
စပါးအသင်းကို ရှုံးနိမ့်ပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၁၅ ရောက်သွားပြီးတဲ့နောက်မှာ မန်ယူအ သင်းနည်းပြ Ruben Amorim က သူ့အလုပ်က အလွန်ခက်ခဲတယ်ဆိုပြီး ပြောလိုက်ပါတယ်။ ပေါ်တူဂီလူမျိုး နည်းပြ Amorim ဟာ သူ့လက်ထက် လိဂ် ၁၂ ပွဲကြီးကြပ်ထားရာမှာ ရှစ်ပွဲမြောက်အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာပါ ပဲ။ ဒီရှုံးပွဲကြောင့်လည်း မန်ယူခြေစွမ်း ထပ်ရုန်းကန်ခဲ့ရပြန်ပါတယ်။ အသက် ၄၀ Amorim ဟာ မန်ယူကို ပြောင်းလာပြီးကတည်းက ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွေမှာ အရိုးသား ဆုံးဖွင့်ဟပြောပြလေ့ရှိသူတစ်ဦးပါ။ အခုလည်း သူက ‘ ပြဿနာတွေက အများကြီးပါပဲ။ ကျနော့်အလုပ်က အ ရမ်းခက်တယ်၊ ဒါပေမဲ့ ဒီမှာဆက်လုပ်သွားမှာပါ၊ ရှေ့တစ်ပတ်မှာတော့ အနိုင်ပြန်ရအောင် ကြိုးစားမယ်လို့ ကျ နော်ယုံကြည်ပါတယ်”ဆိုပြီး ပြောပြသွားပါတယ်။ မန်ယူမှာ ကစားသမား ၁၂ ဦးဒဏ်ရာအခြေအနေနဲ့ကြုံတွေ့နေရတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာ အခက်ခဲဆုံး ပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ မန်ယူရုန်းကန်နေရတာဖြစ်ပါတယ်။ ဒီဒဏ်ရာပြဿနာကိုလည်း အကောင်း ဆုံးဖြေရှင်းသွားမယ့်အကြောင်း Amorim က ပြောပါတယ်။ ‘ ဒီပြိုင်ပွဲက ကမ္ဘာမှာအခက်ခဲဆုံးပါ။ ဒါကို သတိ ထားဖို့ ကြိုးစားနေတယ်။ အသင်းဟာ ဂိုးရဖို့ လောနေတယ်လို့ ထင်တယ်၊ အပြောင်းအလဲမလုပ်ချင်ဘူးလို့ ထင်တယ်။ ဒါပေမဲ့ သူတို့ကစားရပါလိမ့်မယ်။ ကစားသမားတွေကို ကူညီဖို့ ကျနော်ဒီကို ရောက်လာတာပါ။ ကျနော့်အခြေအနေ၊ ကျနော့်အလုပ်ကို နားလည်ပါတယ်။အလုပ်မှာဆက်ရှိဖို့ ယုံကြည်တယ်။ ပွဲတွေကို အ နိုင်ရချင်တယ်’ဆိုပြီး နည်းပြကဆက်လက်ပြောပါတယ်။
© COPYRIGHTS 2024 by illuminati