
စပါးအသင်းနှင့်ပွဲတွင် နှစ်ဂိုးသွင်းယူပြီးနောက် လီဗာပူးအသင်းတိုက်စစ်မှူးမိုဟာမက်ဆာလာဟာ အ သင်းရဲ့ တစ်သက်တာဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ စတုတ္ထနေရာသို့ ရောက်လာပြီဖြစ်ပါတယ်။ ဆာလာဟာ လီဗာပူးအတွက် ၂၂၉ ပွဲကစားပြီး ၂၂၈ ဂိုးသွင်းထားပြီးတော့ ဘီလီလစ်ဒဲလ် (၂၂၈ဂိုး) နှင့်တူညီသွားပြီး ဂေါ်ဒွန်ဟော့ဆန် (၂၄၁ဂိုး) ထက်လဲ ကျော်လွန်သွားပြီဖြစ်ပါတယ်။ လီဗာပူးအတွက် ပွဲပေါင်း ၆၆၀ကစားပြီး ၃၄၆ ဂိုးသွင်းထားသူ ဂန္တဝင်တိုက်စစ်မှူးကြီး အိုင်ယန်ရက်ရှ်ကို မှီဖို့တော့ အချိန်တခုပဲ လိုပါတော့မယ်။ ယူရို၂၀၂၄ ပြိုင်ပွဲမပြီးခင်ကပင် အင်္ဂလန်အသင်းနည်းပြရာထူးမှ နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဂါရတ်ဆောက်ဂိတ်က ထုတ်ပြောလိုက်ပါတယ်။ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ယူရို၂၀၂၄ ဗိုလ်လုပွဲကို တက်ရောက်အောင်ကူညီပေးခဲ့ပြီး စပိန်အသင်းကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့တာပါ။ ဆောက်သမ်တန်အသင်းဟာ လက်ရှိနည်းပြ ရက်ဆဲလ်မာတင်နေရာမှာ ရိုးမားအသင်းနည်းပြဟောင်း အိုင်ဗန်ဂျူရစ်ကို အစားထိုးခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ ဂျူရစ်ဟာ ရိုးမားအသင်းကို ၁၂ပွဲသာတာဝန်ယူခဲ့ပြီး ရလဒ်မကောင်း၍ ရာထူးမှထုတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ လီဗာပူးအသင်းကို အိမ်ကွင်းတွင် ရှုံးချက်နာခဲ့သောပွဲမှာ နည်းစနစ်ပိုင်းညှိနှိုင်းပြင်ဆင်မှု၊ သို့မဟုတ်၊ က စားဟန်ပုံစံကို မပြောင်းလဲခဲ့သော နည်းပြပိုစတီကိုဂလူကို စပါးအသင်းပရိသတ်များ ပြစ်တင်ဝေဖန် နေကြပါတယ်။ ဒီရလဒ်ကြောင့် စပါးပရိသတ်များဟာ နည်းပြပိုစတီကိုဂလူကို ‘အသင်း၏အဆိုးရွား ဆုံးနည်းပြတစ်ဦး’အဖြစ် ဆိုရှယ်မီဒီယာတွေမှာ ဝေဖန်မှုမြင့်မားနေတာပါ။ ဘုန်းမောက်အသင်းကို အိမ်ကွင်းတွင် ရှုံးခဲ့သောပွဲမှာ တည်ကန်ဘောတွေကတစ်ဆင့် ဂိုးမသွင်းနိုင်ခြင်း အတွက် မိမိတွင် တာဝန်ရှိကြောင်း မန်ယူအသင်းနည်းပြအေမိုရင်က ဝန်ခံလိုက်ပါတယ်။ ပြီးတော့ လက်ထောက်နည်းပြကားလို့စ်ဖာနန်ဒက်စ်အပေါ် ဝေဖန်ပြစ်တင်မှုနေများကိုလဲ အေမိုရင်က ခုခံပြောဆိုလိုက်ပြီး ‘အဲဒီပွဲ အတွက် အရာရာတိုင်းဟာ ကျနော့်တာဝန်ပါ၊ ကားလို့စ်အပေါ်မှာမဟုတ်ဘူး။ ကျနော်တို့အသင်းဟာ အကောင်း ၊အဆိုးကာလ ဖြတ်သန်းနေရတဲ့အသင်းပါ’လို့ ပြောသွားခဲ့ပါတယ်။
© COPYRIGHTS 2024 by illuminati