
မန်ယူအသင်းကနေ တိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ် ထွက်သွားပြီးနောက်မှာ ခံစစ်မှူးလုခ်ရှောဟာ အသင်းမှာ ဝါ အရင့်ဆုံးကစားသမားတစ်ဦးဖြစ်လာပါတယ်၊ ပြီးတော့ လုခ်ရှောဟာ မန်ယူမှာ သက်တမ်းအကြာဆုံးအချိန်ကုန် ဆုံးထားသူ ကစားသမားလည်းဖြစ်နေပြန်တယ်။ ဒီနှစ်ရာသီဆိုရင် လုခ်ရှောဟာ မန်ယူနဲ့ ၁၁ နှစ်ဆက်လက်တွဲ ထားသူဖြစ်နေပြီး အသင်းအတွက် ပွဲပေါင်း ၂၇၈ ပွဲကစားပေးထားတယ်။ ဒါပေမဲ့ အသက် ၂၉နှစ် လုခ်ရှောဟာ လက်ရှိမှာတော့ ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရပြီး အခုလို ကစားသမားဘ၀မှတ်တိုင်တစ်ခု စိုက်ထူထား နိုင်မှုအတွက် ဂုဏ်ယူရမယ့်အခြေအနေမရှိဘူးဖြစ်နေတယ်။ ဒီနေ့ဟာဆိုရင် လုခ်ရှောရဲ့ မန်ယူအတွက် နောက်ဆုံးပွဲထွက်ကစားထားပြီးနောက်ပိုင်း မကစားဖြစ်တာ တစ်နှစ် ပြည့်မြောက်တဲ့နေ့ပဲဖြစ်ပါတယ်။ အသင်းအတွက် သူနောက်ဆုံးကစားပေးထားတဲ့ပွဲဟာ လူတန်ကို အနိုင်ယူခဲ့ တဲ့ပွဲဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းလုခ်ရှောဟာ အင်္ဂလန်အတွက် ယူရိုပြိုင်ပွဲမှာ ကိုယ်စားပြုပါဝင်တယ်၊ ဒါပေမဲ့ ကလပ်အတွက်ကတော့ သုံးပွဲသာ လူစားဝင်ကစားရပြီး စုစုပေါင်း ၉၈ပွဲသာရှိပါတယ်။ မနှစ်က ဒီဇင်ဘာ ၁ ရက် ကစပြီး လုခ်ရှောဟာ မန်ယူအတွက် ကစားပေးရခြင်းမရှိသေးပါဘူး။ နောက်ပိုင်းတော့ လုခ်ရှောတစ်ယောက် လေ့ကျင့်ရေးမှာ ဒဏ်ရာတွေ ထပ်တလဲလဲ ပြန်ရတယ်။ ဒီတစ်ကြိမ်ပြန်ဖြစ်တာကိုတော့ လုခ်ရှော၊ အမိုရင်နဲ့ မန်ယူ ပရိသတ်တွေ မကျေမနပ်ဖြစ်နေကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ကပဲ နည်းပြ အမိုရင်က ဒီဒဏ်ရာဟာ နောက်ဆုံးဖြစ်ခဲ့တဲ့နေရာနဲ့မတူတဲ့နေရာမှာ သာမန်လောက်ပဲဖြစ်ခဲ့တာဆိုပြီး ပြောခဲ့သေးတယ်။ အဲဒီနောက်ပိုင်း လုခ်ရှောဟာ လေ့ကျင့်ရေးလည်း မဆင်းနိုင်ဘူး၊ ဒဏ်ရာဟောင်းပြန်ပေါ်လာတာလို့တော့ ဆိုကြ တယ်။ ဒါပေမဲ့ ကွင်းထဲ သူပြန်ဝင်လာဖို့လိုပါတယ်။ ဒါပေမဲ့ သူပြန်ဝင်လာရင် အဝတ်လဲခန်းထဲ သူ့အရှိန်အဝါ ဟာ အရင်ကလိုမျိုးတော့ မဟုတ်နိုင်တော့တာကို တွေ့ကောင်းတွေ့ရနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အသင်း ခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာ အခု မန်ယူအတွက် ပွဲပေါင်း ၂၇၀ ကစားပေးထားပြီးပြီ၊ တစ်ဖက်မှာ လုခ်ရှော က ၂၇၈ ပွဲ။ အချက်အလက်နဲ့ဆက်စပ်ကြည့်ရင် ရှောဟာ ဒဏ်ရာကြောင့် မန်ယူအတွက် ပွဲ ၃၀၀ဝန်းကျင် လွဲထားပြီး လွန်ခဲ့တဲ့ ၁၁ နှစ်ကျော်အတွင်း သူမကစားနိုင်တဲ့ရက်စုစုပေါင်း ၁၆၅၉ ရက်ရှိနေပါပြီ။ လေးနှစ်ခွဲလွဲ ထားတဲ့သဘောပဲ။ ဒါပေမဲ့ ရှောဟာ ကံကြမ္မာငင်နေရတဲ့သူလို့ ပြောရင် မငြင်းနိုင်ပါဘူး။ မန်ယူမှာ ပထမဆုံး ပြင်းထန်ဒဏ်ရာရခဲ့ချိန် က သူ့ကစားသမားဘ၀ အဆုံးသတ်သွားလုနီးပါးအထိကို ကြောက်မက်စရာကောင်းခဲ့တာပါ။ အဲဒီနောက်ပိုင်း ရှောဟာ ကာလအတော်ကြာ ကြံ့ခိုင်မှုထိန်းထားနိုင်ဖို့ ရုန်းကန်ရတယ်။ လုခ်ရှော တောက်ပခဲ့တဲ့အခိုက်အတန့် တွေရှိပေမယ့် လွန်ခဲ့တဲ့ ၂နှစ်ကျော်အတွင်း သူ့အခြေအနေဟာ ထိတ်လန့်စရာလို့ ပြောရုံမှတစ်ပါးတခြားပြောစ ရာစကားမရှိ၊ နတ္ထိ။ သူ့ကျန်းမာရေးအနေအထားနဲ့ပတ်သက်ပြီး ပရိသတ်တွေက မကျေနပ်တဲ့အကြောင်း ထုတ် ဖော်ပြသထားပြီးပါပြီ။ နည်းပြအမိုရင်ရဲ့ ၃-၄-၂-၁ ကစားကွက်မှာ အဓိကကျတဲ့အစိတ်အပိုင်းတစ်ခုဖြစ်နိုင်စွမ်းပကား လုခ်ရှောမှာ ရှိ တာကတော့ သံသယဖြစ်စရာမလိုပါဘူး။ ဒါပေမဲ့ ဒဏ်ရာကပဲ သူ့အတွက် ကြမ္မာဆိုးငင်နေတာ။ လွန်ခဲ့တဲ့ ၂နှစ် က သူ့ရဲ့ထိုက်တန်မှုကို သက်သေပြခဲ့နိုင်တယ်၊ ဒါပေမဲ့ အခုအာရုံစိုက်ရမှာက ကြံ့ခိုင်မှုရှိနေဖို့ပဲ။ ဒါကလည်း ပြောရတာသာလွယ်တာ၊ လက်တွေ့လုပ်ရခက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုခ်ရှောတစ်ယောက် ကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဘောလုံးအားကစား ဝါသနာပါသူတိုင်းအတွက် ပွဲရလဒ်တွေကို ပေါ့ပေါ့ပါးပါးခန့်မှန်းရင်း ပျော်ပျော်ပါးပါး ကြည့်လို့ရအောင် ကျွန်တော်တို့ရဲ့ Pieces Sport မှာ ပါဝင်ဆင်နွှဲလို့ရနေပြီဖြစ်ကြောင်း အသိပေးပါရစေ။ ပျော်ပျော်ကြီး ခန့်မှန်းဖို့ >>>> ps.piecesball.com အပတ်စဉ် ဘောလုံးပွဲတွေကိုခန့်မှန်းရင်း ၁သိန်းတန် ဆုကြေးကြီးကို အပိုင်ရယူနိုင်ပါစေ။ #piecessport
© COPYRIGHTS 2024 by illuminati