
စပါးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဆလားဗီယား ပရက်ဂ်အသင်းဂိုးသမား Antonin Kinsky ကို ပေါင် ၁၂.၅သန်းတန်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၁ နှစ် သာရှိသေးတဲ့ Kinsky ဟာ ပြီးခဲ့တဲ့စနေက လန်ဒန်ကို ရောက်ရှိလာခဲ့ပြီး ညနေပိုင်းမှာ ဆေးစစ်မှုခံယူခဲ့ တယ်။ ချက်လူငယ်လက်ရွေးစင်ဖြစ်တဲ့ Kinsky ဟာ ပရီးမီးယားလိဂ်ကလပ်နဲ့ ခြောက်နှစ်စာချုပ်ကို ချုပ်ဆိုခဲ့တာ လို့ သိရပါတယ်။ ဒီရာသီမှာ Kinsky ဟာ ဆလားဗီးယားပရက်ဂ်အတွက် လိဂ် ၁၉ ပွဲမှာ ၁၂ပွဲကို ပေးဂိုးမရှိအောင် စွမ်းဆောင်ထား နိုင်သူပါ။ ‘ ဆလားဗီယားပရက်ဂ်ကနေ Antonin Kinsky ကို ခေါ်ယူလိုက်တဲ့အကြောင်း ထုတ်ပြန်လိုက်ရတာ ကျ နော်တို့ ကျေနပ်ဝမ်းမြောက်မိပါတယ်။ နိုင်ငံတကာမှာ ရှင်းလင်းချက်ရှိ၊မရှိ စစ်ဆေးမှုနဲ့ အလုပ်လုပ်ခွင့်ပါမစ်စစ်ဖို့ ကျန်ပါတော့တယ်။ အသက် ၂၁ နှစ်ဂိုးသမားဟာ ၂၀၃၁ ခုနှစ်အထိ ရှိမယ့် စာချုပ်တစ်ရပ်ကို သဘောတူညီလိုက် ပြီး နံပတ် ၃၁ ရှပ်အင်္ကျီဝတ်ဆင်ကစားမှာပါ’ လို့ စပါးအသင်းတာဝန်ရှိသူက ပြောပါတယ်။ လက်ရှိမှာ စပါးအသင်းဟာ ဂိုးသမားရွေးချယ်စရာရှားနေပါတယ်။ အသက် ၂၅ နှစ် ဂိုးသမား Brandon Austin က နယူးကာဆယ်ကို ၂-၁ နဲ့ရှုံးတဲ့ပွဲမှာ ပွဲဦးထွက်ကစားသွားခဲ့ပါတယ်။ စပါးရဲ့နံပတ်တစ်ဦးစားပေးဂိုးသမားဖြစ် တဲ့ Guglielmo Vicario ကတော့ ခြေကျင်းဝတ်ဒဏ်ရာခွဲစိတ်မှုခံယူခဲ့ရတဲ့အတွက် ဖေဖော်ဝါရီလအကုန်အထိ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ အခုခေါ်ယူလိုက်တဲ့ Kinsky ဟာ ချက်လူငယ်လက်ရွေးစင်အသင်းမှာ ကစားခွင့်ရထားသူပါ။ ချက်အသင်းကြီးအ တွက် အရန်ဂိုးသမားအဖြစ်လည်း Kinsky ခေါ်ယူခံထားရပါတယ်။ Kinsky ဟာ အောက်တိုဘာနဲ့ နိုဝင်ဘာလ တုန်းက ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲမတိုင်ခင် အသင်းကြီးရဲ့ခေါ်ယူမှုကို ခံခဲ့ရပါတယ်။ Kinsky ဟာ ဆလား ဗီးယားပရက်ဂ်အသင်းကို ၂၀၂၁ ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့သူဖြစ်ပြီး သူဟာ ချက်အသင်းဂိုးသမားဟောင်း Antonin Kinsky ရဲ့သားလည်းဖြစ်ပါတယ်။ Kinsky ရောက်လာမှုဟာ နည်းပြ Ange Postecoglou ရဲ့ဒဏ်ရာ ထိချက်နာနေတဲ့စပါးအတွက် အများကြီးအားတက်စရာဖြစ်လာပါလိမ့်မယ်။ စပါးအသင်းဟာ နယူးကာဆယ်နဲ့ ပွဲ ရှုံးပြီးနောက်ပိုင်း ပရီးမီးယားလိဂ် ရှုံးပွဲ ၁၀ပွဲ မြောက်ဖြစ်ခဲ့ပါပြီ။
© COPYRIGHTS 2024 by illuminati