
Pieces Sports ပရိသတ်များအတွက် လူသိနည်းသောပရီးမီးယားလိဂ်မှတ်တမ်းများ အပိုင်း (၂) ကို ဆက်လက် ဖော်ပြပေးလိုက်ပါတယ်။ အပိုင်း (၂)မှာတော့ တစ်ရာသီတည်းအမှတ်အနည်းဆုံးရအသင်းနဲ့ ရာသီအစအကောင်း ဆုံး/အဆိုးဆုံးအသင်းတို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါကြောင်း . . . တစ်ရာသီတည်းအမှတ်အနည်းဆုံးရအသင်း ဒါဘီကောင်တီအသင်းပဲ ဖြစ်ပါတယ်။ ၂၀၀၇-၀၈ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်မှာ ဘယ်အသင်းမှ ဒါဘီ အသင်းထက် အမှတ်ပိုနည်းခဲ့တဲ့အသင်း မရှိဖြစ်ခဲ့ပါတယ်။ တစ်ရာသီလုံးကစားခဲ့တာတောင် ဒါဘီကောင်တီဟာ စုစုပေါင်းရမှတ် ၁၁ မှတ်သာရှိခဲ့တာပါပဲ။ ဒါကြောင့်လည်း လိဂ်အဖွဲ့ချုပ်ရဲ့မှတ်တမ်းတင်စာရင်းထဲ ဒါဘီကောင်တီ ကို ပြိုင်ပွဲသမိုင်းမှာ အဆိုးရွားဆုံးအသင်းလို့ အကျယ်တဝင့် သတ်မှတ်လိုက်ပါတယ်။ ၂၀၂၃-၂၄ ရာသီတုန်းက အဲဒီလိုအဆိုးရွားဆုံးအသင်းမျိုး မြင်ရမလားဆိုပြီး မျှော်လင့်ခဲ့ကြသေးတယ်။ အဲဒီအသင်း ကတော့ ရှက်ဖီးယူနိုက်တက်ပါ။ တန်းတက်လာပြီး တစ်နှစ်အကြာမှာ တန်းပြန်ဆင်းသွားခဲ့ရတဲ့ ရှက်ဖီးယူနိုက် တက်ဟာ တစ်ရာသီလုံး ၁၆ မှတ်ယူနိုင်ခဲ့လို့ ဒီစာရင်းထဲကနေ ကံသီပြီး လွတ်သွားခဲ့တာပါပဲ။ တစ်ရာသီတည်း ရာသီအစအကောင်းဆုံး/အဆိုးဆုံးအသင်း ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆံးတာထွက်လှခဲ့တဲ့အသင်းကတော့ ၂၀၀၅-၀၆ ရာသီက ချဲလ်ဆီးအသင်းပဲ ဖြစ်ပါတယ်။ ရာသီအစ ကိုးပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့တာပါ။ ဒီအောင်မြင်မှုမတိုင်ခင်က ချဲလ်ဆီးဟာ ချဲလ်ဆီးဟာ ခြောက်ပွဲဆက်နိုင်ပွဲရခဲ့ပါသေးတယ်။ ၂၀၁၉-၂၀ ရာသီတုန်းက လီဗာပူးဟာ ချဲလ်ဆီးရဲ့စံချိန်ကို မှီနိုင်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့သေးတယ်။ အဲဒီနှစ်က လီဗာပူး ဟာ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးယူခဲ့တဲ့နှစ်ပါ။ ရာသီအစ ရှစ်ပွဲဆက်တိုက်နိုင်ပွဲရခဲ့ပေမယ့် မန်ယူအသင်းနဲ့ ၁-၁ သရေကျခဲ့လို့ စံချိန်ပျက်သွားခဲ့ရတယ်။ ၂၀၁၇-၁၈ရာသီမှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ်တစ်ရာသီတည်း အဆိုးရွားဆုံးတာထွက်မှု အဖြစ် ခုနှစ်ပွဲဆက်တိုက်ရှုံးပွဲတွေ့ခဲ့ပါတယ်။ အဲဒီစံချိန်မျိုး အစောပိုင်းရှစ်နှစ်အကြာတုန်းကလည်း တင်ခဲ့ဖူးတယ်။ ကနဦးလေးပွဲဆက်ရှုံးတုန်းက ပဲလေ့စ်အသင်းဟာ နည်းပြဖရန့်ဒီဘိုးဝါးလက်အောက်မှာပါ။ ဒီအရှုံးအတွက် ဒီဘိုး ဝါးလည်း ပြန်ပေးဆပ်ခဲ့ရပြီး ရာထူးကနေ ဖယ်ရှားခံခဲ့ရတယ်။ သူ့နေရာဆက်ခံသူ ရွိုင်းဟော့ဆန်ကလည်း သုံးပွဲ ဆက်ရှုံးပွဲကြုံခဲ့ပေမယ့် အသင်းကို ပြန်တည့်မတ်နိုင်ပြီး အဆင့် ၁၁ နေရာနဲ့ကျေနပ်စေခဲ့ရပါတယ်။ ပဲလေ့စ်ရဲ့တာထွက်အဆိုးဆုံးစံချိန်ကို လိုက်မှီသူကတော့ ပို့စ်မောက်အသင်းပါ။ ဒါပေမဲ့ ပွန်ပေသားတွေဟာ ပဲလေ့စ်လောက်တော့ ကံမကောင်းခဲ့ဘူး၊ ပဲလေ့စ်ကမှ အဆင့် ၁၁ ရပ်တည်ခဲ့သေးတာ၊ ပို့စ်မောက်ဟာ ကိုးမှတ် လျော့ခံရပြီး တန်းဆင်းသွားခဲ့ရပါတယ်။ အဲဒီချိန်ကနေစပြီး ပရီးမီးယားလိဂ်ကို ပြန်တက်လာနိုင်ခြင်းမရှိတော့တာ ဒီနေ့အချိန်ထိပဲဆိုပါတော့။
© COPYRIGHTS 2024 by illuminati