
မန်စီးတီးအသင်းနည်းပြ Pep Guardiola တစ်ယောက်ကတော့ နှစ်၃၀ကြာ လက်တွဲလာပြီးတဲ့နောက် ဇနီးဖြစ်သူ Serra နဲ့ လမ်းခွဲလိုက်ပါတယ်။ လမ်းခွဲအပြီးမှာပဲ Guardiola ဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပြိုင်ဘက်အသင်းကို နှစ်ဂိုးချေပဂိုးပေးလိုက်လို့ အသင်းဂိုးသမား Stefan Ortega ကို ဒေါသတကြီးနဲ့ရင်ဆိုင်ပြီး အော်ဟစ်ပြောဆိုခဲ့တဲ့ဓာတ်ပုံတွေ မီဒီယာထက်မှာ ပလူပျံတက်လာပါတယ်။ Ortega ကို ဘာစကားပြော လိုက်မှန်းတော့ ပရိသတ်တွေက မသိရပေမယ့် မျက်လုံးပြူးပြီး အော်ဟစ်ပြောဆိုလိုက်ပြီး သူ့ဂိုးသမားကို ခေါင်းပုတ်ကာ သိုင်းဖက်လိုက်ပါတယ်။ အခုတော့ ပါးစပ်အလှုပ်အဟကနေ ဘာပြောသလဲဆိုတာကို စောင့်ကြည့်လေ့လာသူကျွမ်းကျင်ပညာရှင်တွေက တော့ Guardiola ဟာ Ortega ကို စကားလုံးသုံးလုံးမှာကြားပြောဆိုခဲ့တယ်လို့ ထုတ်ဖော်ပြလိုက်ပါတယ်။ Guardiola ဟာ အသက် ၃၂နှစ် Ortega ကို ဆွဲဆုပ်ကိုင်ပြီး ဒေါသထွက်နေတာပါ။ Ortega မျက်နှာနဲ့ သူ့ခေါင်းထိလုမတတ်အထိ အနားတိုးကာ အော်ဟစ်ပြောဆိုခဲ့ပါတယ်။ အဲဒီ စကားလုံးသုံးလုံးကတော့ ‘လုပ်စမ်းပါ . . .’ လို့အဓိပ္ပာယ်ရတဲ့အကြောင်း နှုတ်ခမ်းအလှုပ်ဖတ်ပြနိုင်သူ ဂျယ်ရမီး ဖရီးမန်းဆိုသူက ထုတ်ဖော်ပြောလိုက်ပါတယ်။ ဒီစကားသုံးခွန်းရဲ့အဓိပ္ပာယ်က ဂိုးသမား Ortega ကို အဝါကတ်ထိအောင်လုပ်ခိုင်းတာလို့ ဆိုပါတယ်။ သဘောကတော့ မန်စီးတီးအသာရနေချိန်မှာ ဂိုးသမားဟာ အချိန်ဆွဲနေရမယ်လို့ ပြောတာပါ။ အချိန်ဆွဲတဲ့အတွက် အဝါကတ်ပြသခံ ရနိုင်မှန်းသိလျက်နဲ့ Ortega ကို အဲဒီလိုမလုပ်လို့ နည်းပြက ဒေါသထွက်တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ပွဲအပြီးအင်တာဗျူးအစီအစဉ်မှာတော့ Guardiola ဟာ ပွဲအတွင်းစွမ်းဆောင်ရည်ကောင်းလို့ သူ့ဂိုးသမား ကို ချီးကျူးစကားပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးဟာ သုံးပွဲဆက်နိုင်ပွဲရပြီးနောက်မှာ ဘရန့်ဖို့ဒ်နဲ့ သရေကျသွား ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ဇယားမှာ အဆင့်ခြောက်ရပ်တည်နေပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ၁၂ မှတ်ကွာဟသွား ပါတယ်။ လက်ရှိမှာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာရထားတဲ့ ချဲလ်ဆီးအသင်းနဲ့လည်း နှစ်မှတ်ပြတ်နေပါတယ်။
© COPYRIGHTS 2024 by illuminati