
ဒီနေ့မှာတော့ ပရိသတ်တွေအကြိုက်တွေ့မယ့် ဘောလုံးပွဲစဉ်ကောင်းတွေ ရှိပါတယ်။ အဲဒီထဲကမှ ကောင်းနိုးရာရာ ဖြစ်မယ့်ပွဲကြိုသုံးသပ်ချက်လေးတွေကို စုပေါင်းတင်ပြပေးလိုက်ပါတယ်။ ချဲလ်ဆီး vs ရှမ်းရော့ရိုဗာ (ကွန်းဖရန့်လိဂ်) ချဲလ်ဆီးဟာ ခုနှစ်ပွဲဆက်နိုင်ပြီး ခြေစွမ်းပုံစံကောင်းထားတယ်။ တိုက်စစ်က သိပ်ကောင်းနေတယ်။ တစ်ပွဲသုံးဂိုး နှုန်းနဲ့ သွင်းဂိုး ၂၁ ဂိုးရှိထားတယ်။ ဒီလိုတိုက်စစ်နဲ့ ချဲလ်ဆီးအတွက် ဒီပွဲဂိုးထပ်သွင်းနိုင်ဖို့ မခက်ခဲဘူး။ တစ်ဖက်ကရှမ်းရော့ရိုဗာကလည်း ကွန်းဖရန့်လိဂ်မှာ ခြေစွာပါတယ်။ ဂိုးသွင်းအားလည်းရှိတဲ့အသင်းမို့ ဒါကြောင့် နှစ်ဖက်သွင်းဂိုးနဲ့ ဂိုးမြူးသွားမယ့်ပွဲပါ။ စပါး vs မန်ယူ (ကာရာဘောင်ဖလား) ဒီရာသီစပါးခြေစွမ်းကလည်း ခန့်မှန်းမရနိုင်တဲ့ပုံစံ၊ လွန်ခဲ့တဲ့တစ်လနီးပါးက မန်စီးတီးကို ၊ ပြီးခဲ့တဲ့တစ်ပတ်က ဆောက်သမ်တန်ကို နိုင်ခဲ့တဲ့ခြေစွမ်းတွေကောင်းပေမယ့် သူ့ခြေကို တည်ငြိမ်နေတယ်လို့ မပြောနိုင်ဘူး။ ဒီနေ့ပွဲကတော့ မန်ယူအတွက်ခက်ခဲမယ်။အခုပွဲအတွက် ခေါင်းထဲစဉ်းစားမိတာက ဂိုးမြူးမယ့်အနေအထားပါ။ စပါးက အိမ်ကွင်းနောက်ဆုံးခြောက်ပွဲပေးဂိုးမရှိတဲ့ပွဲမရှိဘူး။ မန်ယူကလည်းခံစစ်အားနည်းနေ၊ နောက်ဆုံးခုနှစ်ပွဲစလုံး ပေးဂိုးမရှိတဲ့ပွဲရယ်မရှိတော့ အခုပွဲမှာ ခံစစ်တွေကတော့ ဂိုးပေးရမှာသေချာတယ်။ဒါကြောင့် ဂိုးအပေါ် ဝင်လာဦးမယ့်ပွဲလို့ပဲ ဆိုချင်တယ်။ အင်တာမီလန် vs အူဒီးနိစ် (ကိုပါအီတာလီယာဖလား) ဆန်စီရိုကွင်းမှာ အင်ဇာဂီရဲ့အသင်းကတော့ ခြေစွမ်းပုံစံကောင်းနဲ့နောက်ဆုံးရှစ်ပွဲရှုံးပွဲမရှိ၊ ခြောက်ပွဲနိုင်ထားပါတယ်။ အူဒီးနိစ်နဲ့ တွေ့တဲ့နောက်ဆုံးရှစ်ကြိမ်စလုံး အင်တာခုနှစ်ကြိမ်နိုင်ပြီး တစ်ကြိမ်ပဲရှုံးထားတာ။ နိုင်တဲ့ ခုနှစ်ပွဲစလုံးကလည်း အင်တာက အနည်းဆုံးသုံးဂိုးသွင်းပြီးနိုင်ထားတာပါ။ ဒါကြောင့် ဒီနေ့ပွဲစဉ်အတွက်ကိုတော့ အင်တာပဲ ကြိုက်ပါတယ်။
© COPYRIGHTS 2024 by illuminati