
ဝက်စ်ဟမ်းအသင်းဟာ လက်ရှိနည်းပြ Julen Lopetegui ကို ရာထူးကနေ ဒီနေ့ပဲ ထုတ်ပယ်ဖို့ ပြင်ဆင် လိုက်ပြီလို့ သိရပါတယ်။ ဒီနောက် အရင်ချဲလ်ဆီးနည်းပြဟောင်းဖြစ်တဲ့ Graham Potter ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့လည်း ကြိုးစားနေပါတယ်။ လွန်ခဲ့တဲ့ ၄၈ နာရီအတွင်းမှာ နည်းပြ Potter ဟာ ဝက်စ်ဟမ်းအသင်းပိုင်ရှင်ဖြစ်တဲ့ David Sullivan နဲ့ ဆွေးနွေးစကားပြောနေတယ်လို့ ဆိုပါတယ်။ ဒီဆွေးနွေးချက်တွေဟာ နောက်ဆုံးအဆင့်ထိရောက်ရှိနေပြီး အပြီးသတ်ဆွေးနွေးပြီးတာနဲ့ Lopetegui ကို တာ ဝန်ကနေ တရားဝင်ရပ်စဲမှာဖြစ်တယ်လို့ သိရတယ်။ ဒီမနက်ပိုင်း မီဒီယာတွေနဲ့ Lopetegui တွေ့ဆုံပြီး သတင်း စာရှင်းလင်းပွဲလုပ်ဖို့ကိစ္စကို အသင်းဘက်ကနေ ပယ်ဖျက်လိုက်ပါတယ်။ Lopetegui နဲ့နီးစပ်တဲ့ သတင်းအရင်း အမြစ်တွေကတော့ သူ့ကို ရာထူးကနေ ထုတ်ဖို့ကိစ္စဟာ အနှေးနဲ့အမြန်ဆိုသလို ဖြစ်လာတော့မယ်လို့ ပြောပါ တယ်။ ဝက်စ်ဟမ်းအသင်းဟာ ကစားခဲ့တဲ့ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲစလုံးမှာ နိုင်ပွဲမရဖြစ်နေပြီး လီဗာပူး၊ မန်စီးတီး တို့နဲ့ပွဲတွေမှာ ဂိုးပြတ်ရှုံးခဲ့တဲ့အတွက် အသင်းပိုင်ရှင်တွေက အသင်းကံကြမ္မာကို ပြောင်းလဲဖို့ ရည်ရွယ်လာခဲ့တာ ပါ။ မူအရတော့ ဝက်စ်ဟမ်းဟာ Potter ကို ရာသီကုန်အထိပဲ တာဝန်ယူပေးစေချင်တာလို့ ဆိုတယ်။ ဝက်စ်ဟမ်း နည်းပြဖြစ်လာဖို့ ကာတာကလပ်အဲလ်ဒူဟေးအသင်းနည်းပြ Christophe Galtier လည်းရေပန်းစားနေပေမယ့် ဝက်စ်ဟမ်းရဲ့နံပတ်တစ်ပစ်မှတ်ကတော့ Potter ပဲဖြစ်တယ်လို့ သိရပါတယ်။
© COPYRIGHTS 2024 by illuminati