
ကဲ…မန်စီးတီးပရိသတ်တွေ သို့လော..သို့လောနဲ့ စိုးရိမ်နေတဲ့ ရတက်မအေးကိစ္စတစ်ရပ်ကတော့ လှပစွာ နိဂုံးချုပ် သွားပါပြီ။ တခြားမဟုတ်ပါဘူး၊ အသင်းရဲ့အောင်မြင်မှုပဲ့ကိုင်ရှင်ကြီး နည်းပြဂွါဒီယိုလာတစ်ယောက် မန်ချက်စတာ မှာ ဆက်နေမယ့် စာချုပ်သစ်ကို သဘောတူလိုက်တာပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ၂၀၂၇ခုနှစ် ၂ နှစ်တာစာချုပ်သစ်ပါ။ ဆွေးနွေးတဲ့အခါမှာတော့ ဂွါဒီယိုလာဘက်က ကနဦး ၁ နှစ်သက်တမ်းတိုးကိုသာ အရင်ချုပ်မယ်၊ ဒုတိယနှစ်အတွက်ကိုတော့ စဉ်းစားရွေးချယ်စရာတစ်ခုအနေနဲ့ထားပြီး ချုပ်မယ်လို့ သဘောတူညီလိုက်တာပါပဲ။ ပြီးခဲ့တဲ့နွေရာသီကတည်းက ရာသီကုန်ရင် စာချုပ်သက်တမ်းကုန်မယ့် ဂွါဒီယိုလာနဲ့ပတ်သက်ပြီး ပူပန်မှုတွေ ပရိသတ်တွေကြားထဲ လှိုင်းထပေါက်ဖွားနေခဲ့တာပါ။ ဂွါဒီယိုလာဘက်ကလည်း သူ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာကိုမှ ရေရာသေချာစွာ ထတ်ပြောမထားတဲ့အတွက်လည်း ပရိသတ်တွေရဲ့ပူပန်မှုက ပိုထိုးတက်လာတယ်။ အသင်းဘက်ကလည်း ဂွါဒီယိုလာရဲ့နေရာအစားထိုးဖို့ရာ နည်းပြလောင်းတွေကို စဉ်းစားတို့ထိမိထားရုံလောက် ပြင်ဆင်နေခဲ့တာပါ။ မီဒီယာတွေထက်မှာလည်း အလွန်ဆို၊ အေမိုရင်၊ တူချယ်၊ နောက်ဆုံးအင်္ဂလန်နည်းပြဟောင်းဆောက်ဂိတ် အထိအပါအဝင် မန်စီးတီးနည်းပြလောင်းဖြစ်လာမယ့်သူတွေကို ခန့်မှန်းထုတ်ဖော်ရေးသားခဲ့ကြတာလည်း အမြောက်အများပါပဲ။ အခုတော့လည်း ဒါတွေပြီးဆုံးပြီကွယ်လို့ ဆိုရမယ်။ ဂွါဒီယီုလာဟာ အသင်းကို ပရီးမီးယားလိဂ်ဖလားလေးကြိမ် ဆက်ယူပေးထားတဲ့နည်းပြပါ။ အသက် ၅၃နှစ်ဂွါဒီယိုလာဟာ ၂၀၁၆မှာ မန်စီးတီးကို စပြောင်းလာခဲ့သူပါ။ ရှစ်နှစ် တာဝန်ယူချိန်မှာ မန်စီးတီးအတွက် ဖလားခြောက်လုံးယူပေးထားတဲ့ အသင်းသမိုင်းဝင်နည်းပြဖြစ်လာခဲ့တယ်။ စပိန်သားဂွါဒီယိုလာဟာ အရင်တုန်းက ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့ကို နည်းပြခဲ့ဖူးပြီး ၂၀၂၃မှာ ချန်ပီယံလိဂ်ဖလားယူကာ နည်းပြသက်တမ်းတစ်လျှောက် ဖလားစုစုပေါင်း ၁၈လုံး အောင်မြင်မှုစိုက်ထူထားတယ်။ အခုမန်စီးတီးနဲ့ဆယ်စုနှစ်တစ်ခုစာဖြတ်သန်းမယ့်သတင်းဟာ မန်စီးတီးပရိသတ်တွေအတွက် တစ်ဖက်မှာသောင် ထွန်းဖြစ်ပေမယ့် တစ်ဖက်က ပြိုင်ဘက်အသင်းပရိသတ်တွေအတွက်တော့ ကမ်းပြိုမယ့်အနေအထားပဲ။ ပြိုင် ဘက်ပရိသတ်တွေဟာ မန်စီးတီးမှာ ဂွါဒီယိုလာဆက်နေမယ့်သတင်းကို စိုးရိမ်ကြတယ်။ နောက်ထပ်နှစ်အနည်း ငယ်လောက် ပရီးမီးယားလိဂ်ကို မန်စီးတီး ဆက်လွှမ်းမိုးနေမှာကို စိုးရိမ်ကြတာပဲ။ ပရိသတ်တစ်ဦးဆိုရင် ‘မန်စီး တီးမှာ ဂွါဒီယိုလာ နောက်တစ်နှစ်ဆက်နေပြီ။ ဆက်တိုက် ပရီးမီးယားလိဂ်ဖလားခြောက်လုံး ဖြစ်သွားနိုင်တယ်’လို့ တောင် ထုတ်ပြောရတဲ့အထိ ဂွါဒီယိုလာနဲ့မန်စီးတီးကို လန့်နေကြတာပါပဲ။ တစ်ချက်ရှိတာက ဂွါဒီယိုလာရဲ့သတင်းထွက်လာပြီးချင်းမှာပဲ မန်စီးတီးဟာ ဘဏ္ဍာရေးချိုးဖောက်မှုပေါင်း ၁၁၅ ချက်အတွက် ပြစ်ဒဏ်စီရင်ချက်ကို စောင့်မျှော်နေရတာပဲ။ အလွန်ဆုံး၂၀၂၅ခုနှစ်အစောပိုင်းအထိ စီရင်ချက်ကျဖို့ရာ မသေချာသေးဘူးလို့ သိရတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ အထိ ဘဏ္ဍာရေးအမှုပေါင်း ၁၁၅ချက်ကို မန်စီးတီး ကျူးလွန်ထားတယ်ဆိုပြီး ၂၀၂၃ ဖေဖော်ဝါရီက ပရီးမီးယားလိဂ်ရဲ့ထုတ်ပြန်ချက်ထွက်လာခဲ့တာပါ။ ပြီးခဲ့တဲ့စက်တင်ဘာလမှာ ဒီအမှုတွေအတွက် စစ်ဆေးကြားနာမှုစတင်ပြုလုပ်နေပါပြီ။ ပြစ်မှုထင်ရှားရင် မန်စီးတီးအနေနဲ့အမှတ်လျော့နဲ့ ဒဏ်ကြေးငွေ ချမှတ်ခံရမှာဆိုတော့ နည်းပြဂွါဒီယိုလာဟာ အဲဒီစီရင်ချက်ရဲ့အကျိုးသက်ရောက်ချက် ကို မလွဲမသွေ ရင်ဆိုင်ရမယ့်အနေအထားမျိုးရှိပါတယ်။ အမှတ်လျော့ပြစ်ဒဏ်ဆိုရင်တော့ ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ မန်စီးတီးအပေါ် စိုးရိမ်စိတ် အနည်းငယ်သက်သာရာရသွားဖွယ်ရှိကြောင်း . . .။
© COPYRIGHTS 2024 by illuminati