
စပါး ၃ - ၆ လီဗာပူး ဂိုးသွင်းသူများ စပါး - မက်ဒီဆင် (၄၁)၊ ကူလူဆက်စကီး(၇၂)၊ ဆိုလန်ကီ (၈၃) လီဗာပူး - ဒီယက်ဇ် (၂၃၊၈၅)၊ မက်အဲလစ်စတာ(၃၆)၊ ဆိုဘိုစလိုင်း(၄၅+၁)၊ ဆာလာ(၅၄၊၆၁) စပါးပရိသတ်ရှေ့မှာ ညှာတာမှုကင်းမဲ့လှစွာပဲ လီဗာပူးဟာ ဂိုးပြတ်သွင်းပြီး ဇယားထိပ်မှာလေးမှတ်ပြတ်နဲ့ရပ်တည်ကာ ခရစ္စမတ်ကာလကို ဝင်သွားပါပြီ။ ဒဏ်ရာထိနေတဲ့စပါးကို အန်းဆလော့တ်ရဲ့လီဗာပူးဟာ မရပ်နား စတမ်းခြိမ်းခြောက်ပြီး ထိုးဖောက်သွားခဲ့တာပါ။ အခွင့်အရေးပေါင်းများစွာကိုလည်း ဖန်တီးနိုင်ခဲ့တယ်။ စပါးမှာ အဓိကလူတွေမပါနိုင်ဘဲ မန်ယူကို နိုင်ခဲ့တဲ့ကာရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲတုန်းက လူစာရင်းအတိုင်းပဲ ပွဲထွက်လာခဲ့တာပါ။ ဆာလာကတော့ လီဗာပူးဂန္ထဝင်ဂိုးသွင်းရှင် ဘီလီလစ်ဒယ်နဲ့စံချိန်တူ ၂၂၈ဂိုးပြည့်သွားပါ တယ်။ နယူးကာဆယ်၊ ဖူလ်ဟမ်တို့နဲ့ပွဲတုန်းက သရေကျပြီးအမှတ်မရခဲ့တဲ့ လီဗာပူးကတော့ ဖလားလုပွဲမှာ သူ့ ဖြတ်ကျော်မှဖလားရမယ့်ဆိုတဲ့အနေအထားကို ပြိုင်ဘက်တွေကို ပြသသွားနိုင်ခဲ့တာအမှန်ပါ။ စပါးဘက်မှာတော့ ပွဲမစခင်ကတည်းကကို ပရိသတ်တွေ အုံးအုံးကျွတ်ကျွတ်ဖြစ်နေပြီး အသင်းဥက္ကဋ္ဌလီဗိုင်းကို ကန့်ကွက်ဆန္ဒပြသံတွေညံ့နေခဲ့တာပါ။ ၂၀၀၈ လိဂ်ဖလားဆွတ်ခူးခဲ့တဲ့အသင်းသမိုင်းနောက်ဆုံးအောင်မြင်မှုကို သာယူထားနိုင်တဲ့အသင်းအုပ်ချုပ်ရေးပိုင်းကို မကျေနပ်မှုပြသတဲ့အနေနဲ့ ကွင်းထဲ ပူဖောင်းမည်းကြီးတွေ လွှတ် တင်ခဲ့မှုကလည်း စပါးရဲ့ရလဒ်အတွက် အဓိကဖိအားဖြစ်နိုင်ပါတယ်။ စပါး - လီဗာပူး ပွဲပြီးမှတ်သားဖွယ်အချက်အလက်များ ခရစ္စမတ်ကာလ ထိပ်ဆုံးရပ်တည်နိုင်တာ လီဗာပူးအတွက် ၂၁ကြိမ်မြောက်ပါပဲ။ လွန်ခဲ့တဲ့ ဘောလုံး ရာသီအကြိမ် ၂၀မှာ လီဗာပူးဟာ ၁၁ ကြိမ်ဖလားရ(၅၅%)ခဲ့ပါတယ်။ ပိုစတီကိုဂလူလက်ထက် စပါးရဲ့ပရီးမီးယားလိဂ်ပွဲတွေမှာ (နှစ်ဖက်အသင်းပေါင်း)တစ်ပွဲ ပျမ်းမျှ ၃.၆ သွင်း ဂိုးချည်းမြင်ရပါတယ်။ လိဂ်ပွဲပေါင်း ၅၀ အထက်တာဝန်ယူဖူးတဲ့ဘယ်နည်းပြတိုင်းမဆို ဒီပွဲဟာ တစ်ပွဲပျမ်းမျှဂိုးသွင်းအမြင့်ဆုံးပွဲပါပဲ။ ဒီပွဲဟာ မိုဟာမက်ဆာလာအတွက် ၁၀ဂိုးအထက် ဂိုးလည်းသွင်း၊ဂိုးလည်းဖန်တီးပေးတဲ့ ခြောက်ကြိမ် မြောက်ဘောလုံးရာသီ(၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀၊ ၂၀၂၁-၂၂၊ ၂၀၂၂-၂၃၊ ၂၀၂၄-၂၅)ပါပဲ။ ပြိုင်ပွဲ သမိုင်း ကစားသမားတွေထဲက အများဆုံးစံချိန်လည်းဖြစ်ပါတယ်(ဝိန်းရွန်နေးက ငါးကြိမ်တင်ခဲ့)။ အဲဗာတန် ၀ - ၀ ချဲလ်ဆီး ပွဲပြီးမှတ်သားဖွယ်အချက်အလက်များ ချဲလ်ဆီးရဲ့လိဂ်၁၅ပွဲဆက်ဂိုးသွင်းနိုင်မှုကို အဲဗာတန်ရပ်တန့်ပစ်ခဲ့။ ရာသီဖွင့်ပွဲမန်စီးတီးကို ၂ဂိုးပြတ်ရှုံးပြီး နောက်ပိုင်း ချဲလ်ဆီးဟာ လိဂ်မှာ ပထမဆုံးအကြိမ်ဂိုးမသွင်းနိုင်ခြင်းဖြစ်ခဲ့။ အဲဗာတန်က ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့အဝါကတ်ဟာ သူ့အတွက်လိဂ်ပွဲ ၂၀မြောက်အဝါကတ်ဖြစ်ခဲ့။ ပြိုင်ပွဲမှာ အ ခြားဂိုးသမားတွေထက် လေးကတ်ပိုများ။ အဲဗာတန်အတွက် ပစ်ဖို့ဒ်ပွဲဦးထွက်(၂၀၁၇၊ ဩဂုတ်)ကစားပြီး နောက်ပိုင်း သူ့ထက်အဝါကတ်ပိုများသူက ဂိုးသမားအီဒါဆင်(၂၃ကတ်)သာရှိ။ ၁၂ကြိမ်ကန်သွင်းနိုင်ပေမယ့် ချဲလ်ဆီးဟာ ဂိုးရနိုင်ခွင့် ၀.၇၇ ရာနှုန်းသာရှိခဲ့။ ဒီရာသီ ကစားတဲ့လိဂ်၁၇ပွဲ မှာ အနိမ့်ဆုံးစံချိန်ဖြစ်နေ။ မန်ယူ ၀ - ၃ ဘုန်းမောက် ပွဲပြီးမှတ်သားဖွယ်အချက်အလက်များ တစ်သင်းတည်းကိုပဲ ၃ဂိုးပြတ်နဲ့ အိမ်ကွင်းဆက်တိုက်ရှုံးတာ မန်ယူအတွက် ပထမဆုံးအကြိမ်ဖြစ်။ အ သင်းသမိုင်းတစ်လျှောက်မှာတော့ ဒုတိယအကြိမ်မြောက်ဖြစ်၊ ၁၉၆၁တုန်းက ဘန်လေကို ၄-၁၊ ၁၉၆၂ မှာ ၅-၂ နဲ့ရှုံးနိမ့်ခဲ့ဖူး။ မန်ယူဟာ ၂၀၂၄အတွင်း လိဂ်မှာ တည်ကန်ဘောကနေ ၁၇ ဂိုးပြိုင်ဘက်ကို ပေးထားရ။ ပြိုင်ပွဲသမိုင်း တစ်နှစ်တည်းမှာအများဆုံးဂိုးပေးရခြင်းဖြစ်။(ပင်နယ်တီက ခြွင်းချက်) ဒီရာသီ မန်ယူ(၄ဂိုး) ထက်လိဂ်အိမ်ကွင်း ၃ဂိုးအထက်ပေးရတဲ့အသင်းက ဆောက်သမ်တန်(၅ဂိုး)သာ ရှိ နေ။ ၁၉၇၂(၄ဂိုး)နောက်ပိုင်း လိဂ်မှာ တစ်နှစ်အတွင်း ဂိုးပြတ်ပေးရတဲ့အကြိမ်အများဆုံးစံချိန်ကို မန်ယူ ပထမဆုံးအကြိမ်တင်ထား။ ခရစ္စတယ်ပဲလေ့စ် ၁ - ၅ အာဆင်နယ် ပွဲပြီးမှတ်သားဖွယ်အချက်အလက်များ ၂၀၀၅တုန်းက ချဲလ်ဆီးနောက်ပိုင်း အာဆင်နယ်ဟာ တစ်နှစ်တည်း လိဂ်လန်ဒန်ဒါဘီပွဲရှုံးပွဲမရှိတဲ့ ပထမ ဆုံးအသင်းဖြစ်(၈ပွဲနိုင်၊ ၂ပွဲသရေ)လာ။ ၂၀၀၄နောက်ပိုင်းမှစရင် အာဆင်နယ်အတွက်ပထမဆုံးဖြစ်။ ၂၀၂၄အတွင်း အာဆင်နယ်ဟာ ပြိုင်ပွဲစုံအဝေးကွင်း ၆ပွဲမှာ ၅ဂိုးအထက်သွင်းထားပြီး တစ်နှစ်အတွင်း အ ခြားလိဂ်ပြိုင်ဘက်အသင်းများအနက် အများဆုံးဖြစ်နေ။ ဂေဘရီရယ်ဂျီးဆပ်စ်ဟာ ပြိုင်ပွဲစုံ အာဆင်နယ်အတွက် နောက်ဆုံးနှစ်ပွဲငါးဂိုးသွင်းထား၊ ဂျီးဆပ်စ်ဟာ လိဂ်တစ်ပွဲကစားပြီး ဂိုးသွင်းတိုင်း မရှုံးတဲ့ပွဲပေါင်း ၆၁ ပွဲအထိဖြစ်လာ(၅၆ပွဲနိုင်၊ ၅ပွဲသရေ)။ မာတင်နယ်လီဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲတိုင်း သွင်းယူတဲ့လိဂ်ဂိုးခြောက်ဂိုးရှိ၊ အခြားပြိုင်ဘက်များနဲ့ တွေ့တုန်းကသွင်းဂိုးထက် နှစ်ဂိုးပိုများ။ အက်စ်တွန်ဗီလာ ၂ - ၁ မန်စီးတီး ပွဲပြီးမှတ်သားဖွယ်အချက်အလက်များ ဒီရာသီမန်စီးတီးဟာ ပြိုင်ပွဲစုံ ကိုးပွဲရှုံးထားပြီ၊ ဒီရှုံးပွဲထက်ပိုများတဲ့ရှုံးပွဲကြုံခဲ့ပြီး ဂွါဒီယိုလာတာဝန်ယူဖူး တဲ့ဘောလုံးရာသီနှစ်ခုသာရှိတော့၊ ၂၀၁၉-၂၀ရာသီက ၁၂ပွဲရှုံး၊ ၂၀၁၆-၁၇ ရာသီက ၁၀ပွဲရှုံးဖူး။ ဂွါဒီယိုလာလက်ထက် မန်စီးတီးဟာ အဝေးကွင်းငါးပွဲဆက်နိုင်ပွဲမရ(၁ပွဲသရေ၊ ၄ပွဲရှုံး)တာ ပထမဆုံးအ ကြိမ်ဖြစ်၊ ဒီထက်ပွဲဆက်ပိုရှုံးဖူးတဲ့နောက်ဆုံးအကြိမ်က နည်းပြဟောင်းပယ်လီဂရီနီလက်ထက်ကဖြစ်ပြီး ၂၀၁၅ ဒီဇင်ဘာတုန်းက ၆ ပွဲနိုင်ပွဲမရခဲ့ဖူး။ ဂျွန်ဒူရမ်က ဒီရာသီသူ့ရဲလိဂ်ခုနှစ်ဂိုးမြောက်ကို သွင်းယူ၊ အသက် ၂၁ သို့ အောက် ကစားသမားတွေထဲ ၂၀၂၄-၂၅အတွင်း မတူတဲ့ဥရောထိပ်သီးလိဂ်ငါးခုမှာ ဂိုးပိုသွင်းနိုင်သူအဖြစ် မူဆီယယ်လာ(၉ဂိုး)သာရှိ တော့။ ဒူရမ်ဟာ ဗီလာအတွက် လိဂ်ခြောက်ပွဲမှာ ပွဲထွက်ပြီး လေးဂိုးသွင်း၊ နောက်ဆုံးသုံးပွဲစလုံးလည်း ဂိုးသွင်း၊ ဗီလာအတွက် ပြိုင်ပွဲစုံ လေးပွဲဆက် ဒူရမ်ဂိုးသွင်းနိုင်တာ ပထမဆုံးဖြစ်။ မော်ဂန်ရိုဂျာဟာ လိဂ်တစ်ပွဲတည်း ဂိုးလည်းသွင်း၊ ဂိုးလည်းဖန်တီးပေးနိုင်တာ ပထမဆုံးဖြစ်၊ မန်စီးတီးနဲ့ ပွဲတိုင်း အဲဒီလိုစံချိန်တင်နိုင်တဲ့ စတုတ္ထမြောက်ဗီလာကစားသမား ဖြစ်လာ၊ သူ့ရှေ့မှာ လီယန်ဒရို ဘာကူ နာ(၂၀၁၃စက်တင်ဘာ)၊ ပေါလ်မာဆင်(၂၀၀၁၊ မတ်လ)နဲ့ ဒေးဗစ်ဂျီနိုလာ(၂၀၀၀၊ ဒီဇင်ဘာ)တို့သာရှိ။
© COPYRIGHTS 2024 by illuminati