
ဒီညမှာတော့ ပရိသတ်တွေစိတ်ဝင်စားမှုအမြင့်မားဆုံး ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူအ သင်းတို့ကစားမယ့်ပွဲတစ်ပွဲရှိနေပါတယ်။ တခြားလိဂ်ပွဲစဉ်တွေရှိပေမယ့် ဒီပွဲကတော့ အစဉ်အလာမှာ ပြိုင်ဆိုင်မှုအ ပြင်းထန်ဆုံး လူစိတ်ဝင်စားမှုအရှိဆုံးပွဲဖြစ်တာမို့ ဒီပွဲအတွက် ပွဲကြိုသုံးသပ်ချက်ကို ရေးသားပေးလိုက်ရပါတယ်။ အာဆင်နယ်နဲ့ မန်ယူ ကစားမည့်ရက် - ၄၊ ဒီဇင်ဘာ၊ ၂၀၂၄ ကစားမည့်အချိန် - ည ၂နာရီ ၄၅ မိနစ် ကစားမည့်ကွင်း - အမ်းမရိတ်အားကစားကွင်း (လန်ဒန်) ပြီးခဲ့တဲ့၂နှစ်ရာသီမှာ အာဆင်နယ်ဟာ လိဂ်ဖလားရဖို့ နီးစပ်ခဲ့ပေမယ့် ဆင်ပြောင်ကြီးအမြီးတစ်ဖြစ်ခဲ့ရတယ်။ ဒီနှစ်မှာလည်း နောက်တစ်ကြိမ် ဖလားစိန်ခေါ်နိုင်မယ့်အမာခံအသင်းတွေထဲကတစ်သင်း ဖြစ်လာခဲ့ပြန်ပါတယ်။ အာဆင်နယ်ကစားပုံက အညံ့စားထဲတော့ မဝင်သေးပါဘူး။ ဒါပေမဲ့ ဇယားထိပ်က လီဗာပူးက သိပ်ကောင်းလွန် နေတော့ အမှတ်ကွာဟချက်က ကြီးမားသွားတယ်။ လက်ရှိ အာဆင်နယ်က ၂၅ မှတ်နဲ့ ဒုတိယ၊ထိပ်ဆုံးနဲ့ ကိုး မှတ်ပြတ်နေတယ်။ ဒါပေမဲ့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာတော့ အရှိန်ကောင်းနေတာ၊ ပြိုင်ပွဲနောက်တစ်ဆင့် ရောက်ဖို့ လမ်းကြောင်းမှန်ပေါ်မှာ အာကြီးတို့ ရောက်ရှိနေပါတယ်။ မန်ယူကတော့ မနှစ်က အသင်းရဲ့ပရီးမီးယားလိဂ်သမိုင်းအဆိုးရွားဆုံးကြုံခဲ့တယ်။ အဆင့်ရှစ်မှာရပ်တည်ခဲ့ပြီး ဒီရာသီမှာလည်း ခြေစွမ်းညံ့မှုက ဆက်ဖြစ်ခဲ့ပါတယ်။ ဒီလိုခြေစွမ်းညံ့လွန်းမှုကြောင့်လည်း နည်းပြအဲရစ်တန် ဟက်ဂ်ကို ရာထူးကနေ ထုတ်ခဲ့ရတယ်။ ဒါပေမဲ့ နည်းပြသစ်အေမိုရင်ကတော့ အခြေအနေတွေကို ပြောင်းလဲနိုင် မှာပဲဆိုပြီး မန်ယူတို့ မျှော်လင့်နေကြပါတယ်။ ယာယီနည်းပြအဖြစ် ရုဒ်ဗန်နစ္စတယ်ရွိုင်းတာဝန်ယူခဲ့တုန်းက တိုး တက်ရိပ်တချို့ပြခဲ့သေးတယ်။ အေမိုရင်အောက်မှာလည်း ဒီလိုပဲဖြစ်မှာပေါ့လေ။ အခုတော့ ၁၉မှတ်နဲ့ အဆင့် ၉၊ ထိပ်ဆုံးလေးနေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကနေ လေးမှတ်ပဲတော့ကွာဟနေဆဲပေါ့။ သုံးသပ်ရွေးချယ်မှု အာဆင်နယ်က သုံးပွဲဆက်နိုင်ပွဲရထားသလို တိုက်စစ်ကလည်း ကောင်းနေတာပါ။ နောက်ဆုံးသုံးပွဲစလုံး သွင်းဂိုးက ၁၅ဂိုးရှိပြီး တစ်ပွဲငါးဂိုးနှုန်းပဲ။ ဒီလိုမျိုး တိုက်စစ်ကောင်းနေတဲ့အတွက်လည်း အဲဒီသုံးပွဲစလုံးမှာ ဂိုးတွေ မြူးဂိုးအပေါ်တွေ အောင်မြင်ထားတယ်။ မန်ယူကတော့ တန်ဟက်ဂ်ကို ထုတ်အပြီးမှာ ခြေစွမ်းကောင်းခဲ့ပါတယ်။ တန်ဟက်ဂ်အလွန်နောက်ပိုင်း ခုနှစ်ပွဲစ လုံးရှုံးပွဲမရှိဘဲ ကစားပုံက အများကြီး ပိုကောင်းလာခဲ့တယ်။ အဲဒီကာလတွေမှာ ငါးပွဲအတွင်း နှစ်ဂိုးအထက်တွေ ချည်း မန်ယူသွင်းထားနိုင်တာ တွေ့ရတယ်။ နှစ်သင်းစလုံး ခြေစွမ်းကောင်းနေမှုရယ်၊ ဂိုးမြူးပွဲတွေချည်းကစားထားကြပုံချင်းတူတာထောက်ရင် အခုပွဲမှာ လည်း သွင်းဂိုးအနည်းဆုံးသုံးဂိုးလောက်မျှော်လင့်လို့ရနိုင်ပါတယ်။ နှစ်ဖက်အပြန်အလှန်ဂိုးမြူးမယ့်ပွဲလို့ပဲ သုံး သပ်လိုက်ရပါကြောင်း . . . နှစ်သင်းနောက်ဆုံးငါးပွဲတွေ့ဆုံမှုရလဒ်များ အာဆင်နယ် ၂-၁ မန်ယူ မန်ယူ ၀-၁ အာဆင်နယ် အာဆင်နယ် ၃-၁ မန်ယူ အာဆင်နယ် ၀-၂ မန်ယူ အာဆင်နယ် ၃-၂ မန်ယူ မန်ယူ ၃-၁ အာဆင်နယ်
© COPYRIGHTS 2024 by illuminati