
ဘရန့်ဖို့ဒ်အသင်းနဲ့ဂိုးမရှိသရေပွဲမှာ ဘရိုက်တန်ကြယ်ပွင့်ဂျိုအာအိုပီဒရိုဟာ ပြိုင်ဘက်အသင်းကစားသမား Yehor Yarmoliuk ကို တံတောင်နဲ့ထိုးဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့ပေမယ့် အံ့အားသင့်စရာ အနီကတ်ပြထုတ်ခံရခြင်းမရှိဘူးလို့ သိရပါတယ်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဘက်ကလည်း ပီဒရိုဟာ ကစားသမား Yehor Yarmoliuk နဲ့ ဘောလုံး ယှဉ်လုပ်ရင် တံတောင်နဲ့ထိုးဖို့ ကြိုးစားခဲ့ပေမယ့် လက်မတင်လေးတင် လွတ်သွားခဲ့လို့ အနီကတ်ပြခံရခြင်းမရှိခဲ့ တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဘရိုက်တန်တိုက်စစ်မှူးပီဒရိုအနေနဲ့ ဒီလုပ်ရပ်အတွက် အနီကတ်ထိသင့်တယ်လို့ ဘရန့်ဖို့ဒ်အသင်းနည်းပြသော မတ်စ်ဖရန့်ခ်ကတော့ မကျေမနပ်နဲ့ပြောကြားပါတယ်။ ‘ဟုတ်ပါတယ်၊ သူဆက်ကစားခွင့်ရတာ ကံကောင်းလို့ပါ။ ကျနော်လည်း စည်းမျဉ်းတွေကို နားလည်ပါတယ်။ လက်တံတောင်ကို လွှဲပြီး လူတစ်ယောက်ကို ထိခိုက်အောင် လုပ်လို့မရပါဘူး။ အကယ်၍များ ထိမိရင်ဖြစ်စေ၊ မထိရင်ဖြစ်စေ ဒါဟာ အနီကတ်ပါပဲ’ လို့ ဖရန့်ခ်ကပြောတယ်။ ဖရန့်ခ်ရဲ့အမြင်ကို ဘရိုက်တန်နည်းပြဖေဘီယံဟာဇီလာကတော့ ကန့်ကွက်ပြောဆိုခဲ့တယ်။ ‘ကျနော့်အတွက်က တော့ ဒါဟာ အနီကတ်မဟုတ်ပါဘူး။ သူ(ပီဒရို)က လူချင်းယှဉ်လုဖျက်ခံရတာကနေ လွတ်အောင်လို့ ကြိုးစား လိုက်တာပါပဲ” လို့ ဟာဇီလာက ဆိုပါတယ်။ ဒီဖြစ်ရပ်ဟာ ပွဲချိန် ၇၂ မိနစ်မှာ ဖြစ်ပွားခဲ့ပြီး ကွင်းလယ်ဒိုင်အန်ဒီမက်လေးက ပွဲကို ရပ်ဆိုင်းကာ အနီကတ်ပေး သင့်၊မပေးသင့် ဗွီအေအာကို စစ်ဆေးခိုင်းခဲ့ပါတယ်။ ဗွီအေအာကတော့ မက်ဒလေးရဲ့တောင်းဆိုမှု မရှင်းလင်း တဲ့အကြောင်း၊ အမှားအယွင်းသာဖြစ်တဲ့အကြောင်း ဆုံးဖြတ်ပေးခဲ့ပြီး အနီကတ်မပေးခဲ့ပါဘူး။
© COPYRIGHTS 2024 by illuminati