
၂၈ - လီဗာပူးအသင်းဟာ အခုဆိုရင် လိဂ်ပွဲစဉ်ပေါင်း ၁၁ပွဲကနဦးကစားထားပြီးပါပြီ။ ရမှတ်ကတော့ စုစုပေါင်း ၂၈ မှတ်ယူထားပါတယ်။ အဲဒီရမှတ်ထက်ပိုယူထားနိုင်တဲ့ရာသီဆိုလို့ လီဗာပူးဟာ၂၀၁၉-၂၀ရာသီတုန်းကသာရှိခဲ့ဖူးပြီး ကနဦး ၁၁ပွဲကစားပြီး ၃၁ မှတ်ယူထားခဲ့ဖူးပါတယ်။ ဒါ့အပြင် လက်ရှိနည်းပြအန်းဆလော့တ်ထက် ဘယ်နည်းပြမှ ကနဦး ၁၁ပွဲကစားပြီး အမှတ်ပိုယူထားနိုင်တဲ့နည်းပြမရှိသေးဘူး။ ချဲလ်ဆီးကို တာဝန်ယူခဲ့ဖူးတဲ့နည်းပြဂူ့စ်ဟစ်ဒင့် လည်း ၂၈ မှတ်ယူထားဖူးတယ်။ ၁၀ နှင့် ၁၀ - ဒီရာသီမှာ လီဗာပူးအသင်းတိုက်စစ်မှူးမိုဟာမက်ဆာလာဟာ ပြိုင်ပွဲစုံ အသင်းအတွက် ၁၀ဂိုးသွင်း၊ ၁၀ဂိုးဖန်တီးပေးထားပြီး နှစ်ထပ်ကိန်းဂဏန်းစာရင်းယူထားနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်နေတယ်။ အခုချိန် မှာ အီဂျစ်သားဟာ လီဗာပူးအတွက် သူကစားတဲ့နောက်ဆုံးလေးရာသီအနက်တစ်ရာသီအတွင်း ရရှိထားတာပါပဲ။ ၂ - မန်စီးတီးအသင်းဟာ ၂၀၂၁ မေလနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်မှာ ပထမပိုင်း ဦးဆောင်နိုင်ရာကနေပြန်ရှုံးနိမ့်သွားခဲ့ပါတယ်။ ဘရိုက်တန်ကို အဝေးကွင်းရှုံးခဲ့တာပါ။ ၂၀၂၁မတိုင်ခင်နဲ့ဆို ဒုတိယမြောက်ရှုံးပွဲပါပဲ။ ၂၀၂၀ - ဘရိုက်တန်အသင်းရဲ့အနိုင်ဂိုးရှင် မတ်အိုရိုင်လေးဟာ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်မှာပဲ မန်စီးတီးဘက်ကို ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့တယ်။ သူ့မတိုင်ခင်က ၂၀၂၀ ဖေဖော်ဝါရီတုန်းကဆို ရင် စတီဗင်ဘာ့ဝင်ဟာ စပါးအသင်းအတွက် ပွဲဦးထွက်ကစားရင်း ဂိုးသွင်းနိုင်သူဖြစ်ခဲ့ဖူးပါတယ်။ ၁ - မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းဟာ သူကိုယ်တိုင်တစ်ဂိုးသွင်းပြီး ရှုံးပွဲကြုံသွားရတာ ပထမဆုံးအကြိမ်ဖြစ်သွားပါတယ်။ ဘရိုက်တန်နဲ့မတိုင်ခင်အထိ ဟာလန်းဟာ သူဂိုးသွင်းခဲ့တဲ့မန်စီးတီးရဲ့ပွဲပေါင်း ၄၆ပွဲမှာ ပွဲ ၄၀အနိုင်ရပြီး ခြောက်ပွဲသရေကျခဲ့တာပါ။
© COPYRIGHTS 2024 by illuminati