
ဘရိုက်တန်အသင်းမှာ ဒီနှစ်ခြေစွမ်းပြနေတဲ့ Joao Pedro ကို လီဗာပူးလ်အသင်းက အနီးကပ်စောင့်ကြည့်နေပြီးတော့ ၂၀၂၅ ခုနှစ်အတွက် ပစ်မှတ်ထားနေတယ်လို့ သတင်းတွေကဆိုပါတယ်။ တိုက်စစ်နေရာစုံမှာ ကစားနိုင်စွမ်းရှိတဲ့ Pedro ရဲ့ Profile ကြောင့် လီဗာပူးလ်အသင်းရဲ့စိတ်ဝင်စားမှုမြင့်တက်လာတာလည်း ဖြစ်ပါတယ်။ တိုက်စစ်မြှားဦးမှာ နူးနက်ဇ် ထင်သလောက်မဖြစ်ထွန်းတာ.. Jota ဒဏ်ရာမကြာခဏရတတတ်တာတွေကြောင့် ပီဒရိုက လီဗာပူးလ်အတွက် သင့်တော်တဲ့ကစားသမားတစ်ယောက်တော့ ဖြစ်နိုင်ပါတယ်။ အသက်က ၂၃ နှစ်ပဲ ရှိသေးတဲ့အပြင် လတ်တလောမှာ နောက်ဆုံးကစားထားတဲ့ ၇ ပွဲမှာ ပီဒရိုရဲ့ ဂိုးပါဝင်ပက်သက်မှုက ၅ ဂိုးအထိရှိပါတယ်။ အခုချိန်မှာတော့ ကောလဟာလအဆင့်သာရှိသေးပေမယ့်လည်း အရင်က ဘရိုက်တန်ကစားသမားတွေကို ခေါ်ယူမှုက လီဗာပူးလ်အတွက် အကျိုးဖြစ်ထွန်းခဲ့တာတွေ များတဲ့အတွက်ကြောင့် အပြောင်းအရွှေ့က တကယ်လည်းဖြစ်လာနိုင်ပါတယ်။
© COPYRIGHTS 2024 by illuminati