
လီဗာပူးအသင်းပရိသတ်တွေ စိတ်တထင့်ထင့်ဖြစ်နေရတဲ့ကိစ္စတစ်ခု ဒီရက်မှာ အားတက်စရာဖြစ်လာရပါတယ်။ တခြားတော့ မဟုတ်ဘူး။ အသင်းရဲ့အဓိကအားထားရသူတိုက်စစ်မှူးမိုဟာမက်ဆာလာနဲ့ပတ်သက်တဲ့ကိစ္စပါ။ ဆာလာဟာ ဒီနှစ်မှာလည်း အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းနေပေမယ့် လီဗာပူးအသင်းတာဝန်ရှိသူတွေ ဘက် ဇွန်လအကုန် သက်တမ်းကုန်တော့မယ့် သူ့စာချုပ်ကို ဘာမှမပြောဘဲနှုတ်ဆိတ်နေကြခြင်းအပေါ် အသင်းပ ရိသတ်တွေက စိတ်ပူနေကြတာပါပဲ။ ဆော်ဒီပရိုလိဂ်ပဲရောက်တော့မလိုလို၊ ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းကိုပဲ ပြောင်းရွှေ့တော့မလိုလိုနဲ့ ဆာလာနဲ့ပတ်သက်ပြီး သို့လောသို့လောသတင်းတွေ ထွက်ပေါ်နေတာကြာပါပြီ။ အခုတော့ ဆာလာကိုယ်စားပြုထားတဲ့အီဂျစ်အသင်းက ခံစစ်မှူးဟောင်းဖြစ်သူ၊ ရုပ်သံစီစဉ်တင်ဆက်သူဖြစ်တဲ့ ဟေသမ်ဖာရောက်ကတော့ ဆာလာဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်းတိုးလိုက်ပြီဆိုပြီး ထုတ်ပြောလိုက်တာပဲဖြစ် ပါတယ်။ ဆာလာဟာ ဒီရာသီ လီဗာပူးအတွက် ပရီးမီးယားလိဂ်မှာ ၁၄ပွဲကစားပြီး ၁၃ဂိုးသွင်း၊ ရှစ်ဂိုးဖန်တီးပေး ထားသူပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သူ့ကို စာချုပ်သစ်ချုပ်မှာမဟုတ်ဘူး၊ သူ့ကိုယ်တိုင်ကလည်း အ သင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဆဲအခြေအနေအပေါ် စိတ်ပျက်နေတဲ့အကြောင်း စတဲ့သတင်းတွေ ထွက်ပေါ်နေ ခဲ့တာပါ။ ပြီးခဲ့တဲ့နောက်ဆုံးရသတင်းတွေမှာဆိုရင် လီဗာပူးအသင်းသမိုင်းမှာ စတုတ္ထမြောက်ဂိုးသွင်းအများဆုံးဖြစ်လာဖို့ သုံးဂိုးသာလိုတော့တဲ့ ဆာလာဟာ အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ်ကို လက်မှတ်ရေးထိုးချင်စိတ်ရှိနေ တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်နဲ့ ၁၉၉၉ခုနှစ်ကြား အီဂျစ်အသင်းအတွက် ကစားပေးခဲ့ဖူးသူ ဖာ ရောက်ကတော့ လီဗာပူးကြယ်ပွင့်ဆာလာဟာ နည်းပြအန်းဆလော့တ်ရဲ့အသင်းနဲ့စာချုပ်သစ်ချုပ်ဖို့ သဘောတူ လိုက်ပြီလို့ ဖွင့်ပြောလိုက်ပါတယ်။ ‘ခင်ဗျားသဘောတူပြီး ခင်ဗျားလိုချင်တဲ့အချိန်သက်တမ်းအတိုင်း စာချုပ်သစ်ချုပ်လိုက်လို့ ဝမ်းမြောက်ဂုဏ်ယူပါ တယ်’ဆိုပြီး ဖာရောက်က ရေးတင်ထားပါတယ်။ ဆိုတော့ သူ့စကားသာအမှန်ဆိုရင် လီဗာပူးပရိသတ်တွေအတွက် တော့ စိတ်အေးစရာပါပဲ။ ဆာလာဟာ နယူးကာဆယ်အသင်းနဲ့ သုံးဂိုးစီသရေကျတဲ့ပွဲမှာ ဂိုးသွင်းခဲ့ပြီး ပရီးမီးယား လိဂ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံးကို တက်ရောက်လာခဲ့သူဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati