
ဒီနေ့အတွက်တော့ ချန်ပီယံလိဂ်ပွဲစဉ်တွေထဲကနေ အကောင်းဆုံးနှစ်ပွဲကို ပရိသတ်များအတွက် ခန့်မှန်းသုံးသပ် ချက်လေးရေးပေးလိုက်ပါတယ်။ အောင်မြင်ကြပါစေ။ စတုဂတ် vs ပီအက်စ်ဂျီ (အဝေး =၄၀/၂-၈၀) ဒီနေ့ပွဲတွေဟာ အသင်းအတော်များများအတွက် ချန်ပီယံလိဂ်အဆုံးအဖြတ်နေ့ပွဲစဉ်တွေပါပဲ။ အခုနှစ်သင်းစလုံး ဟာ ခုနှစ်ပွဲကစားအပြီးမှာ ဆယ်မှတ်ရထားတယ်။ ဒီမှာနိုင်တဲ့အသင်းက ရှုံးထွက် ၁၆သင်းအဆင့်ကို အခိုင်အမာ တက်သွားမှာပါ။ ဆောင်းနားရက်ကနေပြန်လာပြီးနောက်ပိုင်း စတုဂတ်က ကစားပုံကောင်းနေတယ်။ လေးပွဲ ဆက်နိုင်ပွဲရထားတယ်။ ဒါပေမဲ့ မိန့်ဇ်ကိုတော့ အဝေးကွင်းမှာ မထင်မှတ်ဘဲ ၂ ဂိုးပြတ်နဲ့ရှုံးခဲ့တယ်။ အဲဒီပွဲမှာ နည်းပြဆီဘက်စတီယန်ဟိုးနက်စ်ဟာ ကစားသမားအချို့ကို အနားပေးခဲ့တယ်။ သူ့ရဲ့အဓိကအာရုံက ဒီနေ့ပီ အက်စ်ဂျီနဲ့ပွဲပါ။ ပီအက်စ်ဂျီကတော့ ဒီရာသီချန်ပီယံလိဂ်မှာ ကစားပုံမကောင်းခဲ့ဘူး။ ဒါပေမဲ့ မန်စီးတီးကိုတော့ ၄-၂နဲ့နိုင်ခဲ့သေး တယ်။ နည်းပြလူး၀စ္စအင်းနရစ်ရဲ့ပီအက်စ်ဂျီအနေနဲ့ ဒီနေ့ပွဲမှာ သရေကျရုံနဲ့တင် အကောင်းဆုံး ၂၄ သင်းထဲပါဝင် သွားမှာဖြစ်ပါတယ်။ မန်စီးတီးကို နိုင်ပြီး လီဂူးပွဲကစားတော့ ပီအက်စ်ဂျီက သရေရခဲ့တယ်။ ဒီနေ့ပွဲစဉ်ဟာ အနိုင် အသင်းထက် ဂိုးပေါင်းပဲကစားတာကောင်းတယ်။ စတုဂတ်က နောက်ဆုံးလေးပွဲမှာ ကိုးဂိုးသွင်းတယ်၊ ပီအက်စ် ဂျီကလည်း ကစားခဲ့တဲ့ငါးပွဲမှာ ၁၃ဂိုးသွင်းတယ်။ ဒီနေ့ပွဲမှာ တိုက်စစ်ဖွင့်ကြရင် ဂိုးအပြန်အလှန်သွင်းလာမယ့်ပွဲလို့ ယူဆတာမို့ ဂိုးအပေါ် ကြိုက်ပါတယ်။ ဂျူဗင်တပ် vs ဘင်ဖီကာ (အိမ် =၇၀/၂-၇၀) ဂျူဗင်တပ်က အလိုလိုခြေစစ်ပွဲအောင်ရေးကနေတစ်ဆင့် ချန်ပီယံလိဂ် play-off အဆင့်ဝင်ဖို့ လုပ်နေရတယ်။ ဒါပေမဲ့ ဘင်ဖီကာကို နိုင်မှရမယ်။ ဂျူဗင်တပ်ဟာ အဆင့်ရှစ်က လေဗာကူဆင်နဲ့ တစ်မှတ်ပဲကွာတယ်။ ဒီနောက် ဆုံးပွဲနိုင်လိုက်ရင် ထိပ်ဆုံးရှစ်သင်းထဲဝင်သွားနိုင်တယ်။ သရေကျရင်တော့ နောက်တစ်ဆင့်ကို ဘင်ဖီကာတက် သွားမှာ။ ဂျူဗင်တပ်ဟာ စီးရီးအေမှာ နာပိုလီကို ရှုံးပြီး အခုပွဲကစားရတာပါ။ ပြိုင်ပွဲစုံနောက်ဆုံးခုနှစ်ပွဲမှာ တစ်ပွဲ ပဲနိုင်ထားပြီး ချန်ပီယံလိဂ်နောက်ဆုံးငါးပွဲမှာလည်း တစ်ပွဲပဲနိုင်သလို သုံးပွဲက ဂိုးမသွင်းနိုင်ဘူး။ ဘင်ဖီကာကလည်း ပြည်တွင်းလိဂ်မှာ ရှုံးပွဲကြုံခဲ့ပြီး ချန်ပီယံလိဂ်နောက်ဆုံးငါးပွဲမှာ တစ်ပွဲပဲနိုင်ပါတယ်။ ဒီပွဲစဉ်က ဂိုးတွေမြူးလာမယ့်ပွဲလို့ မထင်ပါဘူး။ ဂျူဗင်တပ်ဂိုးသွင်းခြေပျောက်မှုနဲ့ ဘင်ဖီကာခြေစွမ်းမတည်ငြိမ်မှုတွေကို ထောက်ရှုရင် အခုပွဲကို ဂိုးအောက်ကို ရပ်တည်တာအကောင်းဆုံးပါ။
© COPYRIGHTS 2024 by illuminati