
ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဗင်နီ စီးယပ်စ်ဂျေအာသည် ဖီဖာ၏တစ်နှစ်တာအကောင်း ဆုံးကစားသမားဆုကို ရရှိသွားပြီဖြစ်ပါတယ်။ ၂၀၂၃-၂၄ ရာသီတွင် ဗင်နီစီးယပ်စ်ဟာ နည်းပြ အန်ဆလော့တီလက်အောက် ရီးယဲလ်အသင်းနှင့်အ တူ ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါဖလားတို့အ ပြင် စပိန်ဖလား၊ ဥရောပစူပါဖလားတို့ကို ဆွတ်ခူး ရရှိခဲ့တာပါ။ ထိုစဉ်ကာလအတွင်း ဗင်နီစီးယပ်စ်ဟာ အသင်းအတွက် ၂၄ဂိုးသွင်းပေးခဲ့ပြီး ကစားဖော်များ အတွက် ၁၁ဂိုး ဖန်တီးပေးခဲ့တာဖြစ်ပြီး "ဒီစတိတ်စင် ပေါ် ကျနော်ရောက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာပါ။ ကျနော်က နေရာသေးသေးလေး၊ ဆင်းရဲမွဲတေပြီး ရာဇဝတ်ထူပြောတဲ့နေရာကနေ ရောက်လာခဲ့သူပါ။ အခုတော့ ဒီစင်မြင့်ကို ကျနော် ရောက်လာခဲ့ပြီ"ဟုလည်း ဆုပေးပွဲမှာ ဘရာဇီးကြယ်ပွင့် ဗင်နီစီးယပ်စ်က ထုတ်ပြောသွားခဲ့ပါသေးတယ်။ ဘလွန်းဒီအော်ဆုရှင်ရိုဒရီကမူ ဖီဖာ အကောင်းဆုံးစာရင်းတွင် ဒုတိယနေရာရပ် တည်ခဲ့ပြီး ဘယ်လင်ဟမ်က တတိယနေရာ အသီးသီးရပ်တည်ခဲ့ကြပါတယ်။ ၂၀၂၃ဩဂုတ် ၂၁ ရက်မှ ၂၀၂၄ ဩဂုတ် ၁၀ ရက်အတွင်း အောင်မြင် မှုများအတွက် ဖီဖာအကောင်းဆုံးဆုကို ဗင်နီစီး ယပ်စ်ရရှိခြင်းဖြစ်သည်ဟုလည်း ကြားသိရပါတယ်။
© COPYRIGHTS 2024 by illuminati