
ဒီနေ့ညကတော့ပရီးမီးယားလိဂ်ပွဲစဉ်တွေမရှိ ဘဲ အက်ဖ်အေဖလား၊ လာလီဂါနဲ့ စီးရီးအေပွဲစဉ်တွေရှိနေပါတယ်။ ဒါကြောင့် အဲဒီပွဲစဉ်တွေထဲက ပရိသတ်တွေအားပေးရ ကျိုးနပ်နိုင်စေတဲ့ပွဲအချို့ကို ရွေးချယ်ခန့်မှန်း ပေးလိုက်ပါတယ်။ အဲဗာတန် vs ဘုန်းမောက် (အဝေး=၇၀/၂-၁၀၀) အက်ဖ်အေဖလား အဲဗာတန်က နောက်ဆုံးသုံးပွဲမှာရှစ်ဂိုးသွင်းပြီး တိုက်စစ်အားကောင်းလာတယ်၊ ဘုန်းမောက် က လီဗားပူးကို ၂-၀နဲ့ရှုံးခဲ့ပြီး နောက်ဆုံးခုနှစ်ပွဲ မှာဂိုးမသွင်းနိုင်တဲ့ပထမဆုံးပွဲဖြစ်ခဲ့တယ်။ နှစ် သင်းတိုက်စစ်အားပြိုင်ကြမယ့်ပွဲဖြစ်လာမှာမို့ ဂိုးအပေါ်အားပေးသင့်တယ်။ ဘရိုက်တန် vs ချဲလ်ဆီး (အဝေး=၅၀/၃-၃၀) အက်ဖ်အေဖလား နှစ်သင်းစလုံးခြေစွမ်းမငြိမ်ကြသေးတဲ့အချိန်။ ဘရိုက်တန်က နောက်ဆုံးငါးပွဲနိုင်ပွဲမရသေး၊ ဒါမဲ့ဂိုးသွင်းအားေကာင်းပြီးခံစစ်ကလည်းပြန်ပေးရ ကာအိမ်ကွင်းနောက်ဆုံး ၁၁ ပွဲမှာ ၉ပွဲကနှစ်ဖက်အပြန်အလှန်သွင်းဂိုးတွေမြင်ရတယ်။ချဲလ်ဆီးလည်းမဖြစ်မနေနိုင်ပွဲယူရမယ့်ဝက်စ်ဟမ်းနဲ့ပွဲကိုနိုင်ခဲ့ပြီးကစားခဲ့တဲ့နောက်ဆုံးလေးပွဲစလုံးနှစ်ဖက်အပြန်အလှန်သွင်းဂိုးနဲ့ပွဲ တွေချည်း။ခုပွဲလည်းအဲလိုဖြစ်လာနိုင်တယ်။ ဂိုးအပေါ်ပဲ ရွေးချယ်သင့်တယ်။ ဘီလ်ဘာအို vs ဂီရိုနာ (အိမ် ၁+၅၀/၂-၈၀) လာလီဂါ နှစ်သင်းစလုံးခြေစွမ်းပုံစံပိုင်းပြဿနာရှိပေ မယ့် ဘီလ်ဘာအိုကတော့ လာလီဂါမှာ ဒီရာ သီအိမ်ကွင်းခြေစွမ်းအကောင်းဆုံးတတိယအသင်းပါ။ပ-ကျော့တုန်းက ၂-၁ နဲ့ရှုံးကြွေး ကိုဘီလ်ဘာအိုပြန်ဆပ်ပါလိမ့်မယ်။ ဒါကြောင့် လည်းကြေးပြင်းရှထားတာ၊ ဘီလ်ဘာအိုနဲ့ အတူလန်းမယ်။ ရီးယဲလ်မက်ဒရစ် vs အသလက်တီကို (အိမ်=၁၀၀/၃+၅၀) လာလီဂါမက်ဒရစ်ဒါဘီ ရီးယဲလ်ကခံစစ်ပိုင်းဒဏ်ရာပြဿနာတွေနဲ့ပါ။ အိမ်ကွင်းမှာရီးယဲလ်ခက်ခဲလာနိုင်ပါတယ်။ အ သလက်တီကိုကဒီရာသီခြေစွမ်းပိုင်းကောင်းမွန် နေပြီးခံစစ်ကစားပုံသိပ်ကောင်းပါတယ်။ အသ လက်တီကိုပဲရွေးချယ်မယ်။ အမ်ပိုလီ vs အေစီမီလန် (အဝေး၁+၃၀/၃+၇၀) စီးရီးအေ အမ်ပိုလီခံစစ်ပိုင်းညံ့လွန်းနေတဲ့အသင်းပါ။ ဂျူ ဗင်တပ်ကို ၄-၁ နဲ့ရှုံးခဲ့ပြီးနောက်ဆုံးရှစ်ပွဲဆက် နိုင်ပွဲမဲ့နေတယ်။မီလန်ကတော့ ဈေးကွက်တွင်း ကစားသမားကောင်းတွေဝယ်ပြီးဖြည့်တင်း ထားမှုအပြင်ကိုပါအီတာလီယာမှာရိုးမားကိုနိုင်ခဲ့တော့ယုံကြည်မှုတက်နေတယ်။ စက်တင်ဘာ နောက်ပိုင်းစီးရီးအေနှစ်ပွဲဆက်နိုင်တာမျိုးမရှိပေမယ့် ဒီတစ်ကြိမ်တော့အဲမှတ်တမ်းကိုဖျက် ပြမယ်ထင်တယ်။ အေစီမီလန်ကို အပိုင်ယုံ ကြည်သင့်တယ်။
© COPYRIGHTS 2024 by illuminati