
မန်စီးတီးအသင်းနည်းပြ Pep Guardiola ကတော့ နှစ်ပေါင်း ၃၀ ကြာလက်တွဲလာခဲ့တဲ့ ဇနီးဖြစ်တဲ့သူနဲ့ ကွာရှင်း ပြတ်စဲလိုက်ပြီပဲ ဖြစ်ပါတယ်။ အသက် ၅၃ နှစ်အရွယ် Guardiola ဟာ ၂၀၁၄ တုန်းက ဘာစီလိုနာ မြို့စွန်လေးတစ်ခုမှာ မင်္ဂလာဧည့်ခံပွဲကျင်းပပြီး ဇနီးဖြစ်တဲ့ Serra နဲ့ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ သူတို့ ဇနီး မောင်နှံဟာ ၁၉၉၄ ခုနှစ်ကတည်းက ချစ်ကြိုက်လာခဲ့ကြတာပါ။ ၂၀၁၄ ကျမှ တရားဝင်မင်္ဂလာဆောင်ပြီး သမီး သုံးယောက် ထွန်းကားခဲ့ပါတယ်။ သူတို့နှစ်ယောက် သီးခြားစီခွဲနေထိုင်လာခဲ့ကြတာတော့ ငါးနှစ်ကြာပြီဖြစ်ပါ တယ်။ တစ်မြို့တည်းမှာ အတူမနေပေမယ့် သူတို့နှစ်ယောက်ဟာ တရားဝင်လမ်းခွဲကွာရှင်းလိုက်တာမျိုးတော့ မရှိခဲ့ဘဲ အခုမှ ကွဲဖို့ကို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်အကြောင်းသိတဲ့အ တွင်းလူတွေကတော့ ကွဲနေကြတာကို သတိထားမိတယ်လို့ ဆိုပါတယ်။ ဇနီးသည် Serra ဟာ ၂၀၂၃ ဇွန်လတုန်း က ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းက အင်တာမီလန်ကို အနိုင်ယူပြီး သမိုင်းဝင်ဖလားသုံးထပ်ကွမ်း ချန်ပီယံဖြစ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ Guardiola ကို ဂုဏ်ပြုဖို့ အစ္စတန်ဘူလ်ကို ရောက်လာခဲ့ပါသေးတယ်။ Guardiola ဟာ သူ့ဇနီးဖြစ်သူအကြောင်းကို လူသိရှင်ကြားထုတ်ပြောပြလေ့ရှိသူပါ။ ၂၀၂၄ ဇန်နဝါရီတုန်းက “ကျနော့်ဇနီးဟာ ကမ္ဘာမှာ အကောင်းဆုံးပါပဲ။ ဘယ်ကိစ္စမှာမဆို အကောင်းဆုံးပဲ။ အဝတ်ဆိုရင် ဒါကို ဝတ်၊ ဒါကို မဝတ်နဲ့လို့ ကျနော့်ကို ပြောရင် ကျနော်က သူပြောတဲ့အတိုင်းလုပ်တာ။ ကျနော့်ထက် အများကြီးပိုတော်တဲ့သူ တွေ ရှိတာကို သိလိုက်ရလို့ ပီတဖြစ်ရပါတယ်။ သူတို့အကြံအတိုင်းကျနော်က လိုက်လုပ်တာပါ။”ဆိုပြီး Serra ကို ရည်ညွှန်းကာ ပြောသွားခဲ့ပါသေးတယ်။
© COPYRIGHTS 2024 by illuminati