
မန်ယူအသင်းနည်းပြ Ruben Amorim ဟာ အသင်းကအပြောင်းအရွှေ့ဇာတ်လမ်းအသံကျယ်နေ Garnacho ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မပြတ်မသားစကားဆိုလာပြန်ပါတယ်။ garnacho အနာဂတ်မရေမရာဖြစ်နေပြီး ဒီရက် ပိုင်း အပြောင်းအရွှေ့လှုပ်ခတ်ဆုံးဖြစ်နေတယ်။ ဒါပေမဲ့ အခု Amorim က Garnacho ဟာ ပွဲရဲ့အခြေအနေတိုင်း မှာ အများကြီးခြေစွမ်းပြပိုကောင်းလာနိုင်စွမ်းရှိသူတစ်ဦးဖြစ်တယ်လို့ ပြောလိုက်ပြန်ကာ သူ့ကို ရောင်းထုတ်နိုင် တဲ့အခြေအနေကို ပြန်ကာကွယ်တဲ့စကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။ Amorim ဟာ ယူရိုပါလိဂ်ပွဲအဖြစ် ရိန်းဂျားစ်အသင်းကို အနိုင်ယူပြီးနောက်ပိုင်း ဒီစကားကို ပြောဆိုသွားတာပါ။ လက်ရှိမှာ ချဲလ်ဆီးအသင်းကတော့ garnacho ကို တရားဝင်ကမ်းလှမ်းစာ တင်ထားတယ်လို့ ဆိုပါတယ်။ ချဲလ် ဆီးဟာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ပေါင်၆၅သန်း သတ်မှတ်ထားတဲ့ garnacho ကို စတင်စုံစမ်းမှုတွေ ပြုလုပ် နေခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၀အရွယ် garnacho ဟာ ရိန်းဂျားစ်နဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားသွားခဲ့တာပါ။ နာပိုလီဘက်ကလည်း garnacho အတွက် ပေါင် ၄၅သန်းကနေ ပေါင် သန်း၅၀အထိ တိုးပြီးကမ်းလှမ်းချက်များ စွာ မန်ယူအသင်းထံ ပေးပို့ထားတယ်လို့ သိရပါတယ်။ ခုချိန်မှာ နာပိုလီဟာ ဒေါ့မွန်က Adeyemi ကို ခေါ်ယူဖို့ လည်း garnacho ကို လိုက်နေချိန်မှာ အပြိုင်စေ့စပ်ဆွေးနွေးနေတယ်လို့ သိရပါတယ်။ Garnacho ရဲ့အေးဂျင့် အဖွဲ့ကတော့ ၀ုဗ်နဲ့ကစားသွားခဲ့တဲ့ပွဲကို လာရောက်ကြည့်ရှုသွားပြီး လန်ဒန်ကလပ်ထံ သူတို့ကစားသမားပြောင်း ဖို့ကိစ္စအတွက် ကြိုတင်လေ့လာချက်တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ Garnacho ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းနဲ့ပတ်သက်ပြီး မန်ယူနည်းပြ Amorim က “ဘာဆက်ဖြစ်မလဲ ကျနော် မသိပါဘူး။ ခုချိန်မှာ ပွဲတွေနဲ့ ရှိနေတဲ့ကစားသမားတွေအပေါ်ကိုပဲ အာရုံစိုက်ထားတယ်။အပြောင်းအရွှေ့စျေး ကွက် မပိတ်ခင်အထိ ဘာဖြစ်လာမလဲတော့မသိဘူးပေါ့။ ဘာမဆို ဖြစ်သွားနိုင်တာပဲ။ သူ(garnacho) အခုဒီမှာ ရှိတယ်၊ မန်ယူအသင်းကစားသမားအဖြစ်ရှိနေတယ်။ တစ်နေ့ကပွဲမှာ ကျနော်တို့အတွက် အရမ်းအရေးပါခဲ့သူ ဖြစ်ခဲ့တယ်။ ရှေ့ရက်တွေမှာလည်း စောင့်ကြည့်ရမှာပေါ့။ ပွဲရဲ့အသွင်အပြင်တိုင်းမှာ သူတိုးတက်လာနေတယ်။ အခြေအနေတိုင်းမှာ အများကြီးပိုကောင်းတိုးတက်လာနိုင်တဲ့အလားအလာ သူ့မှာရှိနေတယ်”လို့ ပြောဆိုသွား ပါတယ်။ ချဲလ်ဆီးဘက်က ပေါင် သန်း၆၀အပြင် အပိုထပ်ကြေးတွေနဲ့ပါ ကမ်းလှမ်းထားလို့ ကစားသမားသာ ပြောင်းရွှေ့ချင်ပါက အပြောင်းအရွှေ့စာချုပ်ဖြစ်မြောက်သွားနိုင်ပါတယ်။
© COPYRIGHTS 2024 by illuminati