
ဒေါ့မွန် ၀ - ၀ စပို့တင်းလစ္စဘွန်း နှစ်ကျော့ပေါင်း (၃ - ၀) ဒေါ့မွန်တို့ သရေကျပြီး ၁၆ သင်းအဆင့်ကို တက်သွားပါပြီ။ ဒေါ့မွန်နည်းပြသစ်ကိုဗက်ကတော့ ဂိုးရခွင့် ၂.၀နှုန်းနဲ့ အသင်းရဲ့ခြေစွမ်းကို သိပ်အားမရခဲ့ဘူး။ စပို့တင်းဘက်က တိုက်စစ်မှူး Guirassy ကတော့ စုစုပေါင်းသွင်းဂိုး ၁၀ နဲ့ ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းသူနေရာရပ်တည်နေပါတယ်။ ဒေါ့မွန်ကတော့ အိမ်ကွင်းခြေစွမ်းရုန်းကန်ရမှု ဥရောပမှာလည်း ဆက်ဖြစ်သွားတယ်။ +++++++++++++++++++++++++ ပီအက်စ်ဂျီ ၇ - ၀ ဘရက်စ် နှစ်ကျော့ပေါင်း - (၁၀ - ၀) ဂိုးသွင်းသူများ - ပီအက်စ်ဂျီ(B. Barcola 20'၊K. Kvaratskhelia 39'၊ Vinha 59' D. Doué 64'၊ Nuno Mendes 69'၊ Gonçalo Ramos 76'၊ S. Mayulu 86') ပီအက်စ်ဂျီကတော့ အိမ်ကွင်းမာ အပြတ်အသတ်နဲ့ကို အောင်ပွဲခံပြီးနိုင်ခဲ့တယ်။ နည်းပြလူး၀စ္စအင်းနရစ်ရဲ့အ သင်းဟာ တစ်ပွဲတည်းခုနှစ်ဂိုးပြတ်နဲ့နိုင်တဲ့ ချန်ပီယံလိဂ်သမိုင်းပထမဆုံးအသင်းအဖြစ် မှတ်တမ်းသစ်စိုက်ထူ သွားခဲ့ပါတယ်။ အသင်းကျစ်လျစ်မှု၊ ကစားပုံမြန်ဆန်သွက်လက်မှုတွေက ပီအက်စ်ဂျီအတွက် နောက်တစ်ဆင့် မှာ အားသာချက်ဖြစ်လာနိုင်တယ်။ +++++++++++++++++++++++++ ပီအက်စ်ဗွီ ၃ - ၁ ဂျူဗင်တပ် နှစ်ကျော့ပေါင်း - (၄ - ၃) ဂိုးသွင်းသူများ - ပီအက်စ်ဗွီ(I. Perišić 53'၊ I. Saibari 74'၊ R. Flamingo 98') ဂျူဗင်တပ် (63' T. Weah ) ပီအက်စ်ဗွီကတော့ ရေပန်းစားဂျူဗင်တပ်ကို ထိုက်တန်တဲ့အနိုင်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားပါပြီ။ ဂျူ ဗင်တပ်တို့ ဒီနေ့ပွဲစဉ်မှာ တစ်ဦးချင်းအမှားနဲ့ဂိုးရဖို့ဖန်တီးနှုန်းနည်းပါးတယ်။ ပီအက်စ်ဗွီအနေနဲ့ နောက်တစ်ဆင့်မှာ အာဆင်နယ် သို့ အင်တာမီလန်တစ်သင်းသင်းနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ ++++++++++++++++++++++++ ရီးယဲလ်မက်ဒရစ် ၃ - ၁ မန်စီးတီး နှစ်ကျော့ပေါင်း - (၆-၃) ဂိုးသွင်းသူများ - ရီးယဲလ်(Mbappe 4’33’61’)၊ မန်စီးတီး(Gonzalez90+2’) မန်စီးတီးကတော့ ပ-အကျော့တုန်းကရလဒ်မျိုးကို ပြန်မလှန်နိုင်ခဲ့ပါဘူး။ ဘာနေဗျူးမှာ ရီးယဲလ်ဟာ ဂိုးရဖို့ဖန်တီး နှုန်း ၁.၈၂ ရှိခဲ့ပြီး မန်စီးတီးကတော့ ၁-၃၃ နှုန်းရှိပါတယ်။ ရီးယဲလ်တိုက်စစ်က အကောင်းဆုံးအလုပ်ဖြစ်ခဲ့ပြီး မန်စီးတီးဘက်ကို ကောင်းကောင်းထိုးဖောက်နိုင်ခဲ့ပါတယ်။ ++++++++++++++++++++++++ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဘောလုံးအားကစား ဝါသနာပါသူတိုင်းအတွက် ပွဲရလဒ်တွေကို ပေါ့ပေါ့ပါးပါးခန့်မှန်းရင်း ပျော်ပျော်ပါးပါး ကြည့်လို့ရအောင် ကျွန်တော်တို့ရဲ့ Pieces Sport မှာ ပါဝင်ဆင်နွှဲလို့ရနေပြီဖြစ်ကြောင်း အသိပေးပါရစေ။ ပျော်ပျော်ကြီး ခန့်မှန်းဖို့ >>>> ps.piecesball.com အပတ်စဉ် ဘောလုံးပွဲတွေကိုခန့်မှန်းရင်း ၁သိန်းတန် ဆုကြေးကြီးကို အပိုင်ရယူနိုင်ပါစေ။ #piecessport
© COPYRIGHTS 2024 by illuminati