
မန်ယူအသင်းနာမည်ကြီးတွေဟာ ရူဘင်အမိုရင်ကို ဒေါသအိုးပေါက်ကွဲနေတယ်လို့ သိရတယ်။ ဒါပေမဲ့ သူ့အ ပေါ်မကျေနပ်ချက်တွေနဲ့ပတ်သက်ပြီး နည်းပြဖြစ်သူကတော့ ဘာကိုမှ အလေးထားဟန်မတူပါဘူး။ မန်ယူဟာ ကြားရက်မှာ အစ်ဆွစ်ချ်အသင်းကို ၃-၂ နဲ့နိုင်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ ရောက်ခဲ့ပြီး အသင်းတွင်း ဖိအားသံတွေ ထွက်ပေါ်လာတာပါ။ ဒါပေမဲ့ ကွင်းပြင်ပမှာလည်း အသင်းအတွက် ခေါင်းခြောက်စရာ သီတင်းပတ်ဖြစ်လာတယ်။ အသင်းအမှုဆောင် ချုပ်ဖြစ်တဲ့ ဘာရာဒါကလည်း ဝန်ထမ်းပေါင်း ၂၀၀ကျော်အထိ အလုပ်အကိုင်ဆုံးရှုံးသွားရနိုင်တယ်ဆိုပြီး အတည် ပြုခဲ့ပါတယ်။ သတင်းထွက်ပေါ်လာပြီးနောက်မှာ အမိုရင်ဟာ သူ့ကစားသမားတွေဘက် ဦးလှည့်သွားပြီး ချန်ပီယံ လိဂ်ဝင်ခွင့်မရခြင်းနဲ့ ပရီးမီးယားလိဂ်ခြေစွမ်းပုံစံညံ့နေတာဟာ လစာလျှော့ချရေးကြောင့်ဆိုပြီး ထောက်ပြ လိုက်ပါတယ်။ ‘အသင်းမှာရှိတဲ့ပြဿနာအားလုံးကို ကျနော်တို့ ဖြေရှင်းရမယ်၊ ဒါပေမဲ့ ဒီကာလအရေးကြီးဆုံးက ဒီအခြေအ နေကို ကျနော်တို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ နားလည်ပေးဖို့ပါ။ ဘောလုံးအသင်းမှာ အောင်မြင်မှုမရရင်လုပ် စရာတွေတစ်ပုံကြီးပဲ၊ အကြောင်းက ကျနော်တို့က ဘယ်ဘောလုံးကလပ်တိုင်းအတွက်မဆိုင် မောင်းနှင်အား အင် ဂျင်ဖြစ်နေလို့ပဲ’ ဆိုပြီး အမိုရင်က ပြောတယ်။ အခု ဗြိတိန်သတင်းစာကနေ ဒီမှတ်ချက်စကားတွေကြောင့် မန်ယူအဝတ်လဲခန်းထဲ မညီမညွတ်တာတွေ ဖြစ်ကုန် တယ်ဆိုပြီး သတင်းတင်ပြလိုက်ပါတယ်။ ဒီသတင်းဌာနနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ခုကလည်း ‘ကာရင်တန် ကို ခင်ဗျားရောက်သွားခဲ့ရင် ကစားသမားတွေနဲ့ အမိုရင်တို့ အတော်လေးခပ်ကြီးကြီးမားမားဖြစ်နေတာပဲဆိုပြီး တွေးမိလိမ့်မယ်။ ဒါပေမဲ့ တကယ်အမှန်က ကစားသမားတွေဟာ အသင်းရဲ့ဘဏ္ဍာရေးပြဿနာအတွက် အပြစ် တင်ခံရလို့ မကျေမနပ်ဖြစ်နေကြတာ။ ဒါပေမဲ့ သူတို့က နည်းပြကို သူတို့နဲ့တစ်ပေါင်းတစ်စည်းတည်းမဖြစ်သေး တယ်ဆိုပြီး စိန်မခေါ်ကြပါဘူး။ သူက ကွင်းထဲကနေ သူလိုချင်တဲ့အရာ ပီပီပြင်ပြင်သိတယ်၊ ဒါကို အကောင်အ ထည်ဖော်ဖို့ ကြိုးစားနေတယ်’ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ဒီနောက် တစ်ယောက်လျော့နဲ့ မန်ယူဟာ အစ်ဆွစ်ချ်ကို အနိုင်ယူပြီးနောက် အသင်းခေါင်းဆောင်ဖာနန်ဒက်စ်က သူနဲ့သူ့အသင်းကစားဖော်တွေဟာ နည်းပြအမိုရင်ရဲ့နည်းစနစ်အပေါ် သံသယမြင်နေကြတယ်ဆိုပြီး အရိပ်အမြွတ် ထုတ်ပြောခဲ့တယ်။ ဆိုတော့ကာ မန်ယူအသင်းပိုင်ရှင်တွေ၊ နည်းပြအမိုရင်နဲ့ ကစားသမားတွေကြား အလုပ်အ ကိုင်လျှော့ပေါ့ရေးကိစ္စနဲ့ပတ်သက်ပြီး ရှေ့ဆက်ဘယ်လိုတွေမြင်တွေ့ရမလဲ စောင့်ကြည့်ရပါမယ်။
© COPYRIGHTS 2024 by illuminati