
လက်စတာ - မန်စီးတီး (မန်စီးတီး ၂+၅၀/ ၃-၈၀) လက်စတာကခံစစ်ပိုင်းရုန်းကန်နေရတဲ့အသင်း။ မန်စီးတီးကလည်း ပြိုင်ဘက်အားလုံးနဲ့ ဂိုးပေးနေရတဲ့အထိ အခြေအနေဆိုးရွားနေတယ်။ မန်စီးတီးတိုက်စစ်ကလည်း ဂိုးသွင်းခြေကျနေတဲ့အပြင်အခုပွဲ ဘော်ဒီနဲ့ဂိုးပေါင်း စျေးမမျှတတဲ့အနေအထားဖြစ်နေတယ်။ လက်စတာနဲ့ ဂိုးအောက်ကို စုံအားပေးသင့်ပါတယ်။ စပါး - ၀ုဗ် (စပါး ၁+၃၀/၃-၁၀၀) စပါးဟာ အိမ်ကွင်းကစားတဲ့နောက်ဆုံးခုနှစ်ပွဲစလုံး ၃၅ဂိုးသွင်းထားတယ်၊ ပျမ်းမျှတစ်ပွဲငါးဂိုးနှုန်းပေါ့။ ဒါပေမဲ့ စပါး ခံစစ်ကလည်း ဆိုးရွားပြီး ခုထိပေးဂိုးမရှိတဲ့ပွဲမရှိသေးဘူး။ ၀ုဗ်ကတော့ ခြေစွမ်းပြန်တက်လာပြီး နှစ်ပွဲဆက်နိုင် ထားကာ ဘောက်ဆင်းဒေးမှာ မန်ယူကို နှစ်ဂိုးပြတ်နိုင်လို့ ယုံကြည်မှုမြင့်မားနေတယ်။ ၀ုဗ်ဘော်ဒီနဲ့ ဂိုးအပေါ် ရွေးချယ်သင့်ပါတယ်။ အဲဗာတန် - နော်တင်ဟမ် (နော်တင်ဟမ် =၁၀/ ၂-၂၀) ဒီရာသီအဖွင့်လေးပွဲ၁၃ဂိုးပေးရပြီး အဲဗာတန်ဟာ ခံစစ်ပိုင်းပြန်ပြင်ဖို့လိုအပ်ခဲ့သလိုအတိုင်း နည်းပြဆင်းမ်ဒိုင်ချီက အပြောင်းအလဲလုပ်ထားနိုင်တယ်။ နောက်ဆုံးခုနှစ်ပွဲမှာ ငါးပွဲပေးဂိုးမရှိ၊ နှစ်ပွဲက နှစ်ဂိုးအထက်သွင်းနိုင်တယ်။ နော်တင်ဟမ်ကလည်း ခံစစ်ကိုအားပြုကစားတဲ့အသင်းပါ။ လိဂ်နောက်ဆုံးနှစ်ပွဲစလုံးပေးဂိုးမရှိတဲ့ခံစစ်ဖြစ်ပြီး အဲဒီ နှစ်ပွဲစလုံး ဂိုးအောက်ဝင်ထားတယ်။ အခုပွဲလည်း ဂိုးအောက်ပဲ ယုံကြည်သင့်ပါတယ်။ ခရစ္စတယ်ပဲလေ့စ် - ဆောက်သမ်တန် (ပဲလေ့စ် ၁=/ ၃+၇၀) နှစ်သင်းစလုံးက ဒီရာသီဂိုးအောက်ကစားတာများတဲ့အသင်းတွေဖြစ်ပြီး သုံးဂိုးအောက်ပြီးဆုံးခဲ့တဲ့ပွဲစဉ်ပေါင်း ၅၆%ရှိနေကြပါတယ်။ ပဲလေ့စ်ဟာ ၁၈ပွဲကစားပြီး ၁၈ဂိုးပဲသွင်းတယ်၊ ဆောက်သမ်တန်က တစ်ပွဲပျမ်းမျှသွင်း ဂိုး ၀.၆၁%ပဲရှိလို့ ပိုတောင်ဆိုးပါတယ်။ ဒါပေမဲ့ ဒီလိုနှစ်သင်းခြေရည်မကွာတာကို ပဲလေ့စ်က ၁=ကြေးက ပြင်းလွန်း ပါတယ်။ ပဲလေ့စ်ကြေးအောင်ဖို့များတယ်။ ခရစ္စတယ်ပဲလေ့စ်ကို အပြည့်အ၀ယုံကြည်သင့်ပါတယ်။ ဖူလ်ဟမ် - ဘုန်းမောက် (ဖူလ်ဟမ် =၂၀/၃+၅၀) နှစ်သင်းကြားတစ်မှတ်ပဲကွာတယ်။ ဖူလ်ဟမ်က ဥရောပဝင်ခွင့်ယူရမယ့် အခွင့်အရေးရှိနေပေမယ့် ဘုန်းမောက်ကို နိုင်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ လိဂ်နောက်ဆုံးခြောက်ပွဲရှုံးပွဲမတွေ့သေးတဲ့ ဖူလ်ဟမ်ခြေကိုတော့ အထင်ကြီးရပါ မယ်။ ဒါပေမဲ့ တစ်ဖက်က ဘုန်းမောက်ကလည်းခြောက်ပွဲဆက်ရှုံးပွဲမရှိ။ ဒီပွဲက ဂိုးတစ်ဂိုးရဖို့ခက်ခဲလာနိုင်တယ်။ ဘုန်းမောက်ကိုပဲ အားပေးတာစိတ်ချရမယ်။ ဝက်စ်ဟမ်း - လီဗာပူး (လီဗာပူး ၁-၁၀၀/၃-၁၀၀) ဝက်စ်ဟမ်းက နောက်ဆုံးခုနှစ်ပွဲမှာ အနည်းဆုံးတစ်ဂိုးသွင်းတဲ့အသင်းဖြစ်ပြီး ခြေစွမ်းပုံစံကောင်းပါတယ်။ လီဗာ ပူးကလည်း ကစားခဲ့တဲ့နောက်ဆုံး ၂၂ ပွဲစလုံးမှာ အနည်းဆုံးတစ်ဂိုးသွင်းတယ်။ ရစ်သမ်ကလည်း မိနေတော့ ဒီပွဲ မှာလည်း လီဗာပူးဂိုးသွင်းနိုင်ဖို့ မခက်ဘူး။ ဂိုးအပေါ် နေတာ အကောင်းဆုံးပါပဲ။
© COPYRIGHTS 2024 by illuminati