
လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းဟာ ဆက်တိုက်ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားလေး Lamine Yamal ကို အနာဂတ်စီမံကိန်းတွေအတွက် ကာလရှည် သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီကစပြီး ဘာစီလိုနာအသင်းနဲ့အတူ ဘောလုံးဇာတ်ခုံပေါ်တက်လှမ်းလာတဲ့ Yamal ဟာဆိုရင် ဒီနှစ်ဘောလုံးရာသီမှာလဲ ဘာစီလိုနာအတွက် ဆက်လက်တောက်ပလျက်ရှိပါတယ်။ လက်ရှိအချိန်ထိ သွင်းဂိုး(၃)ဂိုး ရယူပေးထားသလို ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှာ ငယ်ငယ်လေးနဲ့ နေရာတစ်ခုအပိုင်ရထားတဲ့ကစားသမားလဲဖြစ်ပါတယ်။ နောက်ဆုံးထွက်လာတဲ့ သတင်းအရတော့ မကြာခင်အသက်(၁၈)နှစ်ပြည့်တော့မယ့် Yamal အတွက် ဘာစီလိုနာအသင်းဟာ (၂၀၃၀)ခုနှစ်အထိ အသင်းမှာရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မကြာသေးခင်ကလဲ Yamal တစ်ယောက် ဘာစီလုနာအသင်းရဲ့ ဂန္တဝင်တစ်ယောက်အဖြစ်နဲ့ နှစ်အကြာကြီး အသင်းနဲ့အတူ ရှိချင်တယ်လို့လဲ ထုတ်ပြောထားသေးတော့ ဘာစီလိုနာရဲ့ စာချုပ်သစ်ဟာ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးများမှာတော့ ဧကန်ပါပဲ။
© COPYRIGHTS 2024 by illuminati