
မနေ့က ပရီးမီးယားလိဂ်ခြောက်ပွဲအတိုချုပ်ခန့်မှန်းပေးခဲ့ရာမှာ တစ်ပွဲပြန်ခွာပြီး ကျန်ငါးပွဲစလုံး အပေါင်းထွက်ခဲ့ပါ တယ်။ ဒီနေ့လည်း Pieces Sports ပရိသတ်တွေအတွက် ပရီးမီးယားလိဂ်သုံးပွဲရှိရာမှာ အနှစ်ချုပ်ခန့်မှန်းသုံး သပ်ချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။ အက်စ်တွန်ဗီလာ - ဘရိုက်တန် (ဗီလာ =၇၀/ ၃+၅၀) နောက်ထပ်ကြည့်ရမြိုင်ဆိုင်မယ့်ပွဲတစ်ပွဲလာပါပြီ။ ပြီးခဲ့တဲ့တစ်ပတ် ဗီလာဟာ နယူးကာဆယ်ကို ၃ဂိုးပြတ်ရှုံးပြီး အခုအိမ်ကွင်းပွဲကစားရမှာပါ။ အဲပွဲမရှုံးခင် ဗီလာဟာ ကစားခဲ့တဲ့လေးပွဲမှာ သုံးပွဲနိုင်ပြီး ခြေစွမ်းတည်ငြိမ်အောင် ရုန်းကန်နေရပါတယ်။ ခြေစွမ်းအတက်အကျမမှန်တဲ့အတွက် ဗီလာဟာ အဆင့်ကိုးမှာ ရပ်တည်နေတယ်။ ဘ ရိုက်တန်ကတော့ ဘရန့်ဖို့ဒ်နဲ့ ဂိုးမရှိသရေကျပြီး အခုပွဲရင်ဆိုင်ရတာပါ။ ဘရိုက်တန်ဟာ ဒီရာသီ ဂိုးသွင်းဇယား မှာတော့ စိတ်ချရတဲ့အသင်းပါ၊ ကစားခဲ့တဲ့နောက်ဆုံး ၁၆ပွဲစလုံး နှစ်ဖက်အပြန်အလှန်သွင်းဂိုးမြင်ထားရတဲ့အ သင်းဖြစ်နေပြီး အဝေးကွင်းလိဂ်နောက်ဆုံး ၁၀ပွဲစလုံး ဂိုးမသွင်းနိုင်တာမရှိပါဘူး။ လိဂ်နောက်ဆုံး ၂၁ပွဲမှာ ပျမ်းမျှ ၂.၉ဂိုးသွင်းအားရှိနေပါတယ်။ အခုပွဲလည်း နှစ်ဖက်သွင်းဂိုးတွေနဲ့ ဂိုးအပေါ် အောင်မြင်သွားမှာပါ။ အစ်ဆွစ်ချ် - ချဲလ်ဆီး (ချဲလ်ဆီး ၂+၈၀/၃-၅၀) အစ်ဆွစ်ချ်ဟာ ၂၀၀၂ နောက်ပိုင်း ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့တာပါ။ ဒါပေမဲ့ နောက် နှစ်ကျ တန်းပြန်ဆင်းသွားရနိုင်ပါတယ်။ နောက်ဆုံးခြောက်ပွဲမှာ ငါးပွဲရှုံးထားတဲ့ခြေနဲ့က တန်းမဆင်းရရေးကို အတော်ရုန်းကန်ရမှာပါ။ ချဲလ်ဆီးကတော့ ထိပ်ဆုံးလေးသင်းနေရာနဲ့ ၂နှစ်လွဲချော်ပြီးနောက်ပိုင်း ဒီနှစ်တော့ ခြေ စွမ်းကောင်းနေပြီး ၃၅ မှတ်ရထားတယ်။ နည်းပြအန်ဇိုမာရက်စကာရဲ့အသင်းဟာ ရှစ်ပွဲဆက်နိုင်ထားပေမယ့် နောက်ဆုံးနှစ်ပွဲမှာ တစ်မှတ်ပဲယူထားနိုင်တယ်။ ဘောက်ဆင်းဒေးမှာ အိမ်ကွင်း ဖူလ်ဟမ်ကို ၂-၁နဲ့ရှုံးခဲ့လို့ အခုပွဲ မှာ ချဲလ်ဆီးနိုင်ပွဲပြန်ဆာလောင်နေပါပြီ။ ချဲလ်ဆီးအတွက် ယုံကြည်မှုပြန်ယူဖို့ အခွင့်အရေးကောင်းဖြစ်တာမို့ ချဲလ်ဆီးကို အားပေးသင့်တယ်။ ဒါပေမဲ့ ဘော်ဒီနဲ့ဂိုးပေါင်းစျေးမမျှဖြစ်နေတာမို့ ဂိုးအောက်ကိုပါ ရန်ထားသင့်ပါ တယ်။ မန်ယူ - နယူးကာဆယ် ( =/ ၃+၅၀) မနှစ်က ဒီနှစ်သင်းကစားခဲ့တဲ့ပွဲဟာ မြိုင်ဆိုင်ခဲ့ပြီး သွင်းဂိုးအရေအတွက် ၅ ဂိုးနဲ့အဆုံးသတ်ခဲ့တယ်။ အိုးလ်ထရက် ဖို့ဒ်မှာ မန်ယူကတော့ အနိုင်ရခဲ့တာပေါ့။ အခုတစ်ကြိမ်လည်း အလားတူဂိုးအရေအတွက်များများနဲ့ပွဲရလဒ်ကို ပြန် မြင်ရနိုင်ပါတယ်။ မန်ယူရဲ့ခံစစ်က လက်ရှိမှာ မတည်ငြိမ်ဘူး၊ ယုံကြည်လို့မရတဲ့ခံစစ်ပါ။ မမှားသင့်တဲ့အမှားများစွာ ကို ကျူးလွန်ထားတဲ့အထိ မန်ယူခံစစ်ကစားပုံညံ့နေပါတယ်။ ဒီပွဲမှာ ဒီလိုခံစစ်က နယူးကာဆယ်လို တိုက်စစ်ပုံစံ ကောင်းရနေတဲ့အသင်းကို ဂိုးပေးရမှာမလွဲပါဘူး။ နယူးကာဆယ်ဟာ နောက်ဆုံးငါးပွဲမှာ ၁၆ဂိုးသွင်းထားတဲ့အ သင်း၊ နှစ်ဖက်အပြန်အလှန်သွင်းဂိုးတွေမြင်ထားရတဲ့အသင်းပါ။ ဒါကြောင့် အခုပွဲ ဂိုးအပေါ်ကောင်းပါတယ်။
© COPYRIGHTS 2024 by illuminati