
၂၀ - နည်းပြအန်းဆလော့တ်ဟာ လီဗာပူးအသင်းကို သူတာဝန်ယူထားတဲ့ ပွဲပေါင်း ၂၄ပွဲမှာ ပွဲပေါင်း ၂၀ကို အနိုင်ယူထားတဲ့နည်းပြဖြစ်နေပါပြီ။ ဒီစံချိန်ဟာ ၁၈၈၈-၈၉ ရာသီတုန်းက ပရက်စတန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်(ထိုစဉ်က ပထမတန်းနာမည်နဲ့သုံးနေ)မှာ ပွဲပေါင်း ၂၀ နိုင်ပွဲယူထားတဲ့နည်းပြကြီးဝီလျံဆူဒဲလ်နဲ့ စံချိန်တူသွားပါတယ်။ ၁ - ဒီဇင်ဘာလမှာ ချဲလ်ဆီးအသင်းရဲ့ကိုးလ်ပဲလ်မာဟာ အောက်ပါစံချိန်တွေတင်ထားတဲ့ ပရီးမီးယားလိဂ်ကစားသမားတွေထဲ နံပတ် ၁ နေရာကနေ ဦးဆောင်နေပါတယ်။ အဲဒါတွေကတော့ - သွင်းဂိုးများ (၄ဂိုး) ဂိုးကန်သွင်းချက်များ (၁၉ ကြိမ်) ဂိုးပေါက်တည့်မှုများ (၁၁ကြိမ်) ဂိုးဖန်တီးကြိမ်များ (၁၂ကြိမ်) ၁၀- ဘုန်းမောက်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲကစားချိန် နောက်ဆုံး ၁၅ မိနစ်အတွင်း အခြားအသင်းတွေထက် ဂိုးသွင်းမှုအများဆုံးအသင်းအဖြစ် ၁၀ဂိုးနဲ့ရပ်တည်နေသလို၊ ဂိုးရခွင့်နှုန်းအများဆုံးအဖြစ် ၁၀.၅ နဲ့ရပ်တည်ထားပါတယ်။ ၆ နှင့် ၈ - ဘုန်းမောက်အသင်းကပဲ တင်ထားတဲ့စံချိန်ပါ။ ပရီးမီးယားလိဂ်မှာ ဒီရာသီ တခြားပြိုင်ဘက်အသင်းတွေထက် မိနစ်ကိုးဆယ်အတွင်း သွင်းဂိုးပိုများတဲ့အသင်းအဖြစ် ၆ ဂိုးနဲ့ စံချိန်တင်ထားပါတယ်။ ဒါ့အပြင် ဘုန်းမောက်ဟာ ဒီရာသီ ပြိုင်ပွဲအတွင်း လူစားဝင်သူတွေဆီကနေ တစ်ဆင့်သွင်းဂိုးရရှိမှု ၈ ဂိုးနဲ့လည်း စံချိန်တင်နေပြီး တခြားအသင်းတွေထက် ပိုများပါတယ်။ ၃- ဒီနှစ်မှာ အင်္ဂလန်အမျိုးသမီးဘောလုံးအသင်းဟာ ယူရိုချန်ပီယံပြိုင်ပွဲအတွင်း ကိုယ့်တိုက်ဒေသထဲက နိုင်ငံအ သင်းနဲ့ အုပ်စုအဆင့်ရင်ဆိုင်ရမှု ၃ နှစ်ဆက်တိုက်အဖြစ် စံချိန်တင်ထားပါတယ်။ ၂၀၁၇ခုနှစ်တုန်းက စကော့တလန်ကို ၆-၀ဂိုးနဲ့၊ ၂၀၂၂ ခုနှစ်က မြောက်အိုင်ယာလန်အသင်းကို ၅-၀ဂိုးနဲ့ အင်္ဂလန်အနိုင်ရထားခဲ့ပါတယ်။
© COPYRIGHTS 2024 by illuminati