
နောက်တန်းမှာ ဗန်ဒီဗန်..ရိုမဲရိုးတို့ ဒဏ်ရာပြဿနာတွေကြောင့် ခံစစ်ပြဿနာကြုံတွေ့နေရတဲ့ စပါးအသင်းဟာ ဇန်နဝါရီမှာ နောက်ခံလူအသစ်တစ်ယောက်ခေါ်ယူဖို့ ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။ ဒီနေရာအတွက် နာမည်ကြီးနေတာကတော့ အဲဗာတန်ကစားသမားဟောင်းဖြစ်တဲ့ ဘန်ဂေါ့ဖရေးပဲ ဖြစ်ပါတယ်။ ဘန်ဂေါ့ဖရေးဟာ အဲဗာတန်ကနေ အတ္တလန်တာကို ဇွန်လကမှ ပြောင်းရွှေ့သွားတာဖြစ်ပြီးတော့ အတ္တလန်တာမှာနေရာမရပဲ ငါးပွဲသာ လူစားဝင်အဖြစ်နဲ့ ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဗာတန်မှာတုန်းက ပြသခဲ့တဲ့ခြေစွမ်းတွေကြောင့် စပါးအသင်းကတော့ သူ့ကို ယာယီရေတိုဖြေရှင်းမှုအဖြစ်နဲ့ အသုံးဝင်မယ်လို့ယူဆနေတာလည်း ဖြစ်ပါတယ်။ အတ္တလန်တာနဲ့ ဂေါ့ဖရေးဟာ ငါးနှစ်စာချုပ်ချုပ်ဆိုထားတာမှန်ပေမယ့် ပရီးမီးယားလိဂ်ကလပ်တွေက ကမ်းလှမ်းလာရင်တော့ ထွက်ခွာနိုင်တယ်လို့ အင်္ဂလိပ်မီဒီယာတွေက ဆိုနေကြပါတယ်။
© COPYRIGHTS 2024 by illuminati