
ယနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲကစားဖို့ရှိပါတယ်။ ညရှစ်ခွဲမှာကစားမယ့် ပွဲစဉ်လေးပွဲအတွက် ပွဲကြို ခန့်မှန်းချက်များကို ရေးသားတင်ပြလိုက်ပါတယ်။ အဲဗာတန် vs စပါး (အိမ် =၂၀/၃+၃၀) အဲဗာတန်အသင်းက ခံစစ်မဆိုးပေမယ့် တိုက်စစ်ကဂိုးသွင်းအားကျနေပါတယ်။ နောက်ဆုံးခုနှစ်ပွဲမှာ သုံးဂိုးပွဲသွင်း နိုင်တယ်။ စပါးကလည်း တပ်ပျက်နေတဲ့အသင်း၊ ဒဏ်ရာပြဿနာတွေများနေပြီး ခံစစ်ကစားပုံညံ့နေတာပါ။ ၂၁ ရာစုအတွင်း အဆိုးရွားဆုံးရာသီတစ်ခုနဲ့စပါးရင်ဆိုင်နေရတာမို့ အဲဗာတန်ကို စပါးနို်ငဖို့မလွယ်ပါဘူး။ ဂိုးသွင်းအား နည်းနိုင်တဲ့အတွက် ဂိုးအောက် ရွေးချယ်သင့်ပါတယ်။ မန်ယူ vs ဘရိုက်တန် (အိမ် =၅၀/၃+၇၀) မန်ယူက ခြေစွမ်းပိုင်းနည်းနည်းပြန်တက်လာပြီး ပြိုင်ပွဲစုံသုံးပွဲစလုံးရှုံးပွဲမရှိဖြတ်သန်းထားတယ်။ ခံစစ်ကတော့ သိပ်ယုံမရသေးတဲ့အသင်းတော့ဖြစ်နေပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံးကစားခဲ့တဲ့၁၁ပွဲစလုံး ပေးဂိုးမရှိပွဲမရှိဘူး။ ဒါ့ အပြင် ပြိုင်ပွဲစုံနောက်ဆုံး ၁၀ပွဲမှာလည်း အိမ်ကွင်း ၇ ပွဲက ပေးဂိုးမရှိတဲ့ပွဲမရှိထားဘူး။ ဘရိုက်တန်ကတော့ ဒီရာ သီအဝေးကွင်းကစားအားကောင်းနေပြီး ၁၃ပွဲစလုံးကို ဂိုးသွင်းထားတာဖြစ်တာမို့ အခုပွဲအပြန်အလှန်သွင်းဂိုးမြင်ရ ဖို့များပါတယ်။ ဂိုးအပေါ် ရပ်တည်သင့်ပါတယ်။ နော်တင်ဟမ်ဖောရက်စ် vs ဆောက်သမ်တန် (အိမ် ၁-၇၀/၃+၅၀) ဖောရက်စ်ကတော့ တကယ့်အံ့မခန်းခြေစွမ်းကိုပိုင်ဆိုင်ထားတာပါ။ အိမ်ကွင်းမှာ လိဂ်ထိပ်ဆုံးက လီဗာပူးကို တစ် ဂိုးစီသရေခံကစားနိုင်ခဲ့ပြီး ထိပ်ဆုံးလေးသင်းနေရာအတွက် ယှဉ်ပြိုင်နိုင်တဲ့အသင်းဖြစ်လာတယ်။ လီဗာပူးကို တစ် ဂိုးနဲ့သရေကျခဲ့တဲ့ပွဲကြောင့် ဖောရက်စ်ဟာ ခုနှစ်ပွဲဆက်နိုင်ပွဲစံချိန် ရပ်သွားခဲ့ရတာ။ ဆောက်သမ်တန်ကတော့ တန်းမဆင်းရရေးရုန်းကန်နေရတဲ့အသင်းဖြစ်ပြီး ခြေစွမ်းပိုင်းညံ့လွန်းနေပါတယ်။ ရှေ့နှစ်ရာသီချန်ပီယံရှစ်ဆင်းရဖို့ များနေတဲ့ ဆောက်သမ်တန်ရဲ့ခံစစ်က နော်တင်ဟမ်ကို မိနစ်ကိုးဆယ်ပြည့်မထိန်းနိုင်ပါဘူး။ နော်တင်ဟမ်ဖော ရက်စ်အနိုင်သေချာနေပါတယ်။ အစ်ဆွစ်ချ် vs မန်စီးတီး (အဝေး ၁-၃၀/၃=) မန်စီးတီးက ဒီရာသီခံစစ်ကစားပုံအားနည်းနေပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဦးဆောင်နှစ်ဂိုးသွင်းထားနိုင်ပြီးကာမှ နှစ်ဂိုးပြန်ပေးလိုက်ရလို့ လေးပွဲဆက်နိုင်ပွဲရမယ့်အနေအထားကို မန်စီးတီးတို့လက်လွှတ်ခဲ့ရတယ်။ ဒါ့အပြင် မန် စီးတီးအဝေးကစားအားကလည်း သိပ်အားရစရာအနေအထားမဟုတ်ပါဘူး။ အစ်ဆွစ်ချ်ကလည်း အိမ်ကွင်းက စားအားမဆိုးလှတာမို့ မန်စီးတီးအနိုင်မသေချာတဲ့ပွဲပါ။ နှစ်ဖက်သွင်းဂိုးကိုလည်း မြင်ရနိုင်တယ်။ အစ်ဆွစ်ချ်နဲ့ ဂိုးအပေါ် ယုံကြည်သင့်ပါတယ်။
© COPYRIGHTS 2024 by illuminati