
မန်ယူအသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ကျရင် အသင်းတိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်အတွက် ပေါင်သန်း ၄၀နဲ့ကမ်းလှမ်းချက်ကိုလိုချင်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်အတွက် ဘယ်အသင်းမှ ကမ်းလှမ်းလာနိုင်ဖွယ်မရှိ ဖြစ်လာနိုင်တဲ့အနေအထားကို မန်ယူဘက်က လက်ခံဖို့လဲ အသင့်ရှိနေပါတယ်။ မန်ယူဟာ ပရီးမီးယားလိဂ်ရဲ့ ရေရှည်အကျိုးအမြတ်တည်တံ့ရေး စည်းမျဉ်းတွေနဲ့အညီ ဖြစ်အောင်လို့ အသင်းကစားသမားတွေကို မဖြစ်မနေရောင်းထုတ်ရမယ့်အနေအထားဖြစ်နေပါတယ်။ ဒါ့အပြင် နည်းပြသစ်အေမိုရင်အတွက် အသင်းကို အင်အားပြည့်တည်ဆောက်ဖို့ရာ လိုအပ်နေတဲ့ဘက်ဂျက်ငွေကိုလည်း မန်ယူဘက်က ရှာဖွေပေးရမှာပါ။ ရက်ရှ်ဖို့ဒ်ဟာ အရင်နည်းပြဟောင်းတန်ဟက်ဂ်ရဲ့ တာထွက်ရာသီတုန်းက ခြေစွမ်းပြပြီးသွင်းဂိုး ၃၀ သွင်းပေးခဲ့သူပါ။ တကယ်တမ်း မန်ယူမှာ တစ်ပတ်လုပ်ခပေါင် သုံးသိန်းခွဲရရှိနေတဲ့ ရက်ရှ်ဖို့ဒ်ရဲ့တန်ကြေးဟာ ပေါင်သန်း ၁၀၀ ရှိရမှာဖြစ်ပေမယ့် လက်ရှိ သူ့ရဲ့ခြေစွမ်း ကျဆင်းမှုကြောင့်ပဲ မန်ယူဘက်က သန်း ၄၀ ရရင်တောင် ရောင်းထုတ်မယ့်အနေအထား ရှိနေပါတယ်။
© COPYRIGHTS 2024 by illuminati