
ဒီရာသီကုန်ပြီးသွားတဲ့နောက်ပိုင်း လီဗာပူးအသင်းမှာ ဆက်ရှိနေပေးဖို့ တိုက်စစ်မှူးမိုဟာမက်ဆာလာကို ကစား ဖော်ဖြစ်တဲ့ကိုဒီဂတ်ပိုက တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းအနေနဲ့လည်း ဆာလာလို့ တိုက်စစ် မှူးမျိုးကို ရထားတာဟာ ကံအလွန်ကောင်းတဲ့အကြောင်းကိုလည်း ဂတ်ပိုက ပိုပိုသာသာလေး ထည့်ပြောသွားပါ သေးတယ်။ နည်းပြဟောင်းဂျာဂန်ကလော့ပ်ထွက်သွားပြီးနောက်ပိုင်းမှာ ကနဦးရာသီအစမှာပဲ လီဗာပူးဟာ ခြေစွမ်းပုံစံ ကောင်းရထားပြီး နည်းပြသစ်အန်းဆလော့တ်လက်ထက် ပြိုင်ပွဲစုံတစ်ပွဲသာရှုံးနိမ့်ထားတဲ့အထိပါပဲ။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်စစ်မျက်နှာပြင်နှစ်ဖက်စလုံးမှာ လီဗာပူးဟာ ထိပ်ဆုံးမှာ ရပ်တည်နေနိုင်တယ်။ ဒီလိုအသင်းရဲ့အောင်မြင်မှုတွေမှာ အဓိကပဲ့ကိုင်ပေးနေသူက နည်းပြပြီးရင် တိုက်စစ်မှူးမိုဟာမက်ဆာလာပါပဲ၊ ဆာလာဟာခရစ္စမတ်ကာလမှာ အသင်းအတွက် ဂိုးလည်းသွင်း၊ ဂိုးလည်းဖန်တီးပေးနိုင်တဲ့ပထမဆုံးသော ပရီးမီးယားလိဂ်ကစားသမားအဖြစ်လည်း စံချိန်တင်ထားသူဖြစ်ပါတယ်။ အသက် ၃၂ နှစ်ဆာလာကို အသင်းမှာဆက်ရှိစေချင်တဲ့ ဂတ်ပိုရဲ့ဆန္ဒကတော့ မမှားပါဘူး။ ဆာလာနဲ့ပတ်သက်ပြီး ဂတ်ပိုက ‘အရမ်းထူးခြားတယ်ဆိုတာကို ကျနော်တို့ အားလုံးမျက်မြင်တွေ့ကြုံနေရတာပါ။ သူသွင်းတဲ့ဂိုးတင်မက ဘူး၊ သူဖန်တီးပေးတဲ့ဂိုးတွေအားလုံး၊ သူကစားပုံရောပေါ့။ ကျနော်တို့အတွက်၊ သူအတွက် အချိန်အကြာကြီး အခုလိုဆက်ကစားပြနိုင်ဖို့ မျှော်လင့်ပါတယ်။ သူ့ကို ကျနော်တို့ ရထားတာ အရမ်းကံကောင်းပါတယ်’ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။
© COPYRIGHTS 2024 by illuminati