
မန်စီးတီးအသင်းတိုက်စစ်မှူး Erling Haaland ဟာ ဘောလုံးသမိုင်းမှာ အကြီးမားဆုံးစာချုပ်တွေထဲက တစ်ခုကို သဘောတူချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ ကစားသမားဘ၀ အကောင်းဆုံးနှစ်တွေကို ဖြတ်သန်းလာတဲ့ Haaland ဟာ တစ်ပတ်လုပ်ခ ပေါင်လေးသိန်းအပြင် ပြီးခဲ့တဲ့စာချုပ်တွေတုန်းက ချုပ်ခဲ့တဲ့ အသင်းမှထွက်ခွင့်ပါစာချုပ်နှစ် ခုကိုပါ အခုအသစ်ထပ်မံချုပ်ဆိုတဲ့စာချုပ်သစ်ထဲကို မထည့်သွင်းထားဘူးလို့ သိရပါတယ်။ အခုမန်စီးတီးနဲ့ ချုပ် ဆိုလိုက်တဲ့ Haaland ရဲ့စာချုပ်သက်တမ်းက ကိုးနှစ်ခွဲဖြစ်ပါတယ်။ အသက် ၂၄ နှစ် Haaland ကတော့ မန်စီးတီးမှာ သူ့ရဲ့အမွေအနှစ်ကို ချန်ထားရစ်ချင်လို့ စာချုပ်သစ်ကို ချုပ်လိုက်ရ တာဖြစ်တဲ့အကြောင်း ပြောပါတယ်။ ‘ကျနော် အရမ်းကို ဝမ်းသာတယ်။ ဂုဏ်လည်းယူတယ်။ဒီ မှာ အချိန်အကြာကြီးရှိဖို့ ကျနော်မျှော်လင့်နေတာပါ။ အခုတော့ ဒီထက်ပိုကောင်းအောင်ကျနော် အပြည့်အ၀အာရုံ စိုက်နိုင်တော့မယ်။ အကြောင်းက ဒီမှာ အချိန်အကြာကြီးဆက်နေမှာဖြစ်လို့ပါ။ ကွင်းတွင်းစွမ်းဆောင်ရည်အပြင် ပရိသတ်တွေ လိုချင်တာအားလုံးကို ပိုပြီးပေးစွမ်းနိုင်ဖို့ အပြည့်အ၀အာရုံစိုက်သွားမယ်”လို့ Haaland က ပြောဆို သွားပါတယ်။ ရွှေဖိနပ်ဆုနဲ့ ပရီးမီးယားလိဂ်စံချိန်တွေကို ဆက်တိုက်တင်ထားနိုင်သူ Haaland ဟာ လွန်ခဲ့တဲ့သုံးနှစ်က ဒေါ့မွန် အသင်းကနေ ပေါင် ၅၁သန်းနဲ့ မန်စီးတီးကို ရောက်လာပြီးနောက်ပိုင်း အသင်းအတွက် ၁၂၆ပွဲကစား ၁၁၁ဂိုးသွင်း ပေးထားပါတယ်။ Haaland ဟာ ၂၀၂၃ ခုနှစ် မန်စီးတီးအသင်း သမိုင်းဝင်သုံးထပ်ကွမ်းဖလားရရှိမှုမှာ အဓိက ဇာတ်ကောင်နေရာကနေပါဝင်ခဲ့သူပဲဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati