
အီမန်နျူရယ်အဒီဘာယော ဆိုတဲ့နာမည်ကို ကြားရင် ဘောလုံးပရိသတ်တွေ ရင်းနှီးနေကြဖြစ်မှာပါ။ ၂၀၂၃ခုနှစ် မတ်လမှာ ဘောလုံးလောကကနေ အဒီဘာယော အနားယူခဲ့ပါတယ်။ အနားယူချိန်မှာ သူရဲ့သွင်းဂိုးစုစုပေါင်း က ၂၃၇ဂိုး ရှိခဲ့တယ်။ အဒီဘာယောဟာ ရီးယဲလ်မက်ဒရစ်၊ အာဆင်နယ်၊ စပါး၊ မန်စီးတီးနဲ့ ခရစ္စတယ်ပဲလေ့စ်အ သင်းတို့မှာကစားခဲ့သူပါပဲ။ လက်ရှိသူ့ရဲ့မွေးရပ်မြေ တိုဂိုမှာ အနားယူနေတဲ့ အဒီဘာယောကို တိုဂို နိုင်ငံရေးအတိုက်အခံခေါင်းဆောင်တစ်ဦးက နိုင်ငံရေးလောကထဲဝင်ဖို့ တိုက်တွန်းနေတယ်။ တိုက်လည်းတိုက်တွန်းနေသလို အဒီဘာယောတစ်ယောက် ဘောလုံးကွင်းမြက်ခင်းစိမ်းကနေ လူထုဆန္ဒမဲရုံထဲ ဝင်လာမယ်လို့လည်း အဲဒီအတိုက်အခံ ခေါင်းဆောင်က ယုံကြည်နေတယ်။ အရင်တုန်းက ဘောလုံးလောကဂန္ထဝင်ဟောင်းတွေဖြစ်တဲ့ လိုက်ဘေးရီးယားက ဂျော့ချ်ဝီယာ၊ ဘရာဇီးက ရိုမာရီယိုတို့ဆိုရင်လည်း ဘောလုံးလောကကနေ အနားယူပြီး နိုင်ငံရေးလောကထဲဝင်သွားတာမျိုး ရှိခဲ့တယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်နာမည်ကြီးကစားသမားဟောင်းကြီး အဒီဘာယောဟာ တိုဂိုနဲ့ အာဖရိမှာ ပညာရေး၊ ကျန်းမာရေး နဲ့ လူငယ်တွေဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ရည်စူးပြီး ဖောင်ဒေးရှင်းတစ်ခုထူထောင်ထားတယ်လို့ သိရတယ်။ မဝေးတော့တဲ့ အနာဂတ်မှာတော့ အဒီဘာယောတစ်ယောက် နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်သွားမလားဆိုတာက တော့ ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားပါပဲ။ အဒီဘာယောကို သူ့ပါတီထဲဝင်ပြီး နိုင်ငံရေးလုပ်ဖို့တိုက်တွန်းသူကတော့ တိုဂိုနိုင်ငံရေးပါတီ Renewal Action ရဲ့ ဥက္ကဌဖြစ်သူ ယာအိုရောဘတ်ဒိတ်ပဲဖြစ်ပါတယ်။ ‘ကျနော်တို့ရဲ့ညီအကိုအဒီဘာယောကို ဂုဏ်ပြုတဲ့အမှတ်တရပွဲ ကျင်းပတာ ကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့အားကစားလောကတစ်ခန်းရပ်သွားပြီ။ သူ့အနေနဲ့ နိုင်ငံ ရေးဝင်လုပ်ဖို့ လိုအပ်တယ်”လို့ ပါတီဥက္ကဌကြီးက စည်းရုံးရေးစကားဆင်းသွားခဲ့ပါသေးတယ်။
© COPYRIGHTS 2024 by illuminati