစ်အကြာမှာ စီနီယာအသင်းထိ ကစားခဲ့ရပြီး ၂၀၂၃ ဩဂုတ်လ ကိုပါအီတာလီယာဖလားပွဲမှာ ပွဲဦးထွက်ကစားခဲ့တယ်။ အဲဒီချိန်ကစလို့ Dorgu ဟာ လက်ချီရဲ့ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်လာပြီး ဒီရာသီလက်ချီရဲ့လိဂ်ပွဲအားလုံးကို ကစားခွင့်ရခဲ့ကာ အနီကတ်ထိလို့ တစ်ပွဲသာလွဲခဲ့ဖူးပါတယ်။ စက်တင်ဘာမှာ Dorgu ဟာ ဆွစ်ဇာလန်နဲ့ကစားခဲ့တဲ့ ဒိန်းမတ်အတွက် ပထမဆုံးပွဲဦးထွက်ကစားခဲ့ပြီး ဘောလုံး ကို ၄၂ စက္ကန့်ရောက်မှ တစ်ချက်သာထိပြီး သူ့ရဲ့ပထမဆုံးနိုင်ငံတကာဂိုးကို သွင်းယူခဲ့ပါတယ်။ မန်ယူနဲ့ဇာတ်လမ်း ထွက်ခဲ့ပြီးနောက် လက်ချီကလည်း Dorgu နေရာအစားထိုးဖို့ရာ လက်စတာအသင်းတောင်ပံကစားသမား အသက် ၁၇နှစ်အရွယ် Laolu Omobolaji ကို စုံစမ်းနေတယ်လို့ သိရပါတယ်။ မန်ယူတောင်ပံလူ Antony ကတော့ ဘက်တစ်ဆီကို အငှားစာချုပ်နဲ့အပြီးသတ်ပြောင်းနိုင်ဖို့ မနေ့က စပိန်ကို ထွက်ခွာသွားခဲ့ပါပြီ။ ဘက်တစ် ဟာ Antony ရဲ့လစာ ၈၄ရာခိုင်နှုန်းအပြင် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး အပိုဆုကြေးများကိုလည်း ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။
© COPYRIGHTS 2024 by illuminati