
ပရီးမီးယားလိဂ်ဖလားလေးလုံးယူခဲ့ဖူးသူ မန်ယူကြည်ပွင့်ဟောင်းတစ်ဦးဖြစ်တဲ့နာနီဟာ အသက် ၃၈ နှစ်မှာ ဘောလုံးလောက ကနေအနားယူလိုက်ပြီလို့ အတည်ပြုကြေညာလိုက်ပါတယ်။ နာနီဟာ ဆာအဲလက်စ်ဖာဂူဆန် လက်အောက်မှာကစားခဲ့ပြီး မန်ယူနဲ့အတူ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်ကိုပါ ဆွတ်ခူးရရှိခဲ့သူပါပဲ။ ၂၀၁၆ မှာပေါ်တူဂီအသင်းနဲ့အတူ နာနီဟာ ယူရိုချန်ပီယံဖလားယူခဲ့တဲ့အထိ ကစားသမားဘဝအောင်မြင်မှုတွေရရှိထားတာပါ။ နာနီဟာ ၂၀၀၇ ခုနှစ် အသက် ၂၀မှာပဲ စပို့တင်းအသင်းကနေ မန်ယူကိုရောက်ရှိခဲ့ပြီးအသင်းရဲ့ပုံမှန်ပွဲထွက်ခွင့်ရကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။ ၂၀၁၅မှာ ငယ်ဘဝကလပ်ဟောင်းဆီကိုပဲ အငှားပြန်ပြောင်းသွားခဲ့တဲ့နာနီဟာ အသက်ကြီးလာပေမယ့်လျှင်မြန်မှုကတော့ကျမသွားပါဘူး။ ဒါပေမဲ့ ကစားသမားဘဝမှာ ဆက်လက်နေရာရနိုင်ဖို့မလွယ်ကူဘူးလို့ထင်မြင်လာတဲ့အတွက်နာနီဟာ ဆိုရှယ်မီဒီယာကနေ ခံစားချက်အရ အနားယူတော့မယ့်ဆုံးဖြတ်ချက်ကို ရေးတင်ထားတာလဲ ဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati