
ဒီနှစ်ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်ဖို့ အလားအလာကောင်းနေပြီဖြစ်တဲ့ လီဗာပူးအသင်းဟာ တစ်နှစ် အနည်းဆုံး ပေါင်သန်း ၆၀ တန်ကြေးရှိတဲ့ စာချုပ်တစ်ရပ်ကို ဒီနွေကနေစပြီး ဝတ်စုံပံ့ပိုးကုမ္ပဏီ adidas နဲ့ ပြန်လက်တွဲပြီး ချုပ်ဆိုလိုက်ပါပြီ။ စာချုပါသဘောတူညီချက်အရ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ကာနီးလီဗာပူး ဟာ Nike ကုမ္ပဏီနဲ့ ပြတ်စဲပြီး ၂၀၁၂ နောက်ပိုင်း ပထမဆုံးအကြိမ် adidas ဝတ်စုံကို ပြန်လည်ဝတ်ဆင်ရမှာဖြစ်ပါ တယ်။ ၁၉၈၅ ခုနှစ်ကနေ ၁၉၉၆ ခုနှစ် ၁၁ နှစ်ကြာကာလတစ်ရပ်အပါအဝင် အရင် ဖလားလက်မဲ့ခေတ်တွေဖြတ်သန်း ချိန်တုန်းက ဂျာမန်ကုမ္ပဏီကြီး adidas က လီဗာပူးကို စပွန်ဆာပေးလာတာဖြစ်ပါတယ်။ အသင်းရဲ့ ဂန္ထဝင်ပြယုဂ် အဖြစ်ဆုံးရှပ်အင်္ကျီထဲက အချို့ကို နှစ်ပေါင်းများစွာကြာ adidas ကုမ္ပဏီက ထုတ်လုပ်ပေးလာတာဖြစ်တဲ့အတွက် အခုလို ပြန်ပေါင်းစည်းမှုသတင်းကို ကြားရရင် ဝမ်းသာအားရဖြစ်နေကြပါလိမ့်မယ်။ စာချုပ်အရ လီဗာပူးအသင်းဟာ ကွင်းတွင်းစွမ်းဆောင်ရည်အပေါ်မူတည်ပြီး အပိုဆုကြေးတွေ ထပ်မံရရှိဦးမယ့် ခိုင်မာတဲ့ငွေကြေးကဏ္ဍပိုင်းပါဝင်နေဖို့ မျှော်လင့်ရပါတယ်။ စီအီးအိုဖြစ်သူ Billy Hogan က “ကလပ်မှာရှိတဲ့သူ တိုင်းက လီဗာပူးမိသားစုထဲ adidas ပြန်ဝင်လာတာကို ကြိုဆိုဖို့ စိတ်လှုပ်ရှားနေြ့တယ်။ အတိတ်တုန်းက ကျ နော်တို့ ပျော်ရွှင်စရာ အောင်မြင်မှုကို အတူခံစားထားဖူးပြီး တစ်သက်တာ ဂန္ထဝင်အမြောက်ဆုံးလီဗာပူးဝတ်စုံအ ချို့ကို ဖန်တီးခဲ့တယ်၊ adidas နဲ့ လီဗာပူးမှာ အောင်မြင်မှုပန်းတိုင်တစ်ရပ် ထားရှိထားတယ်။ အတူတကွဲပြန် လက်တွဲနိုင်ဖို့ အတိုင်းမသိစိတ်လှုပ်ရှားရ့ါတယ်။ ကွင်းတွင်းစွမ်းဆောင်ရည်ကို ကြည့်ပြီး ဒီထက်ပို အံ့အားသင့်စ ရာကောင်းမယ့်ဝတ်စုံတွေကို ဆက်လက်ထုတ်လုပ်သွားဖို့ မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ ့ငါးနှစ်ကျော်ကာလ ကျနော်တို့အသင်းကို ပံ့ပိုးထောက်ခံမှုဗပးလို့ Nike ကိုလည်း ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ အဆင်ပြေပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ စာချုပ်မှာ ဩဂုတ်လမတိုင်ခင်အထိ စအသက်ဝင်ဦးမှာမဟုတ်တဲ့အတွက် လီဗာပူးအနေနဲ့ ရာသီကြိုကာလအစ မှာလက်ရှိ Nike ဝတ်စုံကိုပဲ ဆက်ဝတ်ကစားဦးမှာပါ။ လီဗာပူးဟာ ရာသီကြိုခရီးစဉ်ကို ဂျပန်နဲ့ ဟောင်ကောင်တို့ ကိုသွားဖို့ စဉ်းစားနေပေမယ့် အတည်မပြုရသေးဘူးလို့ သိရပါတယ်။
© COPYRIGHTS 2024 by illuminati