
ဒီနေ့မှာတော့ နိုင်ငံတကာပွဲစဉ်တွေဖြစ်တဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေရှိပါတယ်။ အဲဒီပွဲစဉ်တွေထဲကမှာ ဒီနေ့အတွက် အကောင်းဆုံးပွဲစဉ်တစ်ပွဲကို ထုတ်နုတ်သုံးသပ်ပေးလိုက်ပါတယ်။ အဲဒါကတော့ ဘယ်လ်ဂျီယံနဲ့ အီတလီအသင်း တို့ရဲ့ပွဲစဉ်ပါပဲ။ အီတလီအသင်းဟာ ၂၀၂၄-၂၅ရာသီစကတည်းက ခြေစွမ်းပုံစံကောင်းရထားတယ်။ ဘယ်လ်ဂျီယံကတော့ ရွှေ ရောင်မျိုးဆက်ခေတ်ဟာ ဖလားတစ်လုံးမှမရဘဲဇာတ်သိမ်းရဖို့သေချာသလောက်နီးပါပဲ။ ၂၀၂၂ ကာတာကမ္ဘာ့ဖ လားမှာ စိတ်ပျက်စရာကြုံခဲ့ရ၊ ယူရိုမှာလည်း ရလဒ်မကောင်းခဲ့။ နည်းပြဒီတက်စကိုရဲ့ဘယ်လ်ဂျီယံဟာ လိဂ်အေ မှာ တတိယရပ်တည်နေပြီး နေးရှင်းလိဂ်အစတာထွက်လည်းမလှဖြစ်နေတာပါ။ အီတလီကတော့ အဲဒီလိုမဟုတ်ဘူး။ ပြိုင်ပွဲစုံ ၃၇ပွဲရှုံးပွဲမရှိစံချိန်ဟာ ၂၀၂၁ အောက်တိုဘာမှာ ဂိတ်ဆုံးသွားခဲ့ပေ မယ့် အီတလီခြေကတော့ အထင်ကြီးစရာပါ။ ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်၊ ၁၆သင်းရှုံးထွက်အဆင့်မှာ ဆွစ် ဇာလန်ကို ရှုံးပြီးထွက်ခဲ့ရတဲ့နောက်ပိုင်း ဒီနှစ်ဘောလုံးရာသီအစမှာ အီတလီခြေစွမ်းမှန်နေပါတယ်။ မနှစ်ကဩ ဂုတ်လ နည်းပြချုပ်အဖြစ် လူစီယာနိုစပယ်လက်တီကို ခန့်အပ်လိုက်မှုကြောင့်လည်း အီတလီအသင်းအခြေအနေ တွေ တဖြည်းဖြည်းချင်းပြောင်းလဲသွားတာ။ လေးပွဲကစားပြီး ဆယ်မှတ်နဲ့ အုပ်စု ၂ မှာ အီတလီက ထိပ်ဆုံးကဦး ဆောင်နေတယ်။ ဒီနေ့ပွဲမှာလည်း အဲဒီခြေစွမ်းပုံစံကိုပဲ အီတလီဆက်ထိန်းမယ်လို့ ယူဆရပါတယ်။ ဘယ်လ်ဂျီယံအတွက်က လေးပွဲမှာ တစ်ပွဲပဲနိုင်ထားတော့ ဒီနေ့ပွဲဟာ မဖြစ်မနေအနိုင်ယူရမယ့်ပွဲ(must-win) ဖြစ် နေတယ်။ အုပ်စုထိပ်ဆုံးနှစ်သင်းနေရာရပ်တည်ဖို့ မျှော်လင့်ချက်ရှင်သန်နေဖို့ရာ ဘယ်လ်ဂျီယံအတွက် ဒီနေ့ပွဲမှာ အနည်းဆုံးတစ်မှတ်တော့ ရမယ်လို့ စိတ်ကူးကြည့်မိပါတယ်။ ဘယ်လ်ဂျီယံက ကစားတဲ့ပွဲအားလုံးဂိုးသွင်းသလို၊ အီတလီနဲ့အစဉ်အလာမှာ ဂိုးသွင်းခြေမှတ်တမ်းကောင်းရှိထားတယ်။ ဒီနှစ်သင်းနောက်ဆုံးသုံးကြိမ်စလုံး နှစ်ဖက် အပြန်အလှန်သွင်းဂိုး(BTTS) ဆိုတဲ့ထိုးကွက်က အောင်မြင်ထားပါတယ်။ တစ်ဖက်မှာ အီတလီကလည်း ခံစစ်ပိုင်းပြဿနာများစွာနဲ့။ နောက်ဆုံးရှစ်ပွဲမှာ ပေးဂိုးမရှိတဲ့ပွဲတစ်ပွဲမှမရှိဘူးဖြစ် နေတယ်။ ဒီတော့ ဒီနေ့ပွဲစဉ်အတွက်က နှစ်ဖက်အပြန်အလှန်သွင်းဂိုးတွေကို မျှော်လင့်ရနိုင်ပါတယ်။
© COPYRIGHTS 2024 by illuminati