
ဘရာဇီးတိုက်စစ်မှူးနေမာရဲ့ဆော်ဒီအာရေဗျမှာ ရှိနေချိန်ဟာ အကျပ်အတည်းတွေကိုသာ ပိုဖြစ်စေလာတော့ မှာလားလို့ ထင်စရာပါပဲ။ အကြောင်းကတော့ သူ့ကြောင့်ပဲ ကစားသမားတစ်ဦးရဲ့အခြေအနေ ပိုမိုဆိုးရွားလာနိုင် မယ့်အနေအထားကို ရောက်လာတာပါ။ အကြောင်းကတော့ နေမာကို အယ်လ်ဟီလယ်ရဲ့ဆော်ဒီပရိုလိဂ်အသင်း အတွက် မှတ်ပုံတင်တော့မယ့် လမ်းစပေါ်လာတဲ့အတွက်ပါပဲ။ စီရော်နယ်ဒိုကစတင်လိုက်ရာကနေ ကမ္ဘာ့ပရိသတ်ရဲ့အာရုံထဲ အရိုက်ခတ်ဆုံးဖြစ်လာတဲ့ ဒီဆော်ဒီပရိုလိဂ်မှာ တ ခြားဥရောပနာမည်ကြီးတွေဆက်တိုက်စုပြုံဝင်ရောက်လာပြီး နောက်ဆုံးပိတ်ကတော့ ၂၀၂၃မှာ ပီအက်စ်ဂျီကနေ နေမာထွက်သွားကာ ဒီလိဂ်ကိုပြောင်းလာခဲ့တာပါပဲ။ အသက် ၃၁ နှစ်မှာ ဒီပရိုလိဂ်ကို ပြောင်းလာရင် ပိုကောင်းမယ်လို့ အရင်က အများစဉ်းစားခဲ့ကြဖူးတဲ့ ကစားသမား တစ်ဦးဟာ မက်ဆီမဟုတ်ရင်၊ ရော်နယ်ဒိုပါပဲ။ ဒါပေမဲ့ နေမာပါဝင်လာရာမှာ အများအာရုံကို ဆော်ဒီပရိုလိဂ်ကဖမ်း စားနိုင်ပြီး ချက်ချင်းမီဒီယာထုတ်လွှင့်နှုန်းတွေပါ မြင့်တက်အကျိုးအမြတ်ဖြစ်ထွန်းသွားခဲ့တာပါ။ ဒါပေမဲ့ နေမာရဲ့ဒီလိဂ်နဲ့တာထွက်ရာသီဟာ ၂၀၂၃ အောက်တိုဘာ ဒူးဒဏ်ရာပြင်းထန်စွာရခဲ့ပြီးနောက် အဆုံးသတ် လုနီးပါးအခြေအနေဆိုက်ရောက်ခဲ့သေးတယ်။ ဒီနှစ်အောက်တိုဘာမှာ နေမာပြန်ကစားလာနိုင်ခဲ့ပေမယ့် နိုဝင်ဘာ အစောပိုင်းမှာ ဒဏ်ရာပြန်ရလို့ ဇန်နဝါရီကျရင် တစ်နှစ်ပေါင်သန်း ၁၃၀တန်စာချုပ်ကို အယ်လ်ဟီလယ်ဘက်က ဖျက်သိမ်းနိုင်တဲ့သတင်းတွေတောင် ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ခုတော့ အသင်းက သူ့ကို ပြန်မှတ်ပုံတင်ဖို့အတွက် တစ်ချိန်ကနာမည်ကြီးချဲလ်ဆီးကစားသမားဟောင်း တစ်ဦးကို အသင်းကနေ ကန်ထုတ်ဖို့တောင် စဉ်းစားနေသတဲ့။ အဲဒီလူက တခြားမဟုတ်ဘူး၊ ကူလီဘလိုင်းပါပဲ။ နာပိုလီမှာကစားခဲ့တုန်းက ကမ္ဘာ့ဘောလုံးသုံးသပ်သူဂုရုတွေရဲ့အကျယ်အပြန့်မျက်စိကျခံခဲ့ရဖူးသူ၊ ၂၀၂၂ ခုနှစ် မှာ ပေါင် ၃၄သန်းနဲ့ ငွေကြေးမြင့်မားစွာရရှိပြီး ချဲလ်ဆီးကို မပြောင်းခဲ့ခင် နာပိုလီရဲ့အရေးကြီးဆုံးကစားသမားတွေ ထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။လန်ဒန်ကလပ်နဲ့အဆင်မပြေလို့ နောက်တစ်နှစ်မှာပဲ ဆီနီဂေါလက်ရွေးစင်ဟာ အယ်လ်ဟီလယ်ကို ပြောင်းလာခဲ့တာပါ။ အခုတော့နေမာအတွက် ကူလီဘလိုင်းရဲ့၂၀၂၆ခုနှစ်အထိရှိနေတဲ့စာချုပ် ကို ဖျက်မလား၊ အငှားပြန်ချပစ်မလားစဉ်းစားမယ်ဆိုပြီး ဆော်ဒီကလပ်က ဆုံးဖြတ်လိုက်ပါပြီလို့ သိရပါတယ်။ ဘောလုံးလောကဆိုတာကလည်း အနန္တသူရိယအမတ်ကြီးရဲ့မျက်ဖြေလင်္ကာလိုပဲ၊ သူတည်းတစ်ယောက် ၊ ကောင်းဖို့ရောက်မူ ၊ သူတစ်ယောက်မှာ ၊ ပျက်လင့်ကာသာ ၊ ဓမ္မတာတည်း လို့ ဆိုရမလိုပါပဲ။
© COPYRIGHTS 2024 by illuminati