
ဒီနေ့ညမှာ ယူရိုပါလိဂ်ပွဲစဉ်တွေအများကြီးရှိပါတယ်။ ပရိသတ်အထူးစိတ်ဝင်စားမယ့် ပွဲအချို့ကို ထုတ်နုတ်ခန့်မှန်းပေးလိုက်ပါတယ်။ ဟော့ဖန်ဟိမ်း vs စပါး (ဒဲ့ဒဲ့/ ၃-၃၀) ဒီနှစ်သင်းစလုံးခြေစွမ်းပုံစံညံ့နေတဲ့အသင်းတွေပါ။ စပါးဟာ ပြိုင်ပွဲစုံနောက်ဆုံးကစားတဲ့ရှစ်ပွဲမှာ ငါးပွဲရှုံးထားတယ်။ တစ်ဖက်က ဟော့ဖန်ဟိမ်းကလည်း ပြိုင်ပွဲစုံနောက်ဆုံးခုနှစ်ပွဲမှာ တစ်ပွဲပဲနိုင်ထားတဲ့အထိ ခြေစွမ်းပိုင်းအားနည်း နေတာတွေ့ရတယ်။ ဒါပေမဲ့ ဥရောပမြေမှာတော့ အိမ်ရှင်အသင်းဟာ အနိုင်ယူရခက်တဲ့အသင်းအဖြစ် ရပ်တည်နေ ပြီး အိမ်ကွင်းသုံးပွဲရှုံးပွဲမရှိသေးဘဲ တစ်ပွဲနိုင်၊ နှစ်ပွဲသရေယူထားပါတယ်။ ယူရိုပါလိဂ်အဝေးကွင်းသုံးပွဲမှာ တစ်ပွဲပဲအ နိုင်ယူထားတဲ့စပါးတို့ခက်ခဲလာနိုင်တယ်။ ဒီပွဲက ဟော့ဖန်ဟိမ်း သရေ (သို့) အနိုင်ပွဲမျိုးပါပဲ၊ လာဇီယို vs ဆိုစီဒက် (အိမ် =၃၀/ ၂-၃၀) ပြိုင်ပွဲစုံနောက်ဆုံးခြောက်ပွဲမှာ နှစ်ပွဲပဲ လာဇီယိုနိုင်ထားပေမယ့် ကိုယ့်အိမ်ကွင်းမှာ ဆိုစီဒက်ကို နိုင်ဖို့ လာဇီယို အတွက်မခက်ခဲပါဘူး။ လာဇီယိုက ဥရောပပွဲအိမ်ကွင်းကစားအားကောင်းပြီး ယူရိုပါလိဂ်အိမ်ကွင်းနောက်ဆုံး ၁၂ ပွဲမှာ ရှုံးပွဲမရှိသေးဘဲ ခုနှစ်ပွဲနိုင်ထားတဲ့အထိ တောက်ပနေတယ်။ ဆိုစီဒက်အဝေးကွင်းခြေစွမ်းရုန်းကန်ရတဲ့အ တွက် အခုပွဲဧည့်သည်တို့ ဖွင့်ကစားလို့မရပါဘူး။ အဝေးကွင်းနောက်ဆုံးသုံးပွဲမှာ တစ်ပွဲသာနိုင်ထားပြီးနိုင်တဲ့အ သင်းကလည်း စပိန်အောက်ဆုံးတန်းအဆင့်ကအသင်းလေးကိုပါ။ ဒါကြောင့် လာဇီယို သရေ (သို့)အနိုင်ရလဒ် ဖြစ်လာနိုင်လို့ ပြား၃၀ရင်းပြီး လာဇီယိုပဲ အားပေးမယ်။ မန်ယူ vs ရိမ်းဂျားစ် (အိမ် ၁-၃၀/၃+၂၀) ဒီနေ့ပွဲမှာ မန်ယူကို ရွေးအားပေးဖို့ရာ စိတ်ချယုံကြည်လို့မရဖြစ်နေတယ်။ ဒါပေမဲ့ ထိပ်ဆုံးရှစ်သင်းထဲဝင်ဖို့က ဒီနေ့ ပွဲဟာ နှစ်သင်းစလုံးဖွင့်တိုက်ကြမှာမို့ ဂိုးတွေမြူးလာနိုင်တယ်လို့ ထင်တယ်။ ရူဘင်အေမိုရင်လက်ထက် မန်ယူခံစစ် က ဟာပေါက်ကြီးဖြစ်နေပြီး နောက်ဆုံးရှစ်ပွဲမှာ ခြောက်ပွဲလောက်က အနည်းဆုံးနှစ်ဂိုးပေးနေရတယ်။ နောက်ဆုံး အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဘရိုက်တန်ကို ၁-၃ နဲ့ရှုံးခဲ့တာကိုပဲကြည့်။ နောက်ဆုံးရှစ်ပွဲ ငါးပွဲအရှုံးကို ခံသွားရတာ။ တစ်ဖက်က ရိမ်းဂျားစ်ကတော့ တိုက်စစ်အားကောင်းနေပြီး နောက်ဆုံးခြောက်ပွဲမှာ ငါးပွဲက ၃ဂိုးအထက်သွင်းထား တဲ့အသင်းပါ။ ခါးသီးပြိုင်ဘက် ဆဲလ်တစ်အသင်းကိုတောင် သုံးဂိုးပြတ်သိပ်ထားခဲ့တာ။ မန်ယူနဲ့လျော့ရဲနေတဲ့ခံစစ် ကို ရိမ်းဂျားစ်တို့ ထိုးဖောက်ဂိုးမသွင်းနိုင်စရာအကြောင်းမရှိဘူး။ ဒါပေမဲ့ တစ်ချိန်တည်းမှာ မန်ယူတိုက်စစ်ကလည်း တုံ့ပြန်လာနိုင်စွမ်းပေါ်လာရင် အခုပွဲက ဂိုးအပေါ်နေတာ အကောင်းဆုံးပါပဲ။
© COPYRIGHTS 2024 by illuminati