
၈ - လီဗာပူးတိုက်စစ်မှူးမိုဟာမက်ဆာလာဟာ မန်စီးတီးအသင်းနဲ့ နောက်ဆုံးရှစ်ကြိမ်ပရီးမီးယားလိဂ်ပွဲထွက်က စားပြီး အဲဒီကစားခဲ့တဲ့ရှစ်ပွဲစလုံးမှာ ကိုယ်တိုင်လည်းဂိုးသွင်းသလို၊ ကစားဖော်ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးပေးနိုင်တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ စုစုပေါင်း ခြောက်ဂိုးသွင်းပြီး လေးဂိုးဖန်တီးပေး ထားတာပါပဲ။ ၄ - မန်စီးတီးအသင်းဟာ ၂၀၀၈ ခုနှစ်ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်လေးပွဲ ဆက်တိုက်ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် နည်းပြဂွါဒီယိုလာအတွက်လည်း သူ့နည်းပြသက်တမ်းဘ၀မှာ အခုလို လိဂ်လေးပွဲဆက်တိုက်ရှုံးနိမ့်ဖူးတာ ပထမဆုံးသောအတွေ့အကြုံတစ်ရပ်ဖြစ်သွားတယ်။ ၉ - ခုချိန်မှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ကိုးမှတ်ဖြတ်ပြီး ဦးဆောင်နေပါ တယ်။ ဒီစံချိန်ဟာ မတ်လ ၁၈ ရက် အသင်းဖလားနောက်ဆုံးရခဲ့တဲ့ရာသီဖြစ်တဲ့ ၂၀၁၉-၂၀ နောက်ပိုင်း အကြီး မားဆုံးအမှတ်ကွာဟချက်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေနိုင်သူဖြစ်သွားပါတယ်။ လီဗာပူးဟာ စုစုပေါင်း ပရီးမီးယားလိဂ်ဖလား ၁၈ လုံးယူထားတဲ့အသင်းပါ။ ၃၉ - အန်ဖီးလ်ကွင်းမှာ မန်စီးတီးဟာ ပြိုင်ဘက်အသင်းဘက် ပထမဆုံးဂိုးပေါက်ကန်ခွင့်င့်ရခဲ့ချိန်ဟာ ၃၉ မိနစ်အတွင်း မှာဖြစ်ပါတယ်။ ဒီမိနစ်ဟာ ၂၀၁၀တုန်းက အာဆင်နယ်နဲ့ ရင်ဆို်ငခဲ့စဉ် ဧပြီလနောက်ပိုင်း ပရီးမီးယားလိဂ် တစ်ပွဲတည်းကို ဂိုးကန်ခွင့်ရဖို့ အရှည်ကြာဆုံးစောင့်ဆိုင်းခဲ့ရတဲ့မိနစ်ဖြစ်သွားတယ်။ အာဆင်နယ်နဲ့တုန်းက အဲဒီလို ပထမဆုံးဂိုးကန်သွင်းခွင့်ရဖို့ကို ၅၈မိနစ်ကြာစောင့်ခဲ့ရတာပါပဲ။
© COPYRIGHTS 2024 by illuminati