
ဒီနေ့ညမှာတော့ ထိပ်သီးလိဂ်လေးခုရဲ့ပွဲစဉ်တွေ ကစားဖို့ရှိနေပါတယ်။ ဒါကြောင့် ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံး ရှိမယ့် ပွဲလေးပွဲကို ထုတ်နုတ်ပြီး ရွေးချယ်ခန့်မှန်းပေးလိုက်ပါတယ်။ တိုတိုတုတ်တုတ်ခန့်မှန်းချက်များပေါ့။ ပရီးမီးယားလိဂ် ဝက်စ်ဟမ်း - ဘရိုက်တန် (ည ၉ နာရီခွဲ) (ဘရိုက်တန် =၃၀/ ဂိုး ၃-၂၀) ရွေးချယ်မှု - ဂိုးအပေါ် ဘရိုက်တန်ဟာ ပဲလေ့စ်ကို အိမ်ကွင်း ၃-၁ ဂိုးနဲ့ ရှုံးပြီးနောက်ပိုင်း လန်ဒန်ကွင်းသွားကစားတဲ့လေးပွဲစလုံး နိုင်ပွဲမရဖြစ်နေတဲ့အသင်းပါပဲ။ ပရီးမီးယားလိဂ်ရဲ့အသက်အငယ်ဆုံးနည်းပြတစ်ဦးတာဝန်ယူနေတဲ့ ဘရိုက်တန်ဟာ လွန်ခဲ့ တဲ့တစ်လ ဘုန်းမောက်ကို နိုင်ပြီးနောက်ပိုင်း လိဂ်နှစ်မှတ်သာယူထားနိုင်တဲ့အထိဖြစ်နေတယ်။ ဒါပေမဲ့ အဝေး ကွင်းမှာ ဘရိုက်တန်ဟာ တစ်ပွဲပျမ်းမျှသုံးဂိုးကျော်နဲ့ကစားခဲ့တဲ့ခုနှစ်ပွဲ၊ခြောက်ပွဲကို နှစ်ဖက်အပြန်အလှန်သွင်းဂိုး တွေမြင်ထားရတဲ့အသင်းဖြစ်နေတယ်။ ဝက်စ်ဟမ်းကလည်း ခြေစွမ်းမငြိမ်တဲ့အသင်းဖြစ်ပေမယ့် ကစားခဲ့တဲ့အိမ်ကွင်းနောက်ဆုံး၁၀ပွဲမှာ ရှစ်ပွဲကို နှစ်ဖက်သွင်းဂိုးမြင်ရတာများတဲ့အသင်းဖြစ်နေလို့ အခုပွဲမှာ နှစ်ဖက်အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးအပေါ်အောင်မြင်သွားနိုင်ပါတယ်။ လာလီဂါ ဘာစီလိုနာ - အက်သလက်တီကို (ည ၂နာရီခွဲ) (ဘာစီလိုနာ =၁၀၀/၃လုံး 😊 ရွေးချယ်မှု - ဂိုးအပေါ် ဘာစီလိုနာတိုက်စစ်က အကောင်းဆုံးဖြစ်နေပြီး ကမ္ဘာမှာ ဘယ်အသင်းနဲ့မဆို ဂိုးသွင်းနိုင်တဲ့အသင်းဖြစ်နေတယ်။ အခုချိန်ထိ ပြိုင်ပွဲစုံ ၂၄ပွဲမှာ ၁၉ပွဲကို နှစ်ဂိုးအထက် ဘာကာတို့သွင်းထားတယ်။ ဒါပေမဲ့ ဘာကာခံစစ်ပိုင်း အတော် လေးပြဿနာရှိနေပြီး ပေးဂိုးမရှိတဲ့ပွဲတစ်ပွဲမှမရှိသေးဘူး။ ရှိတဲ့တစ်ပွဲဆိုလို့ ဥရောပမှာ ဘရက်စ်နဲ့ပွဲလေးပဲ။ တိုက် စစ်ကောင်းပြီး ခံစစ်ပိုင်းပြဿနာရှိတဲ့ လာလီဂါမှာ ဂိုးအပေါ်ထိုးကွက်က အားသာတာများတယ်။ အသလက်တီကိုကတော့ ခြေစွမ်းကောင်းပုံစံရထားပြီး ၁၁ပွဲဆက်နိုင်ထားသလို သွင်းဂိုးက ၁၃ဂိုး။ တစ်ပွဲပျမ်းမျှ ၂.၈၂ဂိုးရှိတယ်။ ဒီအချက်တွေအားလုံး ထည့်တွက်ရင် လာလီဂါပွဲလည်း ဂိုးအပေါ် အောင်မြင်သွားမယ်ထင်ပါတယ်။ စီးရီးအေ တိုရီနို - ဘိုလော့ဂ်နာ (ည ၈ နာရီခွဲ) (ဘိုလော့ဂ်နာ =၄၀/ ၂လုံး=) ရွေးချယ်မှု - ဂိုးအောက် ဒီလိုပွဲမျိုးက နိုင်မယ့်အသင်းရွေးရခက်တယ်။ ခံစစ်အားပြုလာမယ့် နည်းစနစ်ပိုင်းတိုက်ပွဲဖြစ်နေတယ်။ ဆိုလိုတာ ဂိုးတွေခြောက်ခမ်းနေမယ့်သဘောပါပဲ။ ပြီးခဲ့တဲ့စီးရီးအေသုံးပွဲမှာ တိုရီနိုရဲ့ပထမဆုံးသွင်းဂိုးက အမ်ပိုလီနဲ့တစ်ပွဲပဲရှိခဲ့တယ်။ တိုရီနိုအတွက် အဓိကပြဿနာကြီးက ဂိုးမသွင်းနိုင်တာပါပဲ။ အဝေးကွင်းမှာ ဘိုလော့ဂ်နာတိုက်စစ်က လည်းအလုပ်မဖြစ်၊ပြိုင်ပွဲစုံ အဝေးကွင်းနောက်ဆုံး ၆ ပွဲ၊ သုံးပွဲစလုံး ဘိုလော့ဂ်နာ ဂိုးမသွင်းနိုင်။ ဒီနှစ်သင်းကြား တွေ့ဆုံမှုတိုင်းကလည်း ပျင်းခြောက်ခြောက်ပွဲတွေချည်းဖြစ်ခဲ့ပြီး နောက်ဆုံး ၅ ကြိမ်မှာ ၄ ကြိမ်က ဂိုးအောက်ထိုးကွက် အောင်မြင်ထားတယ်။ အခုလည်း ဂိုးရဖို့ရုန်းကန်နေရတဲ့နှစ်သင်းဆိုတော့ ဂိုးအောက်ပဲ ဝင်ပါလိမ့်မယ်။ ဘွန်ဒက်စ်လီဂါ ဟော့ဖန်ဟိမ်း - မိုချန်ဂလာဘတ် (ည၉ နာရီ) (ဟော့ဖန်ဟိမ်း =၃၀/ ၃ လုံး 😊 ရွေးချယ်မှု - ဂိုးအောက် နောက်ဆုံးခြောက်ပွဲမှာ ဟော့ဖန်ဟိမ်းက နှစ်ဂိုးသာသွင်းဂိုးရှိတယ်။ တစ်ဖက်မှာ မိုချန်ဂလာဘတ်ကလည်း အဝေးကွင်း နောက်ဆုံးခြောက်ပွဲမှာ လေးဂိုးပဲသွင်းနိုင်တယ်။ အခုပွဲကလည်း နှစ်ဖက်သွင်းဂိုးမြင်ရဖို့ မလွယ်လောက်ပါဘူး။ ဂိုးအောက်ပဲ အောင်မြင်မယ်လို့ ခန့်မှန်းမိတယ်။
© COPYRIGHTS 2024 by illuminati