
လီဗာပူးဟာ အဝေးကွင်းမှာ စပါးကို ၃-၆ဂိုးနဲ့အနိုင်ယူပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ ၂၀၂၄ ခရစ္စ မတ်ကာလကို ဖြတ်သန်းရတော့မယ်။ ချဲလ်ဆီးက အဲဗာတန်နဲ့ဂိုးမရှိသရေကျလို့ ယာယီအဆင့်တက်ခွင့်လေးကို လွဲချော်သွားခဲ့တာပေါ့။ ဒီလိုခရစ္စမတ်ကာလထိပ်ဆုံးရပ်တည်နိုင်တာ လီဗာပူးအတွက် ပရီးမီးယားလိဂ်သမိုင်းမှာ ခုနှစ်ကြိမ်မြောက်ပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ခြောက်ကြိမ်မှာ တစ်ကြိမ်(၂၀၁၉-၂၀)သာ လီဗာပူးဖလားရခဲ့တယ်၊ နောက် ဆုံးအကြိမ် ခရစ္စမတ်ကာလထိပ်ရောက်ခဲ့ချိန်က ၂၀၂၀ ဒီဇင်ဘာက၊ ရာသီသိမ်းတော့ အဆင့် ၃။ ဘယ်လိုပဲဖြစ် ဖြစ် လီဗာပူးရဲ့ဖလားအောင်ပွဲနှုန်းကတော့ တိုးတက်မှုရှိတယ်လို့တော့ ဆိုနိုင်တာပေါ့။ အခုတော့ စံချိန်တင် ခရစ္စ မတ်ကာလထိပ်မှာရပ်တည်နိုင်တာ ၂၁ကြိမ်မြောက်ရှိသွားပြီဆိုတော့။ အကြိမ် ၂၀အတွင်း၁၁ ကြိမ်ဖလားရခဲ့တာ ကို အချိုးချကြည့်ရင် ၅၅ %ဆိုတော့ မဆိုးလှပါဘူး။ ဆိုတော့ ခရစ္စမတ်ကာလ ထိပ်ဆုံးရောက်ခြင်းရဲ့အဓိပ္ပာယ်က ဘာလဲဆိုတာ စစ်ကြောကြည့်ချင်စရာဖြစ်လာ တယ်။ ထိပ်ရောက်တယ်ဆိုတာ ကောင်းတဲ့ကိစ္စ၊ ဒါပေမဲ့ အဲဒီလိုထိပ်ရောက်ရုံနဲ့ အသင်းတစ်သင်းဟာ ရာသီသိမ်း ရင်တော့ ထိပ်မှာပဲဆက်ရှိနေဦးမလား၊ ဘယ်လိုဆက်ရှိနေမလဲဆိုတာ လေ့လာကြည့်နိုင်တယ်။ ၂၀၂၄-၂၅ ရာသီမ တိုင်ခင်အထိ အင်္ဂလန်မှာ ပရီးမီးယားလိဂ်ဘောလုံးရာသီပေါင်း ၁၂၅ ခုရှိထားပါပြီ။ အဲဒီကာလတစ်နှစ်ချင်းစီရဲ့ ပြက္ခဒိန်ကို ခပ်သွက်သွက်လှန်လှောစစ်ကြည့်လိုက်၊ ဟုတ်တယ်၊ ခရစ္စမတ်ရက်ပေါင်း ၁၂၅ ရက်ရှိနေပြီပေါ့။ အဲဒီ ၁၂၅ ရာသီ၊ ခရစ္စမတ်ရက်ပေါင်း ၁၂၅ ရက်မှာ ထိပ်ရောက်ပြီး ဖလားယူတဲ့အကြိမ်က ၅၅ ကြိမ်၊ ရာနှုန်းနဲ့ဆို ရင် ၄၄% ရှိခဲ့ပါတယ်။ ဒီတော့ ခရစ္စမတ်သစ်ပင်ထိပ်ကအသင်းတိုင်း ၃၂ ရာသီဖြတ်သန်းမှုမှာ ၁၆ရာသီက ဖလား ယူထား(၅၀%)တဲ့ ပရီးမီးယားလိဂ်ခေတ်ကို တစ်ချက်ရှိုးလိုက်ရင် အထက်က ၄၄ %ဟာ အနည်းငယ်တိုးတက် ရိပ်ပြတယ်လို့ ဆိုနိုင်တယ်။ ဒီထဲမှာ လေးရာသီဆက်တိုက်(၂၀၀၉-၁၀နဲ့ ၂၀၁၂-၁၃ကြား၊ ၂၀၁၄-၁၅နဲ့ ၂၀၁၇-၁၈ ကြား) နှစ်ကြိမ်ဖလားရတဲ့ကာလလည်း ပါတယ်။ ကျန်သုံးကြိမ်က ခြားပြီးရတာ၊ ၂၀၀၄-၀၅ နဲ့ ၂၀၀၆-၀၇ပါ။ ခရစ္စမတ်နေ့ပရီးမီးယားလိဂ်ထိပ်ဆုံးရောက်အသင်းများ ၁၉၉၂၊ နော်ဝစ်ချ်စီးတီး (အဆင့် ၃ နဲ့ပြီးဆုံး) ၁၉၉၃၊ မန်ယူ (အဆင့် ၁ နဲ့ပြီးဆုံး) ၁၉၉၄၊ ဘလက်ဘန်း (အဆင့် ၁ နဲ့ပြီးဆုံး) ၁၉၉၅၊ နယူးကာဆယ် (အဆင့် ၂ နဲ့ပြီးဆုံး) ၁၉၉၆၊ လီဗာပူး (အဆင့် ၄ နဲ့ပြီးဆုံး) ၁၉၉၇၊ မန်ယူ (အဆင့် ၂ နဲ့ပြီးဆုံး) ၁၉၉၈၊ အက်စ်တွန်ဗီလာ (အဆင့် ၆ နဲ့ပြီးဆုံး) ၁၉၉၉၊ လိဒ်စ်ယူနိုက်တက် (အဆင့် ၃ နဲ့ပြီးဆုံး) ၂၀၀၀၊ မန်ယူ (အဆင့် ၁ နဲ့ပြီးဆုံး) ၂၀၀၁၊ နယူးကာဆယ် (အဆင့် ၄ နဲ့ပြီးဆုံး) ၂၀၀၂၊ အာဆင်နယ် (အဆင့် ၂ နဲ့ပြီးဆုံး) ၂၀၀၃၊ မန်ယူ (အဆင့် ၃ နဲ့ပြီးဆုံး) ၂၀၀၄၊ ၂၀၀၅၊ ချဲလ်ဆီး (အဆင့် ၁ နဲ့ပြီးဆုံး) ၂၀၀၆၊ မန်ယူ (အဆင့် ၁နဲ့ပြီးဆုံး) ၂၀၀၇၊ အာဆင်နယ် (အဆင့် ၃ နဲ့ပြီးဆုံး) ၂၀၀၈၊ လီဗာပူး (အဆင့် ၂နဲ့ပြီးဆုံး) ၂၀၀၉၊ ချဲလ်ဆီး (အဆင့် ၁ နဲ့ပြီးဆုံး) ၂၀၁၀၊ မန်ယူ (အဆင့် ၁ နဲ့ပြီးဆုံး) ၂၀၁၁၊ မန်စီးတီး (အဆင့် ၁ နဲ့ပြီးဆုံး) ၂၀၁၂၊ မန်ယူ (အဆင့် ၁ နဲ့ပြီးဆုံး) ၂၀၁၃၊ လီဗာပူး (အဆင့် ၂နဲ့ ပြီးဆုံး) ၂၀၁၄၊ ချဲလ်ဆီး (အဆင့် ၁နဲ့ပြီးဆုံး) ၂၀၁၅၊ လက်စတာ (အဆင့် ၁ နဲ့ပြီးဆုံး) ၂၀၁၆၊ ချဲလ်ဆီး (အဆင့် ၁ နဲ့ပြီးဆုံး) ၂၀၁၇၊ မန်စီးတီး (အဆင့် ၁ နဲ့ပြီးဆုံး) ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ (အဆင့် ၂၊ အဆင့် ၁၊ အဆင့် ၃ တို့နဲ့ပြီးဆုံး) ၂၀၂၁၊ မန်စီးတီး (အဆင့် ၁ နဲ့ပြီးဆုံး) ၂၀၂၂၊၂၀၂၃၊ အာဆင်နယ် (အဆင့် ၂ နဲ့ချည်းပြီးဆုံး) ၂၀၂၄၊ လီဗာပူး (ဘယ်အဆင့်နဲ့ ပြီးဆုံးမလဲ . . .) ကြည့်လိုက်ရင် အခုချိန်မှာ မန်ယူနဲ့ လီဗာပူးဟာ လယ်ဗယ်တူ(ခုနှစ်ကြိမ်စီ)ဖြစ်သွားပြီ၊ နှစ်သင်းစလုံးဟာ ပရီးမီး ယားလိဂ်သမိုင်းမှာ ခရစ္စမတ်နေ့ ထိပ်ဆုံးအရောက်ဆုံးအသင်းတွေဖြစ်နေကြပြီလေ။ လီဗာပူးကတော့ ပရီးမီး ယားလိဂ်ဖလားဆက်ယူနိုင်ဖို့ ပဉ္စမအကြိမ်မြောက်ကြိုးစားမှုတော့ရှိနေသေးတာပေါ့။ မိတ်ဆွေမှာသိမ်းငှက်မျက် လုံးများပါရင် ချက်ချင်းစိတ်မသက်သာဖွယ်တမ်းတွေ့ရမှာ အာဆင်နယ်ပဲ။ ၂၀၂၃ ခရစ္စမတ်နေ့ လိဂ်ထိပ်ဆုံး ရောက်ပြီး တစ်ဆက်တည်းမှာ မန်စီးတီးနောက်ဒုတိယနဲ့ရပ်တည်ခဲ့တယ်။ သဘောက ခရစ္စမတ်နေ့ထိပ်ဆုံးခုံထိုင် ပြီး အာဆင်နယ်ဟာ ဘယ်တုန်းကမှ ပရီးမီးယားလိဂ်ဖလားမရဘူးသေးတာပါပဲ။ (ဆက်လက်ဖော်ပြပါမည် . . .)
© COPYRIGHTS 2024 by illuminati