
ကဲဒီနေ့ညမှာ လိဂ်ပွဲစဉ်တွေတစ်ပုံကြီးရှိပါတယ်။ သောကြာနေ့က ရွေးချယ်ပေးခဲ့တဲ့လေးပွဲစလုံးအောင်မြင်ခဲ့လို့ ဝမ်းသာရပါတယ်။ စနေမှာဆက်လန်းအောင် အကောင်းဆုံးအကျိုးအမြတ်ဖြစ်စေမယ့် ပွဲတချို့ကို ရွေးချယ်ခန့် မှန်းပေးလိုက်ပါတယ်။ Pieces Sports ပရိသတ်များအောင်မြင်ကြပါစေ။ အက်စ်တွန်ဗီလာ vs ချဲလ်ဆီး (ဒဲ့ဒဲ့/၃=) (ည ၁၂ နာရီ) ဗီလာဟာ နောက်ဆုံးကစားခဲ့တဲ့သုံးပွဲမှာ ဗဟိုခံစစ်အတွဲကို ပြောင်းလဲလိုုက်ပါတယ်။ အလုပ်တော့သိပ်ဖြစ်ပုံမရ ဘူး။ ပြိုင်ပွဲစုံနောက်ဆုံး ၁၅ ပွဲမှာ ဗီလာခံစစ်က ပေးဂိုးမဲ့ပွဲတစ်ပွဲသာရှိတယ်။ နောက်ဆုံးငါးပွဲမှာ ရှစ်ဂိုးသွင်းထား တယ်။ အဲဒီကာလအိမ်ကွင်းကစားတဲ့ကိုးပွဲစလုံး ဂိုးအပေါ်အောင်မြင်ထားတာပါ။ တစ်ဖက်က ချဲလ်ဆီးကတော့ နောက်ဆုံးခြောက်ပွဲပေးဂိုးမရှိတဲ့ပွဲတစ်ပွဲမှမရှိဘဲ ခံစစ်ပိုင်းရုန်းကန်နေရတယ်။ အဲဒီခြောက်ပွဲစလုံးကလည်း သုံးဂိုး အထက်တွေချည်းပဲ။ ဒါကြောင့် နှစ်ဖက်အပြန်အလှန်သွင်းဂိုးတွေကို ဒီနေ့မှာမြင်ရနိုင်လို့ ဂိုးအပေါ်ရွေးပါ။ အာဆင်နယ် vs ဝက်စ်ဟမ်း (အိမ်၁-၁၀၀/၃+၅၀)(၉နာရီခွဲ) ပြီးခဲ့တဲ့တစ်ပတ်လက်စတာကို နိုင်ပြီး အာဆင်နယ်ဟာ လိဂ်သုံးပွဲဆက်နိုင်ပွဲရထားတယ်။ လီဗာပူးက အဲဗာတန်၊ ဗီလာတို့နဲ့ပွဲတွေမှာ အမှတ်ကျသွားတော့ အာဆင်နယ်အတွက် ဒီပွဲနိုင်ရင် ငါးမှတ်ကွာဟသွား နိုင်တဲ့သဘောပဲ။ ဝက်စ်ဟမ်းကဂရေဟမ်ပေါ်တာလက်ထက် ရုန်းကန်နေရပြီး ခြောက်ပွဲမှာတစ်ပွဲသာနိုင်ထားတယ်။ ဝက်စ်ဟမ်းနဲ့ တွေ့တဲ့ နောက်ဆုံးနှစ်ကြိမ်စလုံးအာဆင်နယ်က ဂိုးမြူးပြီး ၁၁ဂိုးသွင်းထားတာမို့ အခုပွဲဂိုးအပေါ်ရွေးချယ်တာ အကောင်းဆုံးပါ။ ဘုန်းမောက် vs ၀ုဗ် (အိမ်၁=/၃=)(၉နာရီခွဲ) ဘုန်းမောက်က ဆောက်သမ်တန်ကို နိုင်ခဲ့ပြီးနောက်ဆုံးလေးပွဲမှာသုံးပွဲနိုင်ပွဲရကာခြေစွမ်းပုံစံကောင်းနေတယ်။ ဘုန်းမောက်အတွက် ဖေဖော်ဝါရီအိမ်ကွင်းမှာ လီဗာပူးကို ရှုံးပြီးနောက်ပိုင်း ပထမဆုံးအိမ်ကွင်းပွဲဖြစ်ပါတယ်။ လိဂ် မှာကြေးအောင်အများဆုံးထဲဘုန်းမောက်ပါတယ်။ ၀ုဗ်ကတော့ လီဗာပူးကို ကပ်ရှုံးခဲ့ကာ လိဂ်အဝေးကွင်းသုံးပွဲ ဆက်ရှုံးပွဲကြုံထားတယ်။ ဘုန်းမောက်ကွင်းသမိုင်းစဉ်လာမှာတော့ ၀ုဗ်က မှတ်တမ်းကောင်းရထားတယ်။ နောက်ဆုံးသုံးကြိမ်ဘုန်းမောက်ကွင်းမှာ ၀ုဗ်က နှစ်ကြိမ်နိုင်ထားတာ။ ဘုန်းမောက်နိုင်ဖို့များပေမယ့် ၀ုဗ်က လည်း ခြေစွမ်းမာအသင်းဖြစ်တာကြောင့် အခုပွဲအပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးအပေါ်ဝင်သွားနိုင်ပါတယ်။ ဆောက်သမ်တန် vs ဘရိုက်တန် (အဝေး၁-၂၀/၃+၂၀)( ၉နာရီခွဲ) ဘုန်းမောက်ကို ရှုံးပြီး ဆောက်သမ်တန်ရဲ့အခြေအနေကဆိုးရွားဆဲ။ နည်းပြဂျူရစ်ဟာ ခရစ္စမတ်မှာ အသင်းကိုစ တာဝန်ယူပြီးနောက်ပိုင်း ၂၄မှတ်ယူနိုင်တဲ့အလားအလာကနေ သုံးမှတ်ပဲယူနိုင်ခဲ့တယ်။ ဘရိုက်တန်ကတော့ အဲ ဗာတန်၊နော်တင်ဟမ်တို့ကို အနိုင်ယူပြီး ချဲလ်ဆီးကိုပဲ ဆက်အနိုင်ယူခဲ့တယ်။ ဒီနှစ်ဥရောပမျှော်မှန်းချက်နဲ့ ဘရိုက် တန် ဒီပွဲနိုင်ရင် အဆင့်ရှစ်ကို တက်နိုင်မှာဆိုတော့ အမှားခံမှာမဟုတ်ပါဘူး။ ဘရိုက်တန်အောင်ပွဲခံသွားမှာပါ။ အလာဗက်စ် vs အက်စ်ပန်ညို (အိမ်=၁၀၀/၂+၂၀) နှစ်သင်းစလုံးက ဂိုးသွင်းမှုပိုင်းမှာ အားနည်းပါတယ်။ ခံစစ်အားပြုကစားလာမယ့်အသင်းတွေဖြစ်တဲ့အပြင် နှစ် သင်းစလုံးကဂိုးအောက်စရိုက်တွေများကြတာမို့ အခုပွဲဂိုးအောက်နေသင့်ပါတယ်။ ဗင်နီဇီယာ vs လာဇီယို(အဝေး၁+၃၀/၂-၁၀၀) လာဇီယိုက ဒီပွဲနိုင်ဖို့ရေပန်းစားအသင်းဆိုတာ ထင်ရှားပါတယ်။ လာဇီယိုဟာ စီးရီးအေနောက်ဆုံးသုံးပွဲရှုံးပွဲမရှိ ဘူး။ အဝေးကွင်းနောက်ဆုံး၅ပွဲမှာ လေးပွဲနိုင်ထားတဲ့အသင်းပါ။ ဗင်နီဇီယာကတော့ခြေစွမ်းညံ့ပြီးစီးရီးအေသုံးပွဲ ဆက်ရှုံးထားကာ တန်းဆင်းဇုန်ထဲကလွတ်အောက်ရုန်းနေရတဲ့အသင်းပါ။ လာဇီယိုပဲအားပေးသင့်တယ်။ ++++++++++++++++++++++++++++++++++
© COPYRIGHTS 2024 by illuminati