
နည်းပြအေမိုရင်ကတော့ မန်ယူနည်းပြအဖြစ် ပထမဆုံးအကြိမ်ပြုလုပ်တဲ့အင်တာဗျူးတစ်ခုမှာ သူ့ကစားသမား တွေကို တိုက်တွန်းချက်စကားတစ်ခွန်းပြောသွားပါတယ်။ မန်ယူအသင်းကံကြမ္မာကို အပြောင်းအလဲလုပ်ပေးမယ့် သူအဖြစ်သတ်မှတ်ခံထားရတဲ့အေမိုရင်က ပထမဆုံးတစ်ရက်ကနေစပြီး ကြောက်စိတ်မရှိဘဲ ကစားသွားရမယ် ဆိုကာ ကစားသမားတွေကို တိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်။ ပြီးတော့ မန်ယူနဲ့သူ့ကြားထဲ ဆက်နွှယ်မှုတစ် ရပ်ရှိနေသလိုခံစားရတဲ့အကြောင်း၊ ထူးခြားတဲ့ဒီကလပ်မှာ ထူးခြားတဲ့တစ်စုံတစ်ရာကို လုပ်ပြဖို့ စိတ်ပိုင်းဖြတ်ထား တယ်ဆိုတဲ့အကြောင်းကိုလည်း ပထမဆုံးပြုလုပ်တဲ့အင်တာဗျူးမှာ အေမိုရင်တစ်ယောက် ရွှန်းရွှန်းဝေအောင်ပြော သွားခဲ့တယ်။ အခုသူ့ရဲ့ပြောစကားလေးတွေကို တစ်စုတစ်စည်းတည်းဖော်ပြပေးလိုက်ပါတယ်။ ဒီစကားတွေဟာ မန်ယူပရိသတ်တွေအတွက် အနာဂတ်မှာ အောင်မြင်မှုနေ့ရက်တွေပိုင်ဆိုင်လာဖို့ရာ အားတက်စေမယ့်စကားတွေ လားဆိုတာ . . . ‘အချိန်ယူပြီး ပွဲတွေကို အနိုင်ရဖို့ ကြိုးစားရမယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ပထမဆုံးရက်ကနေစပြီး ကြောက်စိတ်မရှိဘဲ ကစားရမယ်။ ကစားသမားတွေမှာ ဒီလိုမျိုး ကစားလေ့ကစားထမရှိဘူးဆိုပြီးတော့ လည်း ကျ နော်စဉ်းစားနေမှာမဟုတ်ဘူး၊ ကျနော့်ခေါင်းထဲလည်းမရှိဘူး။ စစချင်းရက်မှာပဲ ကျနော်အတွေးအမြင်အတိုင်းသူ တို့စတင်ရလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ်အရေးမကြီးဘူး။ ဒါအဓိကပန်းတိုင်ပဲ။ ခက်ခဲမယ်မှန်းတော့ ကျနော်သိတယ်။ ကြီးမားတဲ့စိန်ခေါ်မှုဆိုတာလည်းသိတယ်။ ဒါပေမဲ့ ကျနော်ကတော့ အေး ဆေးပါပဲ။ အိမ်မှာလိုခံစားရတယ်။ စစချင်းမှာ အရေးကြီးတယ်လို့ ထင်တယ်။ ဒါကြောင့် အတော်လေးတော့ စိတ် လှုပ်ရှားရတာပေါ့။ မန်နေဂျာ သို့ နည်းပြချုပ်ဆိုတာကလပ်မှာ အရမ်းအရေးကြီးတယ်၊အကြောင်းက တစ်သင်းလုံး ရဲ့အင်ဂျင်စက်က ကိုယ့်လက်ထဲရောက်နေလို့လေ။ ဒါကို ကျနော် နားလည်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ခုခုမှာ ပါ ဝင်ရတဲ့အစိတ်အပိုင်းတစ်ရပ် ကျနော်ဖြစ်ချင်တယ်။ တာဝန်ယူရုံလေးလုပ်တာမျိုး မလိုချင်ဘူး။ ဒါကြောင့် လူ တိုင်း အတူတကွစည်းလုံးနေတာမျိုး ဖြစ်စေချင်တယ်။ အဲလိုဆိုရင် ဒီထက်ပိုပျော်ရမယ်၊ လိုချင်တဲ့ပန်းတိုင်တွေ ဆီ အရောက်လှမ်းနိုင်ဖို့ ပိုလွယ်ကူသွားမယ်။ ကျနော့်အတွက် အရေးကြီးဆုံးက သီးခြားကိုယ်ပိုင်စရိုက်လက္ခဏာပဲ။ ဒါကြောင့် ပထမဆုံးရက်ကနေစပြီး ကျနော့်ရဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာအတိုင်း စတင်ရလိမ့်မယ်။ တကယ်တမ်းတော့ ပွဲတွေအတွက် ပြင်ဆင်ရဦး မယ်။ ဒါပေမဲ့ ကိုယ်ကစားမယ့်ပွဲအထိုင်ပုံစံကို အများကြီးအာရုံစိုက်လုပ်ရဦးမယ်။ ဘယ်လိုကစားမယ်၊ ဘယ်လို ဖိ မယ်၊ ဒါတွေက အသေးအဖွဲတွေ၊ အသေးစိတ်လေးတွေပါ။ အသေးစိတ်တိုင်း ၁၀၀ရာနှုန်းပြည့် လိုက်လုပ်နိုင်မှာ တော့မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကစားသမားတွေအတွက်လည်း ခေါင်းစားကုန်လိမ့်မယ်လေ။ ဒါကြောင့် တစ်ခုပဲ၊ ကျနော့်အဓိကပန်းတိုင်ပေါ့၊ ဒီတစ်ခုကိုပဲ ပြောရရင် ကျနော့်ပထမဆုံးပန်းတိုင်က ကိုယ်ပိုင်စရိုက်လ က္ခဏာ ရှိလာရေးပါပဲ။ မန်ချက်စတာဘောလုံးကလပ်မှာ ရှိတဲ့သူတိုင်း၊ အထူးသဖြင့် အသင်းနောက်ကွယ်ကဝန်ထမ်းတွေ၊ ကစားသမား တွေနဲ့ ပရိသတ်တွေကို ကျနော့်အပေါ်မယုံနိုင်လောက်အောင်ထူးခြားတဲ့အားပေးမှု၊ ထောက်ခံမှုတွေအတွက် နှ လုံးသားထဲကကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကစားသမားတစ်ဦးအဖြစ်၊ နည်းပြ တစ်ဦးအဖြစ်၊ မန်နေဂျာအဖြစ် ကလပ်ကို ကိုယ်စားပြုခွင့်ရလို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကျနော်တို့ အတူတ ကွ မေ့မရနိုင်မယ့်အမှတ်တရတွေကို ရင်ဝယ်ပိုက်သွားကြမယ်။မန်ယူအသင်းဟာ ကျနော့်နှလုံးသားထဲ ထူးခြားတဲ့ နေရာတစ်နေရာရှိနေမြဲဖြစ်ပါလိမ့်မယ်။ အိုးလ်ထရက်ဖို့ဒ်မှာ အောင်မြင်မှုနေ့ရက်တွေ အများကြီးပိုရလာဖို့ မျှော် လင့်ပါတယ်။ကလပ်ကို လမ်းကြောင်းမှန်ပေါ် ရောက်စေချင်တဲ့ကျနော့်ဆန္ဒကြောင့်မဟုတ်ဘဲ ခင်ဗျားတို့ အားလုံး နဲ့ထိုက်တန်တဲ့အတွက် အောင်မြင်မှုနေ့ရက်တွေ သိပ်မကြာခင်မှာ ရောက်လာမှာပါ။ အစစအရာရာ အကောင်း ဆုံးဖြစ်ပါ စေ။’
© COPYRIGHTS 2024 by illuminati