
ဒီတစ်မှာတော့ Pieces Sports ပရိသတ်များအတွက် လူသိနည်းတဲ့ ပရီးမီးယားလိဂ်မှတ်တမ်းများကို ဗဟုသုတအလို့ငှာ အပိုင်းခွဲပြီး တင်ဆက်ဖော်ပြပေးသွားပါမယ်။ ဒီနေ့အတွက်တော့ အပိုင်း (၁)ပေါ့။ ပရီးမီးယားလိဂ်မှတ်တမ်းများမှာဘာတွေ ပါဝင်မလဲဆိုတော့ . . . (၁) အသင်းမှတ်တမ်းများ ဖလားအများဆုံးရ၊ တစ်ရာသီတည်းအမှတ်အများဆုံးရ၊ တစ်ရာသီတည်း အမှတ်အနည်းဆုံးရ၊ ရာသီအစအ ကောင်းဆုံး/အဆိုးဆုံး၊ အကြီးမားဆုံးနိုင်ပွဲများ၊ အရှည်ကြာဆုံးရှုံးပွဲမရှိမှု၊ အရှည်ကြားဆုံးနိုင်ပွဲမဲ့မှု။ (၂) ကစားသမားမှတ်တမ်းများ ဂိုးသွင်းအများဆုံး၊ ပွဲကစားမှုအများဆုံး၊ တစ်ရာသီတည်းသွင်းဂိုးအများဆုံး၊ ဟက်ထရစ်ဂိုးအများဆုံး၊ ဂိုးသွင်း အရှည်ကြာဆုံး၊ ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ အပြည့်အမြန်ဆုံး၊ အသက်အကြီးဆုံး၊ အသက်အငယ်ဆုံး။ (၃) နည်းပြမှတ်တမ်းများ ဖလားအများဆုံးရ၊ ပွဲအများဆုံးတာဝန်ယူရ၊ အသက်အကြီးဆုံး၊ အသက်အငယ်ဆုံး၊ နည်းပြရာထူးအစောဆုံးထုတ်ခံရခြင်း …. အစရှိတဲ့မှတ်တမ်းများပဲ ဖြစ်ပါတယ်။ ကဲ . . .အခု လူသိနည်းသော ပရီးမီးယားလိဂ်မှတ်တမ်း အပိုင်း (၁) မှာတော့အသင်းမှတ်တမ်းများ ခေါင်းစဉ်အောက်က ဖလားအများဆုံးရနဲ့ တစ်ရာသီအတွင်း အမှတ်အများဆုံးရအသင်းတို့ကို ဖော်ပြပေးသွားပါမယ်။ "ဖလားအများဆုံးရအသင်း" မန်ယူအသင်းဟာ အခြားအသင်းတွေထက် ငါးလုံးပိုများပြီး စုစုပေါင်းဖလား ၁၃ လုံးနဲ့ ပရီးမီးယားလိဂ်ဖလားအများဆုံးရအသင်းဖြစ်ပါတယ်။ တကယ်တမ်း ၁၉၉၂ကစပြီး ပြိုင်ပွဲမှာ ပါဝင်သူအခြားအသင်းတွေအားလုံး စုပေါင်းပြီးယူထားတဲ့ ဖလားအရေအတွက်က ၁၉ လုံးသာရှိပါတယ်။ ဒါပေမဲ့ မန်ယူရဲ့ဖလား ၁၃ လုံးဟာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လမ်းညွှန်ပြသမှုအောက်ကနေ ရရှိထားတာပါ။ ၂၀၁၃မှာ သူအနားယူပြီးနောက်ပိုင်း မန်ယူဟာ တစ်ကြိမ်မှ ဖလားမရတော့ဘဲ ပြိုင်ဘက် မန်စီးတီးရဲ့ ၂၀၁၆နောက်ပိုင်း ပက်ဂွါဒီယိုလာ ရောက်လာပြီးကတည်းက လွှမ်းမိုးလာတဲ့အောင်မြင်မှုကိုသာ မန်ယူထိုင်ကြည့်နေခဲ့ရပါတော့တယ်။ "တစ်ရာသီတည်းအမှတ်အများဆုံးရအသင်း" မန်စီးတီးအသင်းပါပဲ။ ၂၀၁၇-၁၈ မှာ စုစုပေါင်း ရမှတ် ၁၀၀ ပြည့်ယူပြီးနောက် ဒီမှတ်တမ်းဝင်သွားတာပါ။ အဲဒီနှစ် ရာသီသိမ်းနောက်ဆုံးပွဲမှာ ဂေဘရီယဲလ်ဂျီးဆပ်စ်သာ အချိန်ပို အနိုင်ဂိုးသူသွင်းမဖြစ်ခဲ့ရင် ဒီမှတ်တမ်းမျိုး ပရိသတ်တွေမြင်ရဖို့ ထပ်စောင့်ဆိုင်းနေခဲ့ရဦးမှာပါပဲ။ အဲဒီတစ်ရာသီတည်း မန်စီးတီးရဲ့ ၃၂ပွဲ နိုင်ပွဲဟာ စံချိန်သစ်တစ်ရပ်လည်း တင်သွားတယ်။ နောက်တစ်နှစ်မှာလည်း မန်စီးတီးဟာ နှစ်မှတ်သာလျော့ပြီး စံချိန်ကို ထပ်တုပနိုင်ခဲ့ပါသေး တယ်။ အင်္ဂလန်ကမ်းခြေကို ဂွါဒီယိုလာ ဆိုက်ရောက်မလာခင် အဲဒီစံချိန်မျိုးတင်ထားသူ တစ်ဦးတည်းသာရှိပါတယ်။ ဟိုဆေးမော်ရင်ညိုပါ၊ သူ့ရဲ့ဂန္ထဝင်မြောက်ချဲလ်ဆီးဟာ ၂၀၀၄-၀၅ရာသီမှာ ၉၅ မှတ်ရယူထားခဲ့တာပါပဲ။
© COPYRIGHTS 2024 by illuminati