
Pieces Sports ပရိသတ်များအတွက် လူသိနည်းသောပရီးမီးယားလိဂ်မှတ်တမ်းများ အပိုင်း (၄)မှာကတော့ ဒုတိယခေါင်းစဉ်ဖြစ်တဲ့ ကစားသမားမှတ်တမ်းများအောက်ကဂိုးသွင်းအများဆုံး၊ ပွဲကစားမှုအများဆုံး၊ တစ်ရာသီတည်းသွင်းဂိုးအများဆုံး၊ ဟက်ထရစ်ဂိုးအများဆုံးမှတ်တမ်းတွေကို ဖော်ပြပေးသွားပါမယ်။ ဂိုးသွင်းအများဆုံး နယူးကာဆယ်နဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားပါပဲ။ ပရီးမီးယားလိဂ်သွင်းဂိုး ၂၆၀နဲ့ စံချိန်တင် ထားပါတယ်။ ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာကနေစပြီး ပြိုင်ပွဲသမိုင်းမှာ ဒီစံချိန်ကိုတင်နိုင်ဖို့ အလန်ရှီးယားဟာ အ ရင်တိုက်စစ်မှူးဟောင် တက်ဒီရှာရင်ဂမ်ကို ဖြတ်ကျော်ခဲ့ရတာပါ။ အလန်ရှီးယားဟာ သူ့ရဲ့ပရီးမီးယားလိဂ် နောက်ဆုံးသွင်းဂိုးကို ၂၀၀၈ ခုနှစ်မှာ သွင်းယူခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဘိုင်ယန်မြူးနစ်ကို တိုက်စစ်မှူးဟယ်ရီ ကိန်းထွက်သွားတဲ့အတွက် ဒီပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမားဆိုတဲ့ဂုဏ်ပုဒ်ကို ရှီးယားဟာ နောက် နှစ်အနည်းငယ်လောက်ထိ ဆက်ထိန်းထားနိုင်ဦးမယ့်ပုံပါပဲ။ ပွဲကစားမှုအများဆုံး ဂါရတ်ဘယ်ရီပါ။ ပရီးမီးယားလိဂ်ပွဲပေါင်း ၆၅၃ပွဲနဲ့ စံချိန်တင်ထားတယ်။ သူ့ပွဲစံချိန်ကို တခြားဘယ်ကစားသမားမှ လိုက်မမှီသေးပါဘူး။ ဘယ်ရီဟာ ကစားသမားဘ၀တစ်လျှောက် အက်စ်တွန်ဗီလာ၊ မန်စီးတီး၊ အဲဗာတန်နဲ့ ဝက်စ် ဘရွန်းအသင်းတို့မှာ ကစားခဲ့တယ်။ ၂၀၁၈ မှာတော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံးကစားသွားခဲ့တယ်။ ၂၀၂၄-၂၅ ရာသီပွဲအများဆုံးစာရင်းထဲ ဝင်လာသူကတော့ ဂျိမ်းစ်မီလ်နာပါပဲ။ အသက် ၃၈နှစ် ဘရိုက်တန်ကွင်းလယ်လူဟာ ၆၃၇ ပွဲကစားပြီး ၂၀၂၃-၂၄ တုန်းက ရိုင်ယန်ဂစ်ရဲ့စံချိန် ၆၃၂ ကို ဖြတ်ကျော်ထားကာ ဂါရတ်ဘယ်ရီနောက်ကို လိုက်မှီနိုင်မယ့်သူဖြစ်နေပါတယ်။ တစ်ရာသီတည်းသွင်းဂိုးအများဆုံး ၂၀၂၂-၂၃ရာသီမှာ မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းဟာ ၃၆ ဂိုးသွင်းယူပြခဲ့တယ်။ ဒါကြောင့် တစ်ရာသီ တည်းသွင်းဂိုးအများဆုံးကစားသမားဖြစ်သွားရတာ။ နော်ဝေသားဟာ သူ့ပခုံးအပေါ် မျှော်မှန်းချက်တနင့်တပိုး ကြီးကို ထမ်းပြီး အင်္ဂလန်ကို ရောက်လာခဲ့တယ်။ မန်စီးတီးကို သမိုင်းဝင်ဖလားသုံးထပ်ကွမ်းဖြစ်စေခဲ့တယ်။ အရင်တုန်းက ဒီစံချိန်ကို တင်ထားသူက အလန်ရှီးယားပါ။ ၁၉၉၄-၉၅ တုန်းက ၃၄ဂိုးသွင်းတယ်။ အဲဒီတုန်းက တစ်ရာသီ ၃၈ပွဲထက်ပိုများပြီး တစ်ရာသီ ၄၂ ပွဲကစားရတာပါ။ ဟာလန်းမတိုင်ခင်က တစ်ရာသီ ၃၈ပွဲနဲ့ ဂိုးသွင်း အများဆုံးက လီဗာပူးတိုက်စစ်မှူးမိုဟာမက်ဆာလာဖြစ်ခဲ့တယ်။ ၂၀၁၇-၁၈ရာသီက လီဗာပူးအတွက် ၃၂ ဂိုး ဆာလာသွင်းပေးခဲ့တာပါပဲ။ ဟက်ထရစ်ဂိုးအများဆုံး ဆာဂျီယို အဂွဲရိုးပါ။ ၁၂ကြိမ်ဟက်ထရစ်ဂိုးသွင်းထားတယ်။ အလန်ရှီးယားထက် တစ်ကြိမ်ပိုများပြီး ပြိုင်ပွဲသမိုင်း ဘယ်ကစားသမားမှ လိုက်မမှီသေးတဲ့စံချိန်ပါ။ အင်္ဂလန်မှာ ကြာကြာသာသူဆက်နေရင် စံချိန်ထပ်တင်နိုင်ဦးမှာ။ သူ့နေရာကို ယူလာနိုင်သူက ဟာလန်းပါပဲ၊ ပရီးမီးယားလိဂ်မှာ နှစ်ရာသီကျော်သာကစားထားရသေးပေမယ့် ဟာ လန်ဟာ လက်ရှိဟက်ထရစ်ဂိုး ၈ ကြိမ်ရှိနေပါပြီ။ ဒီပမာဏက ရုဒ်ဗန်နစ္စတယ်ရွိုင်း၊ ရော်ဘင်ဗန်ပါစီနဲ့ အန်ဒရူး ကိုးလ်တို့ထက် ပိုများနေပါတယ်။
© COPYRIGHTS 2024 by illuminati