
မန်စီးတီးအသင်းမှာ ဒဏ်ရာပိုင်းအားတက်စရာအဖြစ်အပျက်ကြီးနဲ့ ကြုံတွေ့နေရပြီလို့ နည်းပြဂွါဒီယိုလာက ထုတ်ပြာလိုက်ပါတယ်။ စက်တင်ဘာက အတွင်းအရွတ်ဒဏ်ရာပြင်းထန်စွာရရှိပြီး ကာလရှည်နားနေရသူ ရိုဒီရီ ပြန်ကစားနိုင်မယ့်ရက်ကို ဂွါဒီယိုလာက ထုတ်ပြောလိုက်ပါတယ်။ စပိန်လက်ရွေးစင်ရိုဒရီဟာ ဘလွန်းဒီအော်ဆုရှင်ဖြစ်ပြီး ၂၀၂၄-၂၅ ဘောလုံးလက်ကျန်ရာသီကို လွဲချော်မှာဖြစ် တယ်လို့ မှတ်ယူခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနှစ်အစောပိုင်း မန်စီးတီးက ရိုဒရီအနေနဲ့ ရာသီနောက်ပိုင်းအဆင့် အ သင်းရဲ့ချန်ပီယံလိဂ်လူစာရင်းမှာ ကွင်းလယ်လူရိုဒရီကို မှတ်ပုံတင်လိုက်ပြီးနောက် ပြန်ကစားနိုင်မယ့်အခြေအ နေကို အရိပ်အမြွတ်ညွှန်းဆိုလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးဟာ ၁၆သင်းအဆင့်တက်ဖို့တစ်နေရာ အတွက်ရှုံးထွက်ပွဲစဉ်မှာပဲ အရေးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရတယ်။ အသက် ၂၈နှစ်ရိုဒရီဟာ ဒီတစ်ပတ်အတွင်း ပြန်လည်သက်သာနေပြီး ဘောလုံးကို ဆွဲယူပေးတာ၊ လိမ်ခေါက်တာ စတဲ့အပေါ့စားမဟုတ်တဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်နေတဲ့ရုပ်သံဖိုင် မီဒီယာထက်မှာ ပေါ်ထွက်လာပါတယ်။ အခု တော့ ဂွါဒီယိုလာကလည်း စူပါစတားရိုဒရီတစ်ယောက် နောက်ဆုံးပွဲပြန်ကစားနိုင်မယ့်အချိန်ကို အသိပေးလိုက် ပါတယ်။ ပရိသတ်တွေကလည်း ရိုဒရီပြန်ကစားနိုင်မယ့်နေ့ကို မျှော်လင့်ကြီးစွာစောင့်ဆိုင်းနေကြတာပါ။ ‘သူတို့တင်ပဲ စိတ်လှုပ်ရှားရတာမဟုတ်ဘူးဆိုတာကို ပရိသတ်တွေ သိရပါမယ်။ ငါးလခွဲ၊ ခြောက်လရှိပြီ၊ နိုင်ငံတ ကာပွဲတွေပြီးနောက်ပိုင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်လှမ်းချင်းတော့သွားမယ်။ ထင်ထားတာထက်စောပြီး သူ့ ကို ပြန်ကစားခိုင်းမယ့် မိုက်မဲတဲ့ဆုံးဖြတ်ချက်မျိုး မချမိအောင် ကျနော်တို့ဂရုစိုက်ရမယ်။ ကောင်းပါတယ်။ ပြန် ကစားဖို့ နီးစပ်နေတာတော့မဟုတ်ပေမယ့် ဘောလုံးနဲ့ထိတာမျိုးတွေလုပ်နေတယ်။ အဝတ်လဲခန်းထဲသူ့မြင်ရ တော့ ယုံကြည်မှုရှိနေပြီး ပိုပျော်နေသလိုပါပဲ။ ကလပ်ကမ္ဘာ့ဖလားပွဲမတိုင်ခင်တောင် သူပြန်ကစားဖို့ ကျနော် မျှော်လင့်မရဘူး။ ဒါပေမဲ့ အခု ပရီးမီးယားလိဂ်ရာသီမှာတော့ ပြန်ကစားနိုင်ကောင်းကစားနိုင်ပါတယ်’ဆိုပြီး ဂွါ ဒီယိုလာက ပြောပါတယ်။ ရိုဒရီကလည်းသူ့ဒဏ်ရာနဲ့ပတ်သက်ပြီး ‘အမြဲကျနော်ပြောနေကြပါပဲ၊ ကောင်းပါတယ်။ ဒဏ်ရာဆိုတာမျိုးက ကျ နော်တို့ကစားသမားဘ၀တွေရဲ့တစ်စိတ်တစ်ပိုင်းပါ၊ ဒီအရာမျိုးတွေနဲ့ ကျင့်သားရနေကြပါပြီ။ ဒါပေမဲ့ အရာရာ တိုင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်၊ ဒီလိုကြိုးစားခွင့်ပေးတဲ့အခိုက်အတန့်မျိုး၊ အကောင်းမြင်တတ် တဲ့စိတ်မျိုးရှိလို့ ကျေးဇူးတင်တယ်’ဆိုပြီး ပြီးခဲ့တဲ့လကပြောခဲ့ဖူးတယ်။ အနားယူနေချိန် ပွဲများကြည့်ဖြစ်မှုနဲ့ပတ်သက်ပြီးမေးမြန်းချက်ကိုလည်း ခံစစ်ကွင်းလယ်သမား ရိုဒရီက ‘အဆင် မပြေပါဘူး။ (ကိုယ်မကစားနိုင်ဘဲ) ပွဲတွေကြည့်ရတာ အဆင်မပြေဘူး။ စိတ်ပိုလှုပ်ရှားတယ်၊ ဘာဖြစ်မလဲဆိုတာ ကိုယ်မှထိန်းချုပ်မရနိုင်တာ။ ဒါပေမဲ့ ကွင်းဘေးကနေ ကျနော့်အသင်းကို ကြိုးစားအားပေးရတယ်၊ ကျနော့်အ မြင်တွေနဲ့အကြံပေးတယ်၊ ပံ့ပိုးတယ်’ဟု ပြောသည်။ ရိုဒရီမကစားနိုင်ချိန်တွင် မန်စီးတီးသည် ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် အဆင့်လေးသို့ကျဆင်းသွားပြီး ထိပ်ဆုံးမှ လီဗာပူးနောက် အမှတ် ၂၀ပြတ်နေသည်။ မန် စီးတီးသည် ချန်ပီယံလိဂ်ရှုံးထွက်တက်နိုင်ရေး play-offs ပွဲစဉ်တွင်လည်း ရီးယဲလ်ကို ရှုံးကာ ပြိုင်ပွဲမှထွက်ခဲ့ရ ပြီဖြစ်သည်။ +++++++++++++++++++++ ဘောလုံးအားကစား ဝါသနာပါသူတိုင်းအတွက် ပွဲရလဒ်တွေကို ပေါ့ပေါ့ပါးပါးခန့်မှန်းရင်း ပျော်ပျော်ပါးပါး ကြည့်လို့ရအောင် ကျွန်တော်တို့ရဲ့ Pieces Sport မှာ ပါဝင်ဆင်နွှဲလို့ရနေပြီဖြစ်ကြောင်း အသိပေးပါရစေ။ ပျော်ပျော်ကြီး ခန့်မှန်းဖို့ >>>> ps.piecesball.com အပတ်စဉ် ဘောလုံးပွဲတွေကိုခန့်မှန်းရင်း ၁သိန်းတန် ဆုကြေးကြီးကို အပိုင်ရယူနိုင်ပါစေ။ #piecessport
© COPYRIGHTS 2024 by illuminati