
လီဗာပူးပရိသတ်တွေအတွက်စိတ်အေးစရာသတင်းထွက်ပေါ်လာပါပြီ။ အသင်းရဲ့အဓိကတောင်ပံကစားသမားမိုဟာမက်ဆာလာ အသင်းနဲ့ ၂ နှစ်သက်တမ်းတိုးဖို့သဘောတူညီလိုက်ပြီဆိုတာပဲဖြစ်ပါတယ်။ ဇွန်မှာစာချုပ်သက်တမ်းကုန်မယ့်ဆာလာရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမရေမရာထွက်ပေါ်နေခဲ့တာပါ။ ဒါပေမဲ့ဆာလာကတော့ အသင်းနဲ့အတူ စာချုပ်ဖို့သိပ်နီးကပ်နေပြီလို့သတင်းကဖော်ပြထားပါတယ်။ သူ့ကစားသမားအတွက် ၃ နှစ်စာချုပ်ကိုလိုချင်ခဲ့တာလို့ဆာလာရဲ့အေးဂျင့်ကဆိုပါတယ်။ ဒါပေမဲ့ အသက် ၃၂ နှစ်ဆာလာအတွက် ညှိနှိုင်းမှုလုပ်ပြီးသကာလ ၂၀၁၇ ကတည်းကကိုယ်စားပြုလာတဲ့ လီဗာပူးမှာ ဆက်နေဖို့ကို သဘောတူလိုက်တာပဲဖြစ်ပါတယ်။ ဆာလာဟာ လီဗာပူးမှာ တစ်ပတ်လုပ်ခလေးသိန်းရရှိထားပြီး အခုဆက်နေဖို့အရေးမှာငွေကြေးကပြဿနာမရှိဘူးလို့သိရပါတယ်။
© COPYRIGHTS 2024 by illuminati