
မန်ယူအသင်းတိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်သည် မန်စီးတီးကို အနိုင်ယူခဲ့သော မန်ချက်စတာဒါဘီပွဲလူစာရင်းမှ ချန်လှပ်ခံရပြီးနောက် ၂၄ နာရီအကြာတွင် နေမကောင်း၍ လေ့ကျင့်ရေးကွင်းမှ အိမ်သို့ပြန် ပို့ခံခဲ့ရကြောင်း သိရသည်။ ရက်ရှ်ဖို့ဒ်သည် ဆယ်စုနှစ် ၂ ခုကြာ မန်ယူအတွက်ကစားပေး ပြီး ၁၄၃ဂိုးသွင်းယူပေးထားသည်။ ကလပ်၏မူဝါဒအရ နေမကောင်း ဖြစ်သည့်သူများ ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ မလာရပေ။ ရက်ရှ် ဖို့ဒ်သည် ကိုယ်ပူချိန်တက်လာသည်ကို ဆရာဝန်က စစ်ဆေးတွေ့ရှိပြီး နောက် ကွင်းထဲမှ အိမ်ပြန်ပို့ခံလိုက်ရခြင်းဖြစ်သည်။ အသက် ၂၇ နှစ်ရက်ရှ်ဖို့ဒ်သည် သတင်းသမား ဟင်နရီဝင်းတားနှင့် တွေ့ဆုံရာတွင် ဒါဘီပွဲမှ ချန်လှပ်ခံရပြီးနောက် မန်ယူမှထွက်ခွာ ရန် မိမိအဆင်သင့်ရှိနေကြောင်း ထုတ်ပြောသွားခဲ့သည်။ "ကျနော့်အ တွက် ပုဂ္ဂိုလ်ရေးအရပြောရရင် စိန်ခေါ်မှုသစ်အတွက် အဆင်သင့်ပဲ၊ နောက်ထပ်ခြေလှမ်းတွေလှမ်းဖို့ အသင့်ရှိနေတယ်။ မန်ယူကထွက်ရ ချိန်ကျရင် ကျနော့်မှာ ခက်ခက်ခဲခဲစိတ်ခံစားချက်ရှိနေမှာ မဟုတ်ဘူး။ မန်ယူနဲ့ပတ်သက်ပြီး ကျနော့်ဆီက အပျက်သဘောမှတ်ချက်စကားမျိုး လည်း ကြားရမှာမဟုတ်ပါဘူး။ အဲဒါကျနော်ပဲ။ ကျနော်အ မြဲတမ်းသူရဲနီဖြစ်နေမှာပါ"ဟု ရက်ရှ်ဖို့ဒ်က ပြောသည်။ မန်ယူဘက်က လာမည့်ဇန်နဝါရီဈေးကွက်တွင် ရက်ရှ်ဖို့ဒ်အတွက် ပေါင်သန်း ၄၀ဖြင့် ကမ်းလှမ်းလာမည့် အသင်းများကို စောင့်ကြိုနေသည်။ ရက်ရှ်ဖို့ဒ်သည် မန်ယူ နှင့် သုံးနှစ်ကျော်စာချုပ်သက်တမ်းရှိသေးသည်။ မနှစ်က ရက်ရှ်ဖို့ဒ်သည် မန်ယူတွင် တစ်ပတ်လုပ်ခ ပေါင် ၃၁၅၀ဝ၀ ရရှိသည့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။
© COPYRIGHTS 2024 by illuminati