
တနင်္ဂနွေနေ့အတွက် Pieces sports ပရိသတ်တွေ အကျိုးအမြတ်ဖြစ်နိုင်စေမယ့် ပွဲကောင်းတချို့ကို တွက်ချက် ခန့်မှန်းပေးလိုက်ပါတယ်။ အောင်ပွဲပြန်ယူနိုင်ကြပါစေ။ လီဗာပူး - ၀ုဗ် (အိမ် ၂+၅၀/၃-၅၀) မနေ့က အာဆင်နယ်အနိုင်ရခဲ့လို့ လီဗာပူးဒီပွဲကို မဖြစ်မနေရုန်းကစားရမှာပါ။ ဒီပွဲကနေစပြီး လီဗာပူးက ပွဲကြပ် ကာလစဖြတ်သန်းရပါပြီ။ မာဆေးဆိုက်ဒါဘီပွဲသရေကျခဲ့ပြီး အဲဒီပွဲမှာ နည်းပြ Arne Slot အနီကတ်ထိလို့အခုပွဲ ကို ကွင်းဘေးကကြီးကြပ်ခွင့်မရပါဘူး။ ဒါ့အပြင် အားထားရသူ ကွင်းလယ်လူ Curtis Jones လည်း ဒီပွဲကိုလွဲ ချော်မှာဖြစ်ပါတယ်။ ၀ုဗ်ကတော့ နောက်ဆုံး ၂ပွဲဆက်နိုင်ပွဲရထားပြီး ယုံကြည်ချက်မြင့်နေသလို နောက်ဆုံး ၃ပွဲ ဆက်လည်းကြေးအောင်ထားတဲ့အသင်းဖြစ်ကာ တန်းဆင်းဇုန်နဲ့ ၂ မှတ်ကွာဟနေတဲ့အတွက် လီဗာပူးကို ဒုက္ခ ပေးနိုင်ဖို့ ကြိုးပမ်းမှာပဲ။ လီဗာပူးကြေးက မူလ ၂-၅၀ကနေ ၂+၅၀အဖြစ်ပြောင်းပြန်ပြောင်းသွားတယ်။ ဒီကြေး အရအောင်နိုင်ခြေဟာ လီဗာပူးဘက် ၅၁.၉%၊ ၀ုဗ်ဘက် ၅၀%ရှိနေတယ်။ သဘောက လီဗာပူးနိုင်တောင်ဂိုးပြတ် မယ်မထင်ဘူး။ ဘော်ဒီစျေးနဲ့ဂိုးပေါင်းစျေးလည်း မမျှတဲ့အတွက် အခုပွဲ ၀ုဗ်ကို အားပေးသင့်ပါတယ်။ စပါး - မန်ယူ (အိမ် =၅၀/၃+၂၀) စပါးကတော့ တစ်ပတ်တည်းမှာပဲ ကာရာဘောင်ဖလား၊ အက်ဖ်အေဖလားတို့ကနေ လီဗာပူးနဲ့ ဗီလာတို့ကို ရှုံးပြီး ဆက်တိုက်ထွက်ခဲ့ရတယ်။ စပါးမှာ ဒဏ်ရာရကစားသမားအချို့တော့ ပြန်ပါလာနိုင်ပြီး အစဉ်အလာမှာ မန်ယူနဲ့ နောက်ဆုံးငါးကြိမ်တွေ့ခဲ့ရာမှာ မရှုံးဖူးဘဲ သုံးပွဲနိုင်ထားတယ်။ ဒီဇင်ဘာတုန်းက ဖလားပြိုင်ပွဲမှာ စပါးကွင်း ၄-၃ နဲ့အောင်ပွဲခံခဲ့တာကနောက်ဆုံးပေါ့။ ဒါပေမဲ့ လက်ရှိခြေစွမ်းပိုင်းယိုင်နေတဲ့စပါးဟာ နိုဝင်ဘာအစောပိုင်း အက်စ် တွန်ဗီလာကို ၄-၁ နဲ့နိုင်ပြီးနောက် လိဂ်အိမ်ကွင်းနိုင်ပွဲမရဘဲ ခုနှစ်ပွဲဆက်ရှုံးပွဲကြုံခဲ့လို့ ပရိသတ်တွေတောင် အ သင်းဘုတ်အဖွဲ့ကို ကန့်ကွက်ဆန္ဒပြတာတွေဖြစ်ကုန်ခဲ့တာ။ မန်ယူကတော့ လက်စတာကို အက်ဖ်အေမှာ နိုင်ပြီး နောက်ဆုံးငါးပွဲ၊ လေးပွဲနိုင်ထားတယ်၊ အဝေးကွင်းခြေစွမ်းမန်ယူပြန်ကောင်းလာပြီး နောက်ဆုံးလေးပွဲရှုံးပွဲမရှိ သေးဘူး။ သုံးပွဲလည်းနိုင်ထားတယ်၊ စပါးခြေစွမ်းယိုင်နေတာကို မန်ယူ အခွင့်အရေးယူလာနိုင်တယ်။ မန်ယူကို ပဲ ရပ်တည်သင့်ပါတယ်။ အက်စ်ပန်ညို - ဘီလ်ဘာအို (အဝေး ၁+၅၀/ ၂-၃၀) အက်စ်ပန်ညိုက အဆင့် ၁၈က ဗလင်စီယာအထက် တစ်မှတ်အကွာမှာပဲထိုင်နေတော့ တန်းဆင်းဇုန်နဲ့ဝေးရာကို ထပ်ရွှေ့သွားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်၊ နောက်ဆုံးပွဲမှာ ဆိုစီဒက်ကို အဝေးကွင်း ၂-၁နဲ့လည်းရှုံးခဲ့ပြီး အက်စ် ပန်ညိုဟာ လာလီဂါလေးပွဲဆက်ရှုံးပွဲမရှိမှုစံချိန် ရပ်တန့်သွားတယ်။ ဘီလ်ဘာအိုကတော့ လာလီဂါနောက်ဆုံး ၁၄ ပွဲရှုံးပွဲမရှိဘူး၊ အောက်တိုဘာ ၆ ရက်အထိပေါ့။ ဒီလိုခြေစွမ်းပုံစံကောင်းရထားသော်ငြား တတိယနေရာက ဘာစီ လိုနာကို မမှီသေးဘူး၊ ဒါပေမဲ့ အခုပွဲနိုင်ရင် ဘာကာနဲ့ တစ်မှတ်ကွာအတွင်းဖြစ်သွားမှာဆိုတော့ ဒီအခွင့်အရေးကို အမိအရယူဖို့ ဘီလ်ဘာအိုဖောင်ဖျက်တိုက်မှာပဲ။ ဒီရာသီပ-အကျော့တုန်းကလည်း ဘီလ်ဘာအိုက ၄-၁ နဲ့နိုင်ထား ပါတယ်။ ဒါပေမဲ့ အဝေးကွင်းခြေစွမ်းရုန်းကန်ရမှုပိုင်းကို ထည့်တွက်စဉ်းစားရင်အခုပွဲ ဘီလ်ဘာအိုဂိုးပြတ်မနိုင် လောက်ဘူး။ တစ်ဂိုးသွင်းရင်ပျော်ရမယ့် ဘီလ်ဘာအိုကိုပဲ ယုံကြည်သင့်ပါတယ်။ အူဒီးနိစ် - အမ်ပိုလီ (အိမ် =၁၀၀/၂-၅၀) အူဒီးနိစ်တို့ နောက်ဆုံး၂ပွဲဆက်ကြေးအောင်ထားလို့ ပရိသတ်တွေပျော်နေလောက်ပြီ။ ပြီးခဲ့တဲ့တစ်ပတ် နာပိုလီနဲ့ပွဲ မှာ အူဒီးနိစ်ဟာ သရေတစ်မှတ်ထိုက်တန်စွာရခဲ့ပါတယ်။ အူဒီးနိစ်ကွင်းလယ်လူ Jurgen Ekkelenkamp ကအသင်း အတွက် ချေပဂိုးကို အဝေးကနေ လှလှပပကန်သွင်းယူသွားခဲ့လို့ပါပဲ။ တစ်ဖက်မှာ အမ်ပိုလီကတော့ ၁၀ပွဲဆက် နိုင်ပွဲမရမှုကို ရှောင်လွှဲနိုင်ဖို့တော့ ဒီပွဲမှာ အားစိုက်ပါလိမ့်မယ်။ ဒီလိုနိုင်ပွဲမရတဲ့အတွက် အမ်ပိုလီဟာ တန်းဆင်း ဇုန်အထက် တစ်မှတ်ပဲကွာပါတယ်။ နှစ်သင်းစလုံးနောက်ဆုံး၃ကြိမ်တွေ့တုန်းက သရေရလဒ်တွေနဲ့ဆိုပေမယ့် လက်ရှိခြေစွမ်းပုံစံအရသာထားတဲ့ အူဒီးနစ်တို့ ကပ်ပြီးအနိုင်ယူသွားနိုင်ပါတယ်။ အူဒီးနိစ်ပဲ ရွေးချယ်ရပါမယ်။
© COPYRIGHTS 2024 by illuminati